နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဆာ့ဂျ် ဂနာဘရီ၊ ဒေါ့မန် မှာပဲ ဆက်နေဖို့ တိုက်တွန်းခံနေရတဲ့ ဘယ်လင်ဟမ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဆာ့ဂျ် ဂနာဘရီ၊ ဒေါ့မန် မှာပဲ ဆက်နေဖို့ တိုက်တွန်းခံနေရတဲ့ ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဆာ့ဂျ် ဂနာဘရီ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ရာသီမှာ ဘေယန်မြူးနစ် တိုက်စစ်မှူး ဆာ့ဂျ် ဂနာဘရီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဂနာဘရီ ကတော့ ဘေယန်မြူးနစ်မှာ ခြေစွမ်းပြနေတာ ဖြစ်ပြီး အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးကို ရီးရဲလ် ဘက်က မျက်စိကျလာတာပါ။

ဘန်ဒက် လီဂါ
လိုက်ဇစ်
မွန်ချန်ဂလာဘတ်ချ်
1X2 မွန်ချန်ဂလာဘတ်ချ် @ 5.60
လိုက်ဇစ် အာရှ ဟန်းဒီးကပ် -1.25 @ 1.94
ဂိုးပေါ် 3.00 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီရာသီမှာ ဂနာဘရီက ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ၁၁ ဂိုး သွင်းကာ ၁၁ ကြိမ် ဖန်တီး ပေးထားပါတယ်။ ဒါပေမယ့်လည်း ဘေယန်မှာ သူက ပွဲထွက်ခွင့် ရရှိမှု နည်းပါးလာခဲ့ပြီး ဒီအခြေအနေကို ကလပ် အများအပြားက စောင့်ကြည့်နေကာ အခုဆိုရင် ရီးရဲလ်မက်ဒရစ်ပါ ပါဝင်လာခဲ့တာပါ။ 

ရီးရဲလ် ကတော့ ဘန်ဇီမာရဲ့ အသက်အရွယ် ကြီးမြင့်လာမှုကြောင့် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ဝယ်ယူရမှာ ဖြစ်ပါတယ်။ အသင်းမှာ ပုံမှန် ဂိုးသွင်းယူပေးနိုင်မယ့်သူ အဖြစ် ဘန်ဇီမာက လွဲရင် တခြား ကစားသမား မရှိတာက ရီးရဲလ် အတွက် အားနည်းချက် ဖြစ်နေပြီး နွေရာသီမှာ ဂနာဘရီကို ခေါ်ယူကာ ဒီပြသနာကို ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ 


ဒေါ့မန် မှာပဲ ဆက်နေဖို့ တိုက်တွန်းခံနေရတဲ့ ဘယ်လင်ဟမ်

ဂျူ့ဒ် ဘယ်လင်ဟမ်ကို အသင်း မှာသာ ဆက်လက် ကစားပြီး ကစားသမား ဘ၀ နောက်တဆင့်ကို တက်ရောက်ဖို့ အားထုတ်စေချင်တယ်လို့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေ့ါမန် နည်းပြ အီဒင် တာဇစ်က ပြောဆိုလိုက်ပါတယ်။
ဘယ်လင်ဟမ်ကို အသင်းမှာ ဆက်ကစားစေချင်နေတဲ့ ဒေါ့မန် နည်းပြ တာဇစ်

ဂျူ့ဒ် ဘယ်လင်ဟမ်ကို အသင်း မှာသာ ဆက်လက် ကစားပြီး ကစားသမား ဘ၀ နောက်တဆင့်ကို တက်ရောက်ဖို့ အားထုတ်စေချင်တယ်လို့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေ့ါမန် နည်းပြ အီဒင် တာဇစ်က ပြောဆိုလိုက်ပါတယ်။ ဘယ်လင်ဟမ်ကို လာမယ့် ရာသီမှာ ခေါ်ယူဖို့ ဥရောပ အသင်းကြီး အများအပြားက ကြိုးစားနေတာ ဖြစ်ပါတယ်။ 

ဒေါ့မန်ကို ရလဒ်ကောင်းတွေ ရရှိအောင် ယူဆောင်ပေးထားတဲ့ တာဇစ်က “ သူ ဒီကို စရောက် ကတည်းက ဒီမေးခွန်းတွေကို ကျနော်တို့ ဖြေနေခဲ့တာပါ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို လေးစားမှု အပြည့် ရှိပါတယ်၊ ဒေါ့မန်ကို သူရွေးချယ်ခဲ့တာက သူ့ အတွက် ပြီးပြည့်စုံတဲ့ ခြေလှမ်းဖြစ်နိုင်တယ် ဆိုတာကို သူ သိထားခဲ့လို့ပါ၊ ဒါကိုလည်း သက်သေပြခဲ့ပြီးပါပြီ”

“ သူက ကျနော်တို့ကို အများကြီး ကူညီပေးနေပေမယ့် အသင်း ကလည်း သူ့ကို ပြန်ကူညီပေးခဲ့တယ်လို့ ကျနော် ထင်တယ်၊ ကျနော့် အသင်းမှာ သူပါဝင်နေတာကို အရမ်းကို ပျော်ရွှင်မိပါတယ်။ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်၊ ချဲလ်ဆီးနဲ့ ကစားရမယ့် ပွဲမှာလည်း သူ့ဆီ ကနေ အကောင်းဆုံး ခြေစွမ်းတွေကို မျှော်လင့်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


ဘေယန်နဲ့ ပွဲအတွက် စိုးရိမ်စိတ်တွေ ဝင်နေတဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ မြူးနစ်မှာ ကစားရမယ့် ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဘေယန်က သူတို့ကို ပြိုင်ပွဲက ထွက်ခွာအောင် လုပ်နိုင်စွမ်း ရှိတယ်လို့ မက်ဆီက ယူဆထားတာလည်း ဖြစ်ပါတယ်။ 

မက်ဆီက “ ဒီပွဲက အရမ်း ခက်ခဲမယ့် ပွဲပါ၊ အသေးစိတ် အခြေအနေတွေက အစ အဆုံးအဖြတ် ပေးနိုင်ပါတယ်၊ ဒီကွင်းမှာ အနိုင်ရဖို့ ဆိုတာက အရမ်းကို ခက်ခဲပါတယ်၊ ဒါပေမယ့် ကျနော်တို့ ကောင်းကောင်း ပြင်ဆင်ထားပြီး ဒီကွင်း အနေအထားကို ပြောင်းပြန် လှန်ပစ်နိုင်တဲ့ စွမ်းရည် ရှိတယ်လို့ ထင်ပါတယ်။ မြူးနစ်ကို ဒီရည်မှန်းချက်နဲ့ သွားမှာပါ” လို့ မက်ဆီက PSG TV က တဆင့် ပြောဆိုခဲ့ပါတယ်။

ပထမအကျော့ ပြင်သစ်မြေမှာတုန်း ကလည်း ဘေယန်က ၁-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။ ဒါကြောင့် ဒီနေ့ ကစားမယ့်ပွဲ မှာတော့ ပီအက်စ်ဂျီက မဖြစ်မနေ အနိုင်ရအောင်က ကစားရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်