နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတလီမြေမှာ အင်တာမီလန်တို့ လက်စားချေမယ့်ပွဲ – ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက်

အင်တာမီလန် vs ရီးရဲယ် မက်ဒရစ်

အခုတစ်ပတ် ကြာဿပတေးနေ့မြန်မာစံတော်ချိန် မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေ ထဲက အင်တာမီလန်နဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ဒုတိယအကျော့ ထိပ်တိုက်တွေ့ဆုံမှုကိုတော့ SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေအတွက်ကြိုတင်ခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။

အင်တာမီလန်တို့ ပထမအကျော့ ရီးရဲယ်မက်ဒရစ် အိမ်ကွင်းမှာ အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ၃-၂နဲ့ ရှုံးနိမ့်ခဲ့လို့ အခု အီတလီမြေမှာ ပြန်ပြီး လက်စားချေဖို့ကြိုးစားမှာပါ။ လက်ရှိ ချန်ပီယံလိဂ် အုပ်စု B မှာ ၃ပွဲကစား၊ ၂ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂မှတ်နဲ့ အုပ်စု အောက်ဆုံး အဆင့်မှာရပ်တည်နေခဲ့လို့ အင်တာမီလန်တို့ အခုနှစ် ချန်ပီယံလိဂ် ပထမဦးဆုံး နိုင်ပွဲရရှိဖို့ အားထုတ်လာနိုင်ပါတယ်။ အဖွင့်ပွဲစဉ်မှာ မိုချန်ဂလတ်ဘတ်ကို သရေကျခဲ့သလို ဒုတိယပွဲစဉ်မှာလည်း ရှက်တာဒိုးနက်စ်နဲ့ သရေထပ်ကျခဲ့တဲ့ အင်တာတို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဒီရာသီမှ တပ်ပျက်နေတဲ့ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲမက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ရီးရဲယ်မက်ဒရစ်ရဲ့ ဦးဆောင်မှုတွေကို အကြိမ်ကြိမ် ချေပနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၁၀မိနစ်အလိုမှာ ရိုဒရီဂို သွင်းယူခဲ့တဲ့ ဂိုးကို ခွင့်ပြုပေးခဲ့ရလို့ အဝေးကွင်း ကနေ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ အင်တာမီလန်မှာ လက်တလော ကစားသမားကောင်းတွေ တပုံတပင် ရှိနေပေမယ့် ကွင်းလယ်က ဖန်တီးနိုင်‌မယ့် ကစားသမားမရှိလို့ တိုက်စစ်က ဂိုးရဖို့ ရုံးကန်နေရတာတွေ့ရပါတယ်။ အဓိက ကွင်းလယ်ဖန်တီးရှင် နေရာမှာ ကစားတဲ့ ဘာရယ်လာ တစ်ဦးတည်း ရုန်းနေတဲ့ အတွက် အင်တာတို့ လူများပြီး ပွဲမစည်ဖြစ်နေရတာပါ။ လက်တလော စီးရီးအေမှာတော့ အင်တာမီလန်တို့ အဆင့် ၅နေရာမှာ ရပ်‌တည်နေပြီး ကွန်တီရဲ့ အင်တာမီလန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ၃ပွဲသရေကျပြီး ၁ပွဲရှုံး၊ ၁ပွဲပဲ အနိုင်ရထားပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာ လူကာကူ ဂိုးပြန်သွင်းနေပြီး ပယ်ရီဆစ်ချ်၊ လော်တာရို မာတီနက်ဇ်တို့လည်း ပုံစံကောင်းပြန်ရနေလို့ ဗာရန်း-မီလီတောင် ခံစစ်အတွဲကို ကျိန်းသေပေါက် ဒုက္ခပေးလာနိုင်ပါတယ်။

ချန်ပီယံလိဂ်မှာ ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၄ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။
ချန်ပီယံလိဂ် အုပ်စု(B ) တတိယနေရာမှာ ရပ်တည်နေတဲ့ ရီးရဲယ် မက်ဒရစ်

ရီးရဲယ်မက်ဒရစ်ရဲ့ လက်ရှိခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် အတက်အကျ သိပ်မမှန်တာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ‌၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ပွဲရှုံးထားပါတယ်။ ချန်ပီယံလိဂ်မှာ ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၄ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။ အခုနှစ်ရာသီ ချန်ပီယံလိဂ်မှာ အုပ်စု B မှာ ကျရောက်နေတဲ့ အသင်းတွေဟာ မထင်မှတ်ပဲ ကျန်တဲ့ အုပ်စုတွေထက် ပိုပြီး အကြိတ်အနယ် ယှဉ်ပြိုင်နေရပြီး နောက်တစ်ဆင့် တက်ရောက်ရေးအတွက် နောက်ဆုံးပွဲစဉ် အထိ ရင်ခုန်ကြရမယ့် အခြေအနေ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် တို့ ဒီရာသီမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိထားပြီး နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပါတယ်။ ဗလင်စီယာကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဗီလာရီးရဲယ်ကိုတော့ ၁-၁ နဲ့ သရေကျထားပါတယ်။ ရီးရဲယ်မက်ဒရစ်မှာ ရာမို့စ်နဲ့ ဘင်ဇီမာတို့ ဒဏ်ရာ ပြသနာကြောင့် တိုက်စစ်နဲ့ ခံစစ်မှာ အားနည်းနေပြီး ကွင်းလယ်မှာတော့ ဝါရင့်ကစားသမားတွေ ဖြစ်တဲ့ လူကာမိုဒရစ်နဲ့ တိုနီခရူးစ်တို့ အကောင်းဆုံးပုံစံ ရှိနေဆဲ ဖြစ်ပါတယ်။ ဟာဇက် ဒဏ်ရာက ပြန်လည်သက်သာလာပေမယ့် အခုချိန်အထိတော့ ခြေစွမ်းပြဖို့ ရုံးကန်နေရဆဲ ဖြစ်သလို ဗင်နီးဆီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂို တို့ရဲ့ အခြေအနေကလည်း နိုင်ပွဲ တစ်ပွဲ ရဖို့ အတွက် စိတ်ချရတဲ့ အခြေအနေမှာ ရှိမနေပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ နောက်ဆုံး တွေ့ဆုံမှု ၁၀ ကြိမ်မှာ အင်တာမီလန်က ၅ ကြိမ် အနိုင်ရထားပြီး ရီးရဲယ်မက်ဒရစ်က ၄ ကြိမ် အနိုင်ရထားပါတယ်။ ရီးရဲမက်ဒရစ်တို့ အင်တာမီလန်ကွင်း ဂူဆက်ပီ မီရာဇာ မှာ ကစားခဲ့တဲ့ ၇ ကြိမ်မှာ တစ်ကြိမ်တစ်ခါမှ အနိုင်ရဖူးခြင်းမရှိပဲ ၅ ပွဲရှုံးနိမ့်ပြီး ၂ ပွဲသရေ ကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အင်တာမီလန် vs ရီးရဲယ်မက်ဒရစ် အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၁၉ဆ
နိုဝင်ဘာလ ၂၆ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အသင်းအတွက် ၂.၁၉ ဆ၊ သရေ အတွက် ၃.၃၅ဆ၊ ဧည့်သည်အသင်း အတွက် ၃.၂၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ အင်တာမီလန် တိုက်စစ်က ရီးရဲယ်မက်ဒရစ် ခံစစ်အားနည်းနေမှုကို အခွင့်ကောင်းယူနိုင်စွမ်းရှိနေသလို အိမ်ကွင်း အားသာချက်ကို အပိုင်အသုံးချလာ မယ့် အင်တာမီလန်ကို ပိုပြီး သဘောကျပါတယ်။ ပထမအကျော့ အတိုင်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖွယ်ရှိပြီး အင်တာမီလန် တို့ ကပ်အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်