နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်ကို မပြောင်းခင် ဂွာဒီယိုလာနဲ့ ပြသနာ တက်ခဲ့တဲ့ ကန်ဆယ်လို၊ ယူနီယံဘာလင်ကို ရောက်ဖို့ နီးစပ်လာတဲ့ အစ္စကို (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘေယန်ကို မပြောင်းခင် ဂွာဒီယိုလာနဲ့ ပြသနာ တက်ခဲ့တဲ့ ကန်ဆယ်လို၊ ယူနီယံဘာလင်ကို ရောက်ဖို့ နီးစပ်လာတဲ့ အစ္စကို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်ကို မပြောင်းခင် ဂွာဒီယိုလာနဲ့ ပြသနာတက်ခဲ့တဲ့ ကန်ဆယ်လို

ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ယာအို ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးရဲ့ အသင်း လေ့ကျင့်ရေးကွင်းမှာ နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာနဲ့ ပြသနာတက်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်နဲ့ အက်ဖ်ဖေလား ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ သူမပါဝင်တာကို ကန်ဆယ်လိုက ဒေါသထွက်ခဲ့ပြီး ဘာလို့လဲ ဆိုပြီး မေးမြန်းခဲ့ရာ ကနေ နှစ်ဦးအကြား ပြသနာတက်ခဲ့တာ ဖြစ်ပါတယ်။ 

ကန်ဆယ်လိုက သူ အသင်း အတွက် မကစားပေးနိုင်တော့ဘူးလို့ ဒေါသတကြီးနဲ့ အော်ဟစ် ပြောဆိုခဲ့သလို ဂွာဒီယိုလာ ကလည်း မင်းမနေချင်ရင် ထွက်သွားလို့ ရတယ်လို့ ပြန်ပြောခဲ့ပါတယ်။ အဲ့ဒီနောက် ကန်ဆယ်လိုက ဘေယန်ကို ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပြီး ဘွန်ဒက်လီဂါမှာ အခုလို ဆက်ပြီး ခြေစွမ်းပြနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ 

ကန်ဆယ်လိုက ခံစစ် ဘယ်/ ညာ အစွန် နှစ်ဖက်စလုံးမှာ ကစားနိုင်သလို ဘယ်ခြေ၊ ညာခြေ နှစ်မျိုးစလုံး ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ဟာ စပိန် လာလီဂါ၊ အီတလီ စီးရီအေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် တို့မှာ ကစားခဲ့ဖူးပြီး အခုဆိုရင်တော့ ဂျာမန် ဘွန်ဒက်လီဂါမှာ ကစားရမှာ ဖြစ်လို့ ထိပ်တန်း လိဂ်ကြီး ၄ ခုမှာ ကစားဖူးတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်တော့မှာလည်း ဖြစ်ပါတယ်။ 


ယူနီယံဘာလင်ကို ရောက်ဖို့ နီးစပ်လာတဲ့ အစ္စကို

ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဖြစ်တဲ့ အစ္စကိုဟာ ဘွန်ဒက်လီဂါ ကလပ် ယူနီယံဘာလင်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယူနီယံဘာလင် ကတော့ ဘေယန်မြုးနစ်နဲ့ ၂ မှတ် အကွာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပြီး လက်တလောမှာ ချန်ပီယံ ဆုဖလားကို မျှော်လင့်ထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ 

ဆီဗီလာနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်း လက်မဲ့ ဖြစ်နေတဲ့ အစ္စကိုဟာ ဒီနေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး ၁၈ လ စာချုပ်ချုပ်ဆိုသွားမယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၃၅၀ ကျော် ကစားပေးခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အစ္စကိုက အသင်းရဲ့ ကွင်းလယ်ပိုင်းကို ဦးဆောင်ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပြီး  ယူနီယံဘာလင်တို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ယူနီယံဘာလင်ဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ မထင်မှတ်ဘဲ ခြေစွမ်းပြနေပြီး အမှတ်ပေး ချန်ပီယံဆု ကိုပါ ချိန်ရွယ်လာနိုင်တဲ့နောက် ကစားသမား ကောင်းတွေ ခေါ်ယူပြီး ဆက်တိုက် အင်အား ဖြည့်တင်းနေတာပါ။ လက်ကျန် ရာသီဝက်ကို အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ ကြိုးစားနေပြီး ဘွန်ဒက်လီဂါ ချန်ပီယံလုပွဲမှာ သူတို့ ဘယ်လောက် အထိ လုပ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ 


ဆာဒါ အက်ဇ်မွန်ကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာတဲ့ မာဆေးလ်

မာဆေးလ် ကတော့ ဘွန်ဒက်လီဂါ ကလပ် လေဗာကူဆင် အသင်းရဲ့ အီရန် တိုက်စစ်မှူး ဆာဒါ အက်ဇ်မွန်ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ နည်းပြ ဇာဘီ အလွန်ဆိုက အခြား တိုက်စစ်မှူးတွေ ကိုပဲ အားကိုးနေခဲ့တာကြောင့် အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူးက လေဗာကူဆင်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

မာဆေးလ် ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းက ဆွာရက်ဇ်၊ ဘမ်ဘာဒီအင်တို့ အသင်း ပြောင်းရွှေ့သွားခဲ့လို့ တိုက်စစ်မှူး လိုအပ်ချက် ရှိလာချိန်မှာ အက်ဇ်မွန်ကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ စျေးချိုချိုသာသာနဲ့ ရရှိနိုင်မယ့် အီရန် တိုက်စစ်မှူးကို မာဆေးလ် အားကစား ဒါရိုက်တာနဲ့ အသင်း ဥက္ကဌ တို့ကလည်း သဘောကျနေပြီး လွယ်လွယ်ကူကူ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဘွန်ဒက်လီဂါမှာ​ တောက်လျှောက် ခြေစွမ်းပြနေတဲ့ လေဗာကူဆင်ဟာ တခြားသော တိုက်စစ်မှူးတွေကို ရှာဖွေနေခဲ့ပေမယ့် အခုထိတော့ ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။ အက်ဇ်မွန်ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ယူရို ၁၀ သန်းဟာ လေဗာကူဆင်တို့ တိုက်စစ်မှူးသစ် ရှာဖွေဖို့ အတွက် ငွေကြေးအားဖြင့် အထောက်အကူပြုလာနိုင်တာကြောင့် မကြာခင် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖွယ် ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်