နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ယူနိုက်တက်တို့ မနှစ်က ရှုံးကြွေး ပြန်ဆပ်သွားနိုင်မလား | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် စနေနေ့မှာတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မနှစ်က ဒီလို အချိန်မှာလည်း မန်ချက်စတာမြို့ခံ နှစ်သင်းပဲ ဗိုလ်လုခဲ့ကြတာ ဖြစ်ပြီး မန်စီးတီးက ၂-၁ ရလဒ်နဲ့ ယူနိုက်တက်ကို အနိုင်ယူ ဗိုလ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ဒီနှစ် ဥရောပမှာ အောင်မြင်မှု မရခဲ့လို့ ပြည်တွင်းပွဲတွေကို အာရုံစိုက်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အပြီးမှာ အက်ဖ်အေဖလား ပါ ထပ်သိမ်းဖို့ အားခဲထားပါလိမ့်မယ်။ မန်စီးတီးဟာ ကိုယ့်ကံကြမ္မာကို အပြည့်အဝ ရေးတတ်တဲ့ အသင်း ဖြစ်ပြီး ရာသီသိမ်းခါနီးလေ အမှားနည်းလေ ဆိုတဲ့ အသင်းမျိုးပါ။ လက်ရှိမှာ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားတဲ့ မန်စီးတီးရဲ့ Form က အကောင်းဆုံး ဆိုတဲ့ အခြေအနေမှာ ရှိပါတယ်။ အဓိက ကစားသမား အားလုံး နီးပါး ပါဝင်ကစားနိုင်ဖို့ ရှိနေပြီး ဒဏ်ရာပြသနာတွေ ရှိနေတဲ့ ယူနိုက်တက်ကို အသာရသွားဖို့ သေချာသလောက် ရှိနေပါတယ်။

ယူနိုက်တက် အတွက် ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာဟာ အခု အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ်ပေါ်မူတည်နေပါတယ်။ ဒီပွဲမှာ အနိုင်ရမှသာ ယူနိုက်တက်တို့ နောက်ရာသီ ဥရောပ ပြိုင်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ အဆိုးရွားဆုံး စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ရပြီး အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ရာသီသိမ်းခါနီး ပွဲစဉ်တွေမှာ ယူနိုက်တက်တို့ ခြေစွမ်း အနည်းငယ် ပြန်မှန်လာပေမယ့် အဟုန်ပြင်းပြင်းနဲ့ ခရီးဆက်နေတဲ့ မန်စီးတီးလို အသင်းကို ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာပါ။

 

နှစ်ဖက်အသင်း သတင်းများ

ယူနိုက်တက် အတွက် ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာဟာ အခု အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ်ပေါ်မူတည်နေပါတယ်။
အက်ဖ်အေဖလား ဗိုလ်လုပွဲကို ခက်ခက်ခဲခဲ တက်လှမ်းလာတဲ့ ယူနိုက်တက်

အခုပွဲကို မန်စီးတီး ဘက်က အီဒါဆင် တစ်ဦးတည်း ပါဝင်ကစားဖို့ မသေချာဖြစ်နေတယ်လို့ သိရပြီး ယူနိုက်တက် ဘက်မှာတော့ မက်ဂွိုင်းယာနဲ့ မလာစီယာတို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – အော်တီဂါ၊ ဒီးရာ့စ်၊ အာကန်ဂျီ၊ ဂဗာဒီယိုလ်၊ ဝေါလ်ကာ၊ ရိုဒရီ၊ ဖိုဒန်၊ ဒီဘရွန်းနား၊ ဆေးလ်ဗား၊ ဒိုခု၊ ဟာလန်း

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ကမ်ဘွယ်လား၊ မာတီနက်ဇ်၊ ဘစ်ဆာခါ၊ ဒါးလော့တ်၊ မိန်းနူး၊ ကက်စ်မဲရိုး၊ ဂါနာချို၊ အာမက်ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဟွိုက်ဂျ်လန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၁၉ ကြိမ်နိုင်၊ ယူနိုက်တက်က ၁၄ ကြိမ် နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာတော့ မန်စီးတီးက ၄ ကြိမ် နိုင်ပြီး ယူနိုက်တက်က ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန် တော်တော်များများ အပြန်အလှန် သွင်းဂိုးတွေ မြင်ရတတ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီးနိုင်ရင် ၁.၃ ဆ၊ ယူနိုက်တက် နိုင်ရင် ၇ ဆ နီးပါးနဲ့ သရေ ဆိုရင်တော့ ၅.၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာ‌တော့ မန်စီးတီးက ၁ လုံး တစ်ဝက် ရှုံး၊ တစ်လုံး အရှုံး၊ ၂ လုံး တစ်ဝက်စား ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ မန်စီးတီးဟာ ဗိုလ်လုပွဲကို သက်တောင့်သက်သာ တက်လှမ်းလာပြီး ယူနိုက်တက် ကတော့ ချန်ပီယံရှစ် အသင်း ကိုတောင် ခက်ခက်ခဲခဲ ကစားလာရတာပါ။ လက်ရှိမှာ ဒီနှစ်သင်းရဲ့ ခြေစွမ်းက ကွာဟချက် ကြီးမားနေပါတယ်။ ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပွဲက ခြေစွမ်းအတိုင်း ကစားရင်တော့ မန်စီးတီး ခံကန်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမယ့် အနိုင်ရလဒ်ဟာ မန်စီးတီး အတွက်ပါ။ မန်စီးတီး သေချာကစားရင် ဂိုးတောင် ပြတ်နိုင်ပါတယ်။

 

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၁ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်