ဒီတစ်ခါမှာတော့ ဂျာအို ကန်ဆယ်လိုက ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အတွက် ဘာလို့ ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်သလဲ ဆိုတာနဲ့ ပတ်သတ်ပြီး သုံးသပ်သွားမှာ ဖြစ်ပါတယ်။
ကန်ဆယ်လိုက ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ကို မထင်မှတ်ပဲ ရုတ်တရက် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ တော်တော်များများ ကလည်း သူ့ရဲ့ အပြောင်းအရွှေ့က ဘေယန် အတွက် အကျိုးရှိလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဘေယန်မြူးနစ်ဟာ ဒီရာသီမှာ ခြေစွမ်း ကျဆင်းနေပြီး နေရာစုံမှာ အားနည်းချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဓိက, ကတော့ ခံစစ်ပိုင်းမှာ အခက်တွေ့နေတာ ဖြစ်ပါတယ်။ အဲ့တော့ ကန်ဆယ်လိုက ဘေယန် အတွက် ဘာကြောင့် အောင်မြင်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်သလဲ ဆိုတာ သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ အချက် ၃ ချက် ရှိပါတယ်။
၁။ အဆင်သင့် အသုံးပြုနိုင်ခြင်း
ကန်ဆယ်လိုက ကမ္ဘာ့အကောင်းဆုံး ခံစစ် ကစားသမား တစ်ဦး ဆိုတာ အားလုံး လက်ခံကြမယ် ထင်ပါတယ်။ မန်ချက်စတာစီးတီးမှာ သူ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ကန်ဆယ်လိုကို သဘောကျတဲ့ ဘောလုံး ပရိသတ်တွေ အများကြီးပါပဲ။ အဓိက ကတော့ ကန်ဆယ်လိုဟာ အသင်းကြီး တစ်သင်းမှာ ချက်ချင်း ပွဲထွက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ စွမ်းဆောင်ရည်မြင့် ကစားသမား ဖြစ်ပြီး ဘေယန်တို့ သူ့အတွက် အချိန်ယူနေစရာ မလိုတာက အားသာချက် တစ်ခု ဖြစ်ပါတယ်။
၂။ လာမယ့် ချန်ပီယံလိဂ်ပွဲ အတွက် စိတ်အေးခဲ့ရခြင်း
ဘေယန် ခံစစ် ကစားသမားတွေဟာ ကိုဗစ် ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရပြီး အခုဆိုရင် နောက်ဆက်တွဲ ပြသနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။ နူဆာ မာဇရာအူအီ ဆိုရင် အရေပြား ရောင်ရမ်းတဲ့ ဝေဒနာကို ခံစားနေရလို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို ဝင်ရောက် ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ မော်ရိုကို လက်ရွေးစင် အသင်း ဆေးအဖွဲ့ ကိုင်တွယ်ပုံ အားနည်းမှုက မက်ဇရာအူအီကို ခန့်မှန်းထားတာထက် ပိုပြီး အနားယူရမယ့် အခြေအနေကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ မာဇရာအူအီထက် ပိုကောင်းတဲ့ ကစားသမားတွေ အသင်းမှာ ရှိပေမယ့် နေဂဲလ်စ်မန်း လိုချင်တဲ့ ပုံစံနဲ့ ကိုက်ညီသူ ကတော့ ရှားပါတယ်။ အခု ကန်ဆယ်လို ရောက်လာတာကြောင့် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း တစ်ယောက် ခံစစ် ညာအစွန် နေရာ အတွက် စိတ်အေးခဲ့ရပြီ လို့ပဲ ဆိုရပါမယ်။
၃။ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီမှု ရှိခြင်း
နေဂဲလ်စ်မန်းရဲ့ ခံစစ် တည်ဆောက်ပုံက ဟန်ချက်မညီပါဘူး။ ဘယ်အစွန် ခံစစ်မှာ အယ်ဖွန်ဆို ဒေးဗီးစ်က ထုံးစံအတိုင်း overlap လိုက်ဆော့နိုင်ပေမယ့် ညာအစွန် မှာတော့ ပြသနာရှိနေပါတယ်။ ဂေါ်ရက်ဇ်ကာက တိုက်စစ်ကို လိုက်ပါချိန်မှာ ဂျော်ရွှာ ကင်မစ်ချ်ကို မာဇရာအူအီက ကူညီပေးနိုင်ပေမယ့် သူ့နေရာ ဝင်ကစားတဲ့ ပါဗက်နဲ့ စတန်နီဆစ် တို့က အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ကန်ဆယ်လိုက မန်စီးတီး မှာတုန်းက ကွင်းလယ် အတွင်းထဲထိ ဝင်ပြီး ရိုဒရီကို ကူညီပေးနေကျပါ။ ဘွန်ဒက်စ်လီဂါ မှာလည်း သူ ဒီလိုမျိုး လုပ်ပေးဖို့က အခက်အခဲ မရှိနိုင်ပါဘူး။ ပြီးတော့ သူ့ရဲ့ ပေးပို့မှုတွေ ကလည်း နေဂဲလ်စ်မန်းလိုချင်တဲ့ ပုံစံမျိုးနဲ့ ကွက်တိကျနေပါတယ်။ ကင်မစ်ချ်ကို သူ ကူညီပေးနိုင်မယ် ဆိုရင်တော့ ဂျာမန် ကွင်းလယ်လူ အနေနဲ့ အန္တရာယ်ရှိတဲ့ ပေးပို့မှုတွေ၊ အဝေးကန်ချက်တွေနဲ့ ပြိုင်ဘက် အသင်းကို စိတ်တိုင်းကျ ဒုက္ခပေးနိုင်မှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.