နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ် – ဗီလာရီးရဲယ် | ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – ဗီလာရီးရဲယ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပထမနေ့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘေယန်မြူးနစ်တို့ ဗီလာရီးရဲယ်ကို အိမ်ကွင်း အလိုင်းရန့်ဇ် အရီနာမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ စပိန်မြေမှာ ရုန်းကန်ခဲ့ရတဲ့ ဘေယန်မြူးနစ်တို့ ဂျာမန်မြေမှာ ရလဒ်ကောင်း တစ်ခု ပြန်ရှာတွေ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားမလား။ ဒါမှမဟုတ် ဗီလာရီးရဲယ် ကပဲ သူတို့ရဲ့ အားသာချက် ဖြစ်တဲ့ ကျစ်လျစ် မာကျောတဲ့ ခံစစ်နဲ့ အတူ ဘေယန်မြူးနစ်ကို ထပ်ပြီး ဒုက္ခပေးနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စပိန်မြေမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ အိမ်ကွင်း ပရိသတ် ရှေ့မှောက် မှာတော့ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖွေဖို့ ကြိုးစားလာပါလိမ့်မယ်။ ဗီလာရီးရဲယ်ဟာ ထင်သလောက် မလွယ်ကြောင်း ဘေယန်မြူးနစ်တို့ ကောင်းကောင်း နားလည်သွားခဲ့လို့ ဟာမကွက်မရှိ ကစားနိုင်ဖို့ အသေအချာ ပြင်ဆင်လာမှာ‌ သေချာပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်တို့ ဒီရာသီ ပြိုင်ပွဲစုံမှာ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီး နောက်ဆုံး ၆ ပွဲဆက် မရှုံးထားတာ တွေ့ရပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ ၁၆ သင်း အဆင့် မှာတုန်း ကလည်း ဆဲလ်ဘတ် ကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပေမယ့် အိမ်ကွင်း မှာတော့ ၇-၁ ရလဒ်နဲ့ အနိုင်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် ဘေယန်မြူးနစ်ဟာ အိမ်ကွင်းမှာ ဆိုရင် ကြောက်စရာ ကောင်းလောက်အောင် ပြိုင်ဘက်တိုင်းကို အနိုင်ယူတတ်တဲ့ အသင်းလို့ သတ်မှတ်လို့ရပါတယ်။ တစ်ချက်ရှိတာက ပြီးခဲ့တဲ့ ပထမအကျော့ မှာတုန်းက ဂိုးသွင်းကောင်းလှပါတယ် ဆိုတဲ့ ရောဘတ်လီဝမ်ဒေါစကီး ကိုယ်တိုင်တောင် ငုပ်တုပ်မေ့ခဲ့ရတဲ့ အထိ ဗီလာရီးရဲယ် ခံစစ်က ကျစ်လျစ်လွန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားကွက် တည်ဆောက်ဖို့ အချိန်ပေးတာထက် ဘေယန်တို့ အချိန်ပြည့် တိုက်စစ်ဖွင့် ကစားဖို့ များပါတယ်။ သတင်းတွေ အရ ဆိုရင် ဗဟိုခံစစ်က နစ်ကလပ်စ် ဇူလာ ဖျားနာနေမှုကြောင့် လွဲချော်မှာ ဖြစ်သလို ချူပိုမော့တင်း၊ တိုလစ်ဆို၊ ဘွန်နာ ဆား တို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

စီးရီးအေ
ကာဂလီယာရီ
ဆာဆူအိုလို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘေယန်မြူးနစ်တို့ အဘက်ဘက်မှာ ပိုသာတယ် ဆိုတာ အားလုံး လက်ခံထားကြပေမယ့် ဗီလာရီးရဲယ်တို့ မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် လက်ရှိ ချန်ပီယံ ဗီလာရီးရဲယ်ဟာ ချန်ပီယံလိဂ်နဲ့ သိပ်ပြီး ကံမစပ်တတ်တဲ့ အသင်း ဖြစ်တာကြောင့်လည်း စပိန်မြေမှာ ဘေယန်မြူးနစ်တို့ ဂိုးပြတ် အောင်ပွဲခံနိုင်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အူနိုင်းအန်မေရီရဲ့ အသင်းက ကျစ်လျစ် တောင့်တင်းတဲ့ ခံစစ်နဲ့ အတူ တစ်သင်းလုံး စည်းစနစ်တကျ ကစားသွားခဲ့လို့ ထိုက်ထိုက်တန်တန်ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကို တူရင်မြေမှာ ဂိုးပြတ် နှိပ်ကွပ်ပြီး တက်လာကတည်းက ဗီလာရီးရဲယ်ရဲ့ ခြေစွမ်းဟာ ချီးကျူးရမယ့် အနေအထား ရှိခဲ့ပေမယ့် ဘေယန်မြူးနစ်လို လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်းနဲ့ တွေ့ဆုံခဲ့လို့ ဒီအဆင့်နဲ့ပဲ ကျေနပ်ရလိမ့်မယ်လို့ အခုအချိန်ထိကို အများစုက လက်ခံကြတုန်းပါပဲ။ တကယ်တမ်းလည်း ဘေယန်မြူးနစ်ဟာ အိမ်ကွင်းမှာ ဆိုရင် ပြိုင်ဘက်တိုင်းကို မညှာမတာ ဂိုးပြတ် သိပ်တတ်တဲ့ အသင်း ဖြစ်လို့ ဗီလာရီးရဲယ်တို့ ပထမအကျော့တုန်းကထက် ပိုတဲ့ အားထုတ်မှုမျိုးနဲ့ ကစားနိုင်မှ တော်ကာကျပါလိမ့်မယ်။ ဒီအချက်ကို အူနိုင်းအန်မေရီ အပါအဝင် ဗီလာရီးရဲယ် တစ်သင်းလုံး ကောင်းကောင်း နားလည် သဘောပေါက်နေမှာ ဖြစ်လို့ အကောင်းဆုံး ပြင်ဆင်လာဦးမှာ သေချာပါတယ်။ သေချာတာ ကတော့ ဗီလာရီးရဲယ်တို့ ခံစစ်ကိုပဲ အဓိက ပိတ်ဆို့ ကစားပြီး အပိုင်အခွင့်အရေး ရမှပဲ အမိအရ အသုံးချမယ့် သဘော ရှိပါတယ်။ လက်တလော အသင်းမှာ အဲလ်ဘတ်တို မိုရီနို တစ်ဦ်းတည်း ဒဏ်ရာရနေတဲ့ အတွက် အူနိုင်းအန်မေရီ အနေနဲ့ စိတ်ကြိုက်ရွေးချယ် ပွဲထုတ်နိုင်ဖို့ ရှိပြီး ပထမအကျော့တုန်းက လူစာရင်း အတိုင်းပဲ ရင်ဆိုင်သွားဖွယ် ရှိပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ရူလီ၊ ပါအူတောရက်စ်၊ အဲလ်ဘီယို၊ ဖွိုက်၊ အက်စတူပီနန်၊ ကာပူး၊ ကိုကွီလင်၊ ပယ်ရီဟို၊ ဒန်ဂျူးမား၊ လိုဆယ်လို၊ ဂျရတ် မိုရီနို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ယူရိုပါလိဂ် လက်ရှိ ချန်ပီယံ ဗီလာရီးရဲယ်ဟာ ချန်ပီယံလိဂ်နဲ့ သိပ်ပြီး ကံမစပ်တတ်တဲ့ အသင်း ဖြစ်တာကြောင့်လည်း စပိန်မြေမှာ ဘေယန်မြူးနစ်တို့ ဂိုးပြတ် အောင်ပွဲခံနိုင်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တဲ့ ဗီလာရီးရဲယ်

ဘေယန်မြူးနစ်တို့ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ ပထမအကျော့ အပါအဝင် ဗီလာရီးရဲယ်နဲ့ စုစုပေါင်း ၃ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ပြီး ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် ရှုံးထားပါတယ်။ ၂၀၁၂ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ပထမအကျော့ စပိန်မြေမှာ ဘေယန်မြူးနစ်တို့ ၂ ဂိုးပြတ် အနိုင်ရခဲ့သလို ဒုတိယအကျော့ အလိုင်းရန့်ဇ် အရီနာ မှာလည်း ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာတော့ ဗီလာရီးရဲယ် တိုက်စစ်မှူး ဒန်ဂျူးမားရဲ့ အစောပိုင်း သွင်းဂိုး ၁ ဂိုးတည်းနဲ့ ဘေယန်မြူးနစ်တို့ အရှုံးပေးထားခဲ့ရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် အတွက် ၁.၂၄ ဆ၊ ဗီလာရီးရဲယ် အတွက် ၈.၇၅ ဆ၊ သရေ အတွက် ၆.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပထမအကျော့မှာ ဗီလာရီးရဲယ်ရဲ့ ကစားပုံ ကောင်းမွန်ခဲ့တာ အပြင် ကစားသမားတွေ ကိုယ်တိုင် ခြေပျက်နေခဲ့လို့ ဘေယန်တို့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ဘေယန်တို့ လုံးဝ အမှားခံမှာ မဟုတ်သလို ဗီလာရီးရဲယ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့လည်း အဖြေရှာထားပါလိမ့်မယ်။ ဗီလာရီးရဲယ် ပွဲချိန်ပြည့် ပိတ်ဆို့ ကစားနိုင်ပေမယ့် လီဝမ်ဒေါစကီး တို့ အုပ်စုဟာ ဦးဆောင်ဂိုး သွင်းနိုင်တာနဲ့ နောက်ထပ် သွင်းဂိုးတွေ ရှာတွေ့တတ်လို့ အပြည့်အဝ ပျော်ရွှင်ရမယ့် ဂိုးပေါ်ကို ရွေးချယ်ထားတာ မမှားပါဘူး။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်