နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လ်ဖွန်ဆို ဒေးဗီးစ် အတွက် ရီးရဲလ်ကို မီးစိမ်းပြလိုက်တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အယ်လ်ဖွန်ဆို ဒေးဗီးစ် အတွက် ရီးရဲလ်ကို မီးစိမ်းပြလိုက်တဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ဟာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ် အတွက် ရီးရဲလ်မက်ဒရစ်ကို မီးစိမ်းပြလိုက်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကနေဒါ ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။ ဒေးဗီးစ်ဟာ ဘယ်နောက်ခံအစွန်လူနေရာ အပြင် တောင်ပံ တိုက်စစ် မှာပါ ကစားနိုင်သူ ဖြစ်ပြီး လက်ရှိ နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ကစားသမား အနေနဲ့ ဘေယန်မြူးနစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန် မှာတော့ ဆွေးနွေးမှုတွေက ရပ်တန့်နေပါတယ်။ ဒေးဗီးစ်ရဲ့ အေးဂျင့် ကိုယ်တိုင် ကလည်း ကစားသမား အတွက် ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒေးဗီးစ်ဟာ ဘေယန်မြူးနစ်နဲ့ (၂၀၂၅) ခုနှစ် အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး လာမယ့် နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်တို့ အားစိုက် ကြိုးပမ်းလာနိုင်ပါတယ်။


အိတ်စိုက်ထုတ်ပြီး ဘေယန်ကို ပြောင်းချင်နေတဲ့ ရှိနေတဲ့ ဟယ်ရီကိန်း

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခွင့်ရရှိဖို့ အတွက် သူ့ရဲ့ ကိုယ်ပိုင်ငွေကြေးကို စိုက်ထုတ်သုံးစွဲသွားဖွယ် ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ လက်ရှိနွေရာသီမှာ ဟယ်ရီကိန်းကို အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ကစားသမား ကိုယ်တိုင် ကလည်း ဂျာမနီမြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ လက်ရှိနွေရာသီမှာ ဟယ်ရီကိန်းကို အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ကစားသမား ကိုယ်တိုင် ကလည်း ဂျာမနီမြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ဘေယန်ကို ပြောင်းရွှေ့ခွင့်ရဖို့ ပိုက်ဆံ အိတ်စိုက်ထုတ်ဖွယ် ရှိနေတဲ့ ဟယ်ရီကိန်း

ဒါပေမယ့်လည်း ဘေယန်မြူးနစ်နဲ့ စပါးတို့ အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေက လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ လက်ရှိ မှာတော့ ဘေယန်မြူးနစ်က စပါးတို့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေသွားဖို့ သဘောတူညီထားတယ်လို့ သိရှိရပါတယ်။

တကယ်လို့သာ နှစ်သင်းကြား ပြောင်းရွှေ့ကြေးကိစ္စ ညှိနှိုင်းမရခဲ့ဘူး ဆိုရင် ဟယ်ရီကိန်းက သူ့ကိုယ်ပိုင်ငွေထဲက ပေါင် (၂၀.၆) သန်း ထုတ်ယူပြီး စပါးနဲ့ သူ့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည် ဝယ်ယူကာ ဘေယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။


ဆီဗီလာကို ပြောင်းရွှေ့သွားတဲ့ ဖရန့်ဖတ် ကွင်းလယ်လူ

ဖရန့်ဖတ် ကွင်းလယ်လူ ဒီဂျေဘရယ် ဆောဟာ ဆီဗီလာကို ပြောင်းရွှေ့ဖို့ သေချာသွားပြီ ဖြစ်ပြီး ဆီဗီလာက ကစားသမား အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ သဘောတူညီခဲ့ပါတယ်။ ဆီဗီလာ အနေနဲ့ လက်ရှိ နွေရာသီမှာ အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားသည့်တိုင် လိုအပ်တဲ့ နေရာတွေကို ပြန်လည် အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒါကြောင့်လည်း ဆွစ်ဇာလန် ကွင်းလယ်လူ ဆောကို ခေါ်ယူဖို့ ဆီဗီလာတို့ စိတ်ဝင်စားခဲ့ပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို (၁၄) သန်း အထိ ပေးချေသွားတော့မှာပါ။

ဆောဟာ ဖရန့်ဖတ်နဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့ပြီး ဆီဗီလာကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်