ဒီတစ်ခါ မှာတော့ ဂွါဒီယိုလာနဲ့ ပြဿနာ တက်တဲ့ သတင်းတွေကို ငြင်းခဲ့တဲ့ ကန်ဆယ်လို၊ နောက်ဆုံး အချိန်ရောက်မှ ပျက်ပြယ်ခဲ့တဲ့ အစ္စကိုရဲ့ အပြောင်းအရွှေ့ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာနဲ့ ပြဿနာ တက်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ ကန်ဆယ်လို
ဒီကစားသမားဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်စီးတီး ကနေ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းထံ အချိန်တို အတွင်းမှာ အံ့အားသင့်ဖွယ် အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ရာသီကုန်မှာ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ကန်ဆယ်လို အနေနဲ့ မန်စီးတီးက ထွက်ခဲ့ရတာက နည်းပြ ဂွါဒီယိုလာနဲ့ ပြဿနာတက်ခဲ့လို့ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပေမယ့် ကန်ဆယ်လို ကတော့ အသင်းသစ်နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ဒီအကြောင်းအရာတွေကို ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကို ပျော်ပျော်ကြီး ပြောင်းချင်ခဲ့တဲ့ ဆာဘစ်ဇာ
ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကနေ မန်ချက်စတာယူနိုက်တက်ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာဟာ ယူနိုက်တက်ကို ပျော်ပျော်ကြီး ပြောင်းရွှေ့လိုခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဆာဘစ်ဇာ အနေနဲ့ သူ့ရဲ့ အေးဂျင့်အဖွဲ့ကို ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့ပြီး အဲရစ်ခ် တန်ဟက်ဂ်ရဲ့ စီမံကိန်းတွေမှာ ပါဝင်ခွင့်ရခဲ့ခြင်း အတွက် ပျော်ရွှင်တာထက် ပိုတယ် ဆိုပြီး ပြောခဲ့ကြောင်း ဖွင့်ဟသွားခဲ့တာပါ။
နောက်ဆုံး အချိန်ရောက်မှ ပျက်ပြယ်ခဲ့တဲ့ ယူနီယံဘာလင်နဲ့ အစ္စကိုရဲ့ အပြောင်းအရွှေ့
အစ္စကို အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ကို လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပြီးမှ နှစ်ဖက် ညှိနှိုင်းမှုတွေ ရုတ်ချည်း အဆင်မပြေ ဖြစ်ခဲ့တာပါ။
ကစားသမား ဘက်ကတော့ ယူနီယံဘာလင်ရဲ့ ကနဦး ကမ်းလှမ်းမှုတွေနဲ့ နောက်ဆုံး ကမ်းလှမ်းမှုတွေမှာ ကွာဟချက် ရှိခဲ့တယ်လို့ ဆိုထားပြီး ယူနီယံဘာလင် ဘက်ကလည်း အစ္စကို,ကို ခေါ်ယူမယ့် အပြောင်းအရွှေ့ မဖြစ်နိုင်တော့ကြောင်း တရားဝင် အတည်ပြု ကြေညာသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.