နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်ပွဲဝင်စိတ်အပြည့်နဲ့ကစားပြီးရှုံးထွက်အဆင့်ကိုထိုက်ထိုက်တန်တန်တက်ရောက်သွားနိုင်ခဲ့တဲ့အက်တလက်တီကို (ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်)

ပေါ်တို ၁ – ၃ အက်တလက်တီကိုမက်ဒရစ်

ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် (၆)ရဲ့ ပထမနေ့ မှာတော့ ရှုံးထွက်တက်ရေး အဆုံးအဖြတ် ပွဲကောင်းတချို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြပြီး ပေါ်တိုနဲ့ အက်တလက်တီကို မက်ဒရစ် ပွဲလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက ခြေစွမ်းပြပြီး ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာကြောင့် လစ်ဗာပူးလ်နဲ့ အတူ ရှုံးထွက် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ရေး အတွက် အဆုံးအဖြတ် ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းလုံး ဖောင်ဖျက် ကစားသွားခဲ့တာကြောင့် အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုကို မြင်တွေ့ခဲ့ရပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကြံ့ခိုင်မှု အသားပေးပြီး အပြန်အလှန် ခပ်ကြမ်းကြမ်း ကစားသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင် ကလီမန့် တာပင် အနေနဲ့ ခက်ခက်ခဲခဲ ကိုင်တွယ်သွားခဲ့ ရပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် ပေါ်တို ဘက်မှာ မာကာနို၊ ကလော်ဒီယို ရာမို့စ်၊ ကွန်စီကာအို တို့က လွဲရင် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အက်တလက်တီကို မက်ဒရစ် ဘက်မှာလည်း ဂျင်မီနက်ဇ်နဲ့ ဆာဗစ် ကလွဲလို့ အဓိက ကစားသမား အားလုံး ပါဝင်လာခဲ့ပါတယ်။

မဖြစ်မနေ အနိုင်ရမှ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်လို့ ပွဲစကတည်းက နှစ်သင်းလုံး သွင်းဂိုးတွေ ရဖို့ တိုက်စစ် ဖွင့်ကစားလာခဲ့ပါတယ်။ အစောပိုင်း ပွဲချိန်တွေမှာ ပေါ်တိုက လူးဝစ် ဒီးရာ့ဇ်နဲ့ တာရီမီတို့ အက်တလက်တီကိုမက်ဒရစ် ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ နည်းစနစ်ပိုင်းနဲ့ အတွေ့အကြုံ ပိုသာတဲ့ အက်တလက်တီကို မက်ဒရစ်တို့ ပွဲကို ပိုပြီး စိုးမိုးလာနိုင်တာကြောင့် အိမ်ရှင် အသင်းရဲ့ ခံစစ် တဖြည်းဖြည်း ပြိုဆင်းသွားခဲ့ပါတယ်။ ပီပီ၊ ဘမ်ဘာ တို့ ဗဟိုခံစစ်မှူးတွေ ကိုယ်တိုင် အမှားတွေ လုပ်မိလာခဲ့နောက် မှာတော့ အက်တလက်တီကိုတို့ ဂိုးရဖို့ နီးစပ်လာခဲ့ပြီး ဒုတိယပိုင်း ၅၆ မိနစ် မှာတော့ ဂရစ်ဇ်မန်းက ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် အိမ်ရှင် ပေါ်တိုတို့ ကစားအားမြှင့်ခဲ့သလို ကြမ်းကြမ်းတမ်းတမ်း ကစားလာတာကြောင့် မကြာခဏ ဆိုသလို နှစ်ဖက်အသင်း ကစားသမားတွေ အချင်းများခဲ့ကြပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာ ဖြစ်တဲ့ ပြသနာ ကတော့ ဒီပွဲ အတွက် အဆုံးအဖြတ်လို ဖြစ်ခဲ့ပြီး အက်တလက်တီကို မက်ဒရစ် ဘက်က ကာရက်စ်ကိုနဲ့ ပေါ်တို ဘက်က မာချီဆင်၊ ဝန်ဒဲလ်တို့ ၃ ဦး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့နောက် ကစားသမား ၂ ဦး ထုတ်ပယ်ခံခဲ့ရတဲ့ ပေါ်တိုတို့ ကစားကွက် လုံးဝ တည်မရတော့ပဲ ၁ ယောက် အသာရနေတဲ့ အက်တလက်တီကို မက်ဒရစ် ကပဲ ပြိုင်ဘက် ဂိုးပေါက်ကို တောက်လျောက် ဖိအားပေးပြီး အနိုင်သေချာစေမယ့် နောက်ထပ် သွင်းဂိုးတွေ ထပ်မံ ရှာဖွေဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၉၀ မှာတော့ ဧည့်သည် အသင်း ဒုတိယဂိုး ရရှိသွားခဲ့ပြီး ဒီဂိုး ကိုတော့ တန်ပြန် တိုက်စစ် ကနေ ဂရစ်ဇ်မန်း ခင်းပေးလိုက်တဲ့ ဘောလုံးကို အိန်ဂျယ် ကော်ရီယာက အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နာကျင် အချိန်ပို ၅ မိနစ် အရောက် မှာလည်း ဘမ်ဘာရဲ့ အမှားကနေ လွတ်ထွက်သွားတဲ့ ဘောလုံးကို ရိုဒရီဂို ဒီပေါလ်က တတိယဂိုး အဖြစ် ပြောင်းလဲပေးနိုင်ခဲ့လို့ အက်တလက်တီကိုတို့ တတိယ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ အိမ်ရှင် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ နောက်ဆုံး မိနစ်မှာ ဆာဂျီယို အိုလီဗီယာက ပင်နယ်တီက တစ်ဆင့် သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် အိမ်ရှင် ပေါ်တိုတို့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်လှမ်းနိုင်ရေး အိမ်မက် ပျက်စီးခဲ့ရပြီး အုပ်စု တတိယ နေရာ ရခဲ့လို့ ယူရိုပါလိဂ် ၃၂ သင်း အဆင့်ကို ဆက်လက် ကစားရတော့ မှာ ဖြစ်ပါတယ်။ ပွဲစဉ် ၅ အပြီး အုပ်စု အောက်ဆုံး နေရာမှာ ရှိနေတဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ တိုက်ပွဲ ဝင်စိတ် အပြည့်နဲ့ ကစားသွားခဲ့လို့ ထိုက်တန်တဲ့ နိုင်ပွဲ ရခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီရလဒ်ကြောင့်အိမ်ရှင်ပေါ်တိုတို့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်လှမ်းနိုင်ရေးအိမ်မက်ပျက်စီးခဲ့ရပြီးအုပ်စုတတိယနေရာရခဲ့လို့ယူရိုပါလိဂ်၃၂သင်းအဆင့်ကိုဆက်လက်ကစားရတော့မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စု(B)ရဲ့အုပ်စုတတိယနေရာမှာရပ်တည်ခဲ့တဲ့ပေါ်တို

အုပ်စု နောက်ဆုံး ပွဲစဉ် ဖြစ်နေတာ အပြင် နိုင်တဲ့ အသင်း ရှုံးထွက်တက်နိုင်မယ် ဆိုတဲ့ အချက်ကြောင့် ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ ကစားသွားခဲ့ပြီး တော်တော်လေး ရင်ခုန်စရာ ကောင်းခဲ့တဲ့ ပွဲလို့ ဆိုနိုင်ပါတယ်။ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး နှစ်သင်းပေါင်း ၃ ဦးအထိ အထုတ်ခံရလို့ ရုပ်ပျက်ဆင်းပျက် နိုင်ခဲ့ပေမယ့် အဆုံးအဖြတ် ပွဲစဉ်တိုင်းရဲ့ ထုံးစံမို့လို့ သိပ်တော့ အထွေအထူး ပြောစရာ မလိုဘူး ထင်ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကတော့ အက်တလက်တီကို မက်ဒရစ် နည်းပြ ဆီမြွန်နီပဲ ဖြစ်ပြီး အုပ်စု ပွဲစဉ် တစ်လျှောက် ရုန်းကန်ခဲ့ရတာကို နောက်ဆုံး ပွဲစဉ်မှာ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲနဲ့ လှလှပပ ဖာထေးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမား ထဲက ဆိုရင်တော့ တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်း အကောင်းဆုံး စွမ်းဆောင်သွားခဲ့ပြီး အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းပေးခဲ့သလို ဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ ပေါ်တို ကတော့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ပိုရှိခဲ့ပေမယ့် ခံစစ်က သက်ကြီး ကစားသမားတွေရဲ့ အားနည်းချက်ကြောင့် ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ပဲ ဆိုချင်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ပေါ်တို ကတော့ လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဘရာဂါနဲ့ လီဂါ ပေါ်တူဂီ ပွဲစဉ် ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အက်တလက်တီကို မက်ဒရစ် ကတော့ မြို့ခံပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ကို ဘာနေဗျူးမှာ မက်ဒရစ် ဒါဘီ ပွဲစဉ် အဖြစ် သွားရောက် ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ နှစ်သင်းလုံး ပွဲကြပ်ကိုယ်စီ ဆက်လက် ကစားကြရဦးမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်