ဝစ်ဇ်ဟာ မက်ဆီ လက်သစ်လို့ ဆိုလိုက်တဲ့ အလွန်ဆို၊ နေဂဲလ်စ်မန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကန်ဆယ်လို စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဝစ်ဇ်ဟာ မက်ဆီ လက်သစ်လို့ ဆိုလိုက်တဲ့ အလွန်ဆို
ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ နည်းပြ ဇာဘီ အလွန်ဆိုက အသင်းရဲ့ ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ဟာ လီယွန်နယ် မက်ဆီ လက်သစ် ဖြစ်ကြောင်း ချီးကျူး ပြောကြားလိုက်ပါတယ်။
အလွန်ဆိုက ကစားသမားကောင်းတွေ ရှိပေမယ့် ထိရောက်တဲ့ လှုပ်ရှားမှုတွေ မလုပ်နိုင်ကြကြောင်း၊ မက်ဆီ ဘာကြောင့် ကစားသမားကောင်း ဖြစ်နေလဲ ဆိုရင် ရိုးစင်းတဲ့ ပေးပို့မှု တစ်ခုနဲ့တင် ဘယ်လိုမျိုး ကစားရမယ် ဆိုတာကို သိလို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက် ပြီးတော့ အလွန်ဆိုက မက်ဆီ အနေနဲ့ အမြဲတမ်း အတောက်ပဆုံး လှုပ်ရှားမှုတွေကို မပြုလုပ်နိုင်ပေမယ့် အကောင်းဆုံးနဲ့ စမတ် အဖြစ်ဆုံး ပေးပို့ လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ကြောင်း၊ ဖလော်ရီယန် ကလည်း ဒါမျိုး လုပ်နိုင်ကြောင်း၊ အဲ့ဒါကြောင့်လည်း သူက အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်နေကြောင်း ချီးကျူးသွားခဲ့ပါတယ်။
နေဂဲလ်စ်မန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကန်ဆယ်လို
ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီး ကနေ ဘေယန်မြူးနစ်ကို အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး အစောပိုင်းမှာ အသင်းနဲ့ ပုံမှန် ပွဲထွက်ခွင့် ရခဲ့ပေမယ့် နောက်ပိုင်း မှာတော့ နေရာ ပျောက်နေခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ကန်ဆယ်လိုက ဖရိုင်းဘတ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ မတိုင်ခင်မှာ နေဂဲလ်စ်မန်းနဲ့ သီးသန့် တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နော်အာနဲ့ ပတ်သက်ပြီး ဖြေရှင်းနည်း မရှိသေးဘူး ဆိုတဲ့ အူလီ ဟိုးနက်စ်
နော်အာဟာ သူနဲ့ ကာလရှည် လက်တွဲခဲ့တဲ့ ဂိုးနည်းပြ တိုနီ တာပါလိုဗစ်ကို အသင်းတွင်း လျှို့ဝှက်ချက်တွေ ဖွင့်ချခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက ထုတ်ပယ်ခဲ့တဲ့ အပေါ် လူသိရှင်ကြား ဝေဖန် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ နော်အာက သူ့ရဲ့ အင်တာဗျူး အတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။ အဆိုပါ ဘွန်ဒက်စ်လီဂါရဲ့ ဝါရင့် ဂိုးသမားကြီးဟာ လက်ရှိ မှာတော့ ဒဏ်ရာ ပြဿနာကြောင့် အနားယူနေရဆဲပါ။
နော်အာနဲ့ ပတ်သက်လို့ အူလီ ဟိုးနက်စ်က ဆွေးနွေးမှုတွေမှာ ကျွန်တော် မပါဝင်ခဲ့ပေမယ့် နော်အာ၊ နေဂဲလ်စ်မန်းနဲ့ ဆာလီ ဟာမစ်ဇစ်တို့ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအချိန် မှာတော့ နော်အာနဲ့ ပတ်သက်လို့ ဖြေရှင်းနည်း မရှိသေးကြောင်းနဲ့ နော်အာ အနေနဲ့ အင်တာဗျူးမှာ မပြောသင့်တာ ပြောမိတယ်လို့ ဖြေရှင်းတာက ကောင်းမွန်တဲ့ စိတ်ကူး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.