နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘေယန်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ နေမာ၊ ရာသီကုန်မှာ မိုချန်ဂလာဘတ် ကနေ အလွတ်နဲ့ ထွက်ခွာမယ့် သူရမ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘေယန်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ နေမာ၊  ရာသီကုန်မှာ အသင်း ကနေ အလွတ်နဲ့ ထွက်ခွာမယ့် သူရမ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘေယန်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ နေမာ

ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ မနေ့က ကစားခဲ့တဲ့ လိုင်လီနဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ နေမာဟာ အသင်း အတွက် ခြေစွမ်းပြ ကစားနေချိန်မှာ ခြေကျင်းဝတ် လည်ထွက်သွားပြီး လမ်းမလျှောက်နိုင်တော့တာကြေင့် ထမ်းစင်နဲ့ပါ သယ်ထုတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဒဏ်ရာကြောင့် သူဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို လွဲချော်ဖွယ်ရာ ရှိနေပါတယ်။ အဆိုပါ ပွဲကို မတ်လ ၉ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပြီး နေမာရဲ့ ဒဏ်ရာအနေအထားက လနဲ့ချီ အနားယူရဖို့ ရှိတယ်လို့ ယူဆရပါတယ်။

ဒီပွဲ မှာတော့ ပီအက်စ်ဂျီက အိမ်ကွင်းမှာ ၂ ဂိုးပြတ် ဦးဆောင်ထားခဲ့ပြီးမှ လိုင်လီက ၃ ဂိုး အထိ ဆက်တိုက် ပြန်သွင်းခဲ့လို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ ကီလီယန် အမ်ဘာပေးက ချေပဂိုး သွင်းကာ လီယွန်နယ် မက်ဆီက အလွတ်တည်ကန်ဘော ကနေ အနိုင်ဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့လို့သာ နိုင်ပွဲရခဲ့တာပါ။


ဘေယန်မြူးနစ်နဲ့ အမှတ်တူ အနေအထားကို ရောက်လာတဲ့ ဒေါ့မန်

မနေ့ညက ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါပွဲမှာ ဒေါ့မန်က အိမ်ကွင်းမှာ ဟာသာဘာလင်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားမှာ ဘေယန်မြူးနစ်နဲ့ ရမှတ်တူ အနေအထား ဖြစ်သွားခဲ့ပါပြီ။ ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဒေါ့မန်က အိမ်ကွင်းမှာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြီးမားတဲ့ နိုင်ပွဲ ရအောင် ယူနိုင်ခဲ့ပါတယ်။

ဒေါ့မန် အတွက် အဒီယီမီ၊ ဒွန်ရယ်လ် မာလန်း၊ မာကို ရိုက်စ်၊ ဂျူလီယန် ဘရန့် တို့က ဂိုးတွေ သွင်းပေးခဲ့ပြီး ဟာသာဘာလင် အတွက် တစ်လုံးတည်းသော ချေပဂိုးကို လူးကပ်စ် တူဆာ့က သွင်းယူပေးခဲ့လို့ ၄-၁ နဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဒေါ့မန်ဟာ ဘေယန်နဲ့ ၄၃ မှတ်ချင်း တူညီသွားခဲ့ပြီး ဂိုးကွာဟချက်ကြောင့်သာ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဘေယန် ကတော့ မိုချန်ဂလာဘတ်နဲ့ ပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အမှတ်ပေးဖလား အတွက် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါပြီ။ ဒေါ့မန် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့ကာ ပြိုင်ပွဲစုံမှာ ခြေစွမ်းပြနေပြီး အခုဆိုရင် ဆုဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
အက်စတန် ဗီလာ
ဂိုးပေါ် 2.25 @ 1.93
ဂိုးပေါင်း 2-3 @ 1.91
1X2 သရေ (Draw) @ 3.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရာသီကုန်မှာ အသင်း ကနေ အလွတ်နဲ့ ထွက်ခွာမယ့် သူရမ်

မိုချန်ဂလာဘတ် အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် သူရမ်ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ အလွတ် ထွက်ခွာမယ်လို့ ပြင်သစ်သတင်းစာ L’Equipe က အတည်ပြု ဖော်ပြလိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ ဂလာဘတ်မှာ ခြေစွမ်းပြ ကစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းနဲ့ စာချုပ်သစ် မချုပ်ဖို့ သူရမ်က ဆုံးဖြတ်လိုက်ပြီ ဖြစ်လို့ ရာသီကုန်မှာ သူ့ကို အလွတ် ထွက်ခွာခွင့် ပေးရတော့မှာပါ။ ဒီရာသီ ဘွန်ဒက်လီဂါမှာ အသင်း အတွက် ၁၁ ဂိုး အထိ သွင်းယူပေးထားတဲ့ သူရမ်ကို ဥရောပ အသင်း အများအပြားက စိတ်ဝင်စားနေကြပြီး ဂလာဘတ် ကတော့ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာပါ။

အင်္ဂလန်၊ အီတလီနဲ့ စပိန် ကလပ်တွေက သူရမ်ကို ကမ်းလှမ်းထားတယ်လို့ သိရပြီး ချဲလ်ဆီး ဘက်ကလည်း သူ့ကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ သူရမ် ကတော့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာကို စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပြီး အသင်းကြီး တစ်သင်းစီမှာ သွားကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်