ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက မန်ချက်စတာစီးတီးသာ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရရင် သူတို့ အတွက် သတင်းကောင်း ဖြစ်လိမ့်မယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တာကြောင့် လိဂ် အဆင့် အဆင့် ၂၅ နေရာကို ရောက်ရှိသွားခဲ့ပြီးတော့ ရှုံးထွက် အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်နဲ့ လွဲချော်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအတွက် မန်စီးတီးသာ ထွက်ခွာခဲ့ရရင် သတင်းကောင်း ဖြစ်မလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီက အခုလိုပဲ တုံပြန်သွားခဲ့တာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီက “ မှန်ပါတယ်။ ဘာလို့လဲ ဆိုတော့ မန်စီးတီးက ချန်ပီယံလိဂ် ဖလားကို မျှော်မှန်းနိုင်တဲ့ အသင်းကောင်း တစ်သင်း ဖြစ်နေတာကြောင့်မို့လိုပါ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် လိဂ် အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် ကလပ် ဘရုဂေးကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး ဒီပွဲ အတွက် အနိုင်ရမှာသာ ရှုံးထွက် ၁၆ သင်း အဆင့် အတွက် ပလေးအော့ဖ် ကစားဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီ ကိုယ်တိုင်က ဒီသတင်းတွေက မမှန်ကန်တဲ့ ကောလာဟလတွေသာ ဖြစ်ကြောင်း တုံ့ပြန်လာခဲ့ပါတယ်။ ဆက်လက်ပြီး အန်ဆယ်လော့တီက အသင်းရဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ဆက်ရှိနေတာကြောင့်လည်း သူ့အနေ ရီးရဲလ်မက်ဒရစ်ကို နောက်ထပ် ၅ နှစ်ကြာ ဆက်လက် ကိုင်တွယ်နိုင်ဖွယ် ရှိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
အန်ဆယ်လော့တီက “ရီးရဲလ်မက်ဒရစ် နည်းပြ ရာထူး ကနေ မနက်ဖြန် ထွက်သွားနိုင်သလို နောက်ထပ် ၁ နှစ် ဒါမှမဟုတ်လည်း နောက် ၅ နှစ် ဆက်ရှိနေနိုင်ပါတယ်။ ပီရက်ဇ်က ဒီမှာ နောက်ထပ် ၄ နှစ် ရှိနေမှာ ဖြစ်ပြီးတော့ သူနဲ့ ကျွန်တော် လိုချင်တာတွေ ရှိနေပါတယ်။ သူနဲ့ အတူ ရီးရဲလ်မက်ဒရစ်ကို နှုတ်ဆက်ချင်ပါတယ်။” လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် လာလီဂါ ကလပ် ဘက်က အန်ဆယ်လော့တီရဲ့ ဦးဆောင်မှု ပုံစံကို အားမရတာကြောင့် လက်ရှိ ရာသီ အကုန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အီတလီ နည်းပြကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရီးရဲလ်မက်ဒရစ် အတွက် အင်တာကွန်တီနန်တယ် ဖလားကို ရယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီက ဆုဖလား ၁၅ လုံးနဲ့ အသင်းရဲ့ သမိုင်းတလျှောက် ဖလား အများဆုံး ရတဲ့ နည်းပြ အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.