နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေလာတဲ့ ဂျာမန် ဘီလူးကို ဒန်ဂျူးမား တော်ပီဒိုနဲ့ ထုလွှတ်လိုက်တဲ့ အဝါရောင် ရေငုပ်သင်္ဘော | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဗီလာရီးရဲယ် ၁-၀ ဘေယန်မြူးနစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဗီလာရီးရဲယ်တို့ ဂျာမန် ထိပ်သီး ဘေယန်မြူးနစ်ကို ဒန်ဂျူးမားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ စပိန်မြေမှာ အနိုင်ရသွားခဲ့ပါတယ်။ အများစုရဲ့ ကြိုတင် ခန့်မှန်းချက်တွေနဲ့ တက်တက်စင်အောင် လွဲချော်ခဲ့ပြီး ဗီလာရီးရဲယ်ရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုကြောင့် ဘေယန်မြူးနစ်တို့ တော်တော်လေးကို ခက်ခက်ခဲခဲ ကစားသွားခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး လူစုံခဲ့ပြီး ပုံမှန် ပွဲထွက်နေကျ ကစားကွက် အခင်းအကျင်းတွေနဲ့ပဲ ရင်ဆိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ၄-၄-၂ နဲ့ ပွဲထွက်လာတဲ့ ဗီလာရီးရဲယ်ရဲ့ တိုက်စစ်မှာ ဂျရတ် မိုရီနိုနဲ့ အာနော့တ် ဒန်ဂျူးမား ဦးဆောင်ခဲ့ပြီး ကွင်းလယ်မှာ ပယ်ရီဟို၊ ကာပူး၊ လိုဆယ်လို၊ ကိုကွိလင်၊ ခံစစ်မှာ ပါအူ တောရက်စ်၊ အဲလ်ဘီယို၊ ဖွိုက်၊ အက်စတူပီနန်နဲ့ ဂိုးမှာတော့ ထုံးစံ အတိုင်း ရူလီပဲ ပါဝင်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် ကတော့ အထောင် တိုက်စစ်မှာ ရောဘတ်လီဝမ်ဒေါစကီး၊ တောင်ပံ နှစ်ဖက်မှာ ဂနာဘရီနဲ့ ကိုမန်၊ ကွင်းလယ်မှာ မူလာ၊ မူစီယာလာနဲ့ ကင်မစ်ချ်၊ ခံစစ်နဲ့ ဂိုးမှာတော့ လူးကပ်စ် ဟာနန်ဒက်စ်၊ အူပါမီကာနို၊ ပါဗက်၊ အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ နော်အာတို့ ပွဲထုတ်ခဲ့ပါတယ်။

ဂိုးသွင်းကြမ်းပါတယ် ဆိုတဲ့ ရောဘတ်လီဝမ်ဒေါစကီးတောင် ဘောလုံး ထိချက် ၂၉ ကြိမ်သာ ရှိခဲ့သလို ဂိုးပေါက် ကန်ချက် ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ အထိ ခက်လွန်းခဲ့တဲ့ ဗီလာရီးရဲယ်ရဲ့ ခံစစ်ကို လျှော့တွက်မိရင်တော့ ဘေယန်တို့ ဒီနှစ် ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ်နဲ့ပဲ ကျေနပ်သွားရနိုင်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်သွားခဲ့တဲ့ ဘေယန်မြူးနစ်

နေဂဲလ်စ်မန်းရဲ့ အသင်းက သူတို့ရဲ့ ကစားဟန် အတိုင်း ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ကစားကွက် အသာနဲ့ ပြိုင်ဘက်ကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပြီး ဗီလာရီးရဲယ် ကတော့ ခံစစ်ကို အကျစ်လျစ်ဆုံး တည်ဆောက်လာပြီး အပိုင်အခွင့်အရေး စောင့်ကစားခဲ့ပါတယ်။ ပွဲချိန် ၈ မိနစ် မှာတော့ အိမ်ရှင်တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ တောင်ပံ ကနေ လိုဆယ်လို ချိုးပေးလိုက်တဲ့ ဘောလုံးကို ပယ်ရီဟို ကန်သွင်းရာမှာ အားနော့တ် ဒန်ဂျူးမားနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲ ဝင်သွားခဲ့လို့ ဂိုးသမား နော်အာ လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲ့နောက် ဘေယန်မြူးနစ် တို့ပဲ ပွဲကို လွှမ်းမိုးထားပေမယ့် မာကျော ကျစ်လျစ်တဲ့ ဗီလာရီးရဲယ် ခံစစ် ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဗီလာရီးရဲယ် ကတော့ ဘောလုံး ရတာနဲ့ တပြိုင်နက် ခံစစ် ကနေ တိုက်စစ်ကို အလျင်အမြန် ကူးပြောင်းပြီး ဘေယန်မြူးနစ် ဘက်ကို ပြန်လည် ခြိမ်းခြောက်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ ဗီလာရီးရဲယ်တို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရခဲ့ပေမယ့် ကိုကွီလင်ရဲ့ လှပတဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့တာကြောင့် အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ နေဂဲလ်စ်မန်း အနေနဲ့ ဂိုရက်ဇ်ကာ၊ လီရွိုင်း ဆာနေး၊ ဆူလီ တို့ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သေးပေမယ့် အူနိုင်း အန်မေရီ အသင်းရဲ့ ခံစစ်က လုံးဝ အမှား မရှိခဲ့လို့ ဘေယန်တို့ ပွဲပြီးတဲ့ အထိ ဂိုးမရပဲ ၁-၀ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
ဝက်ဖို့ဒ်
လိဒ် ယူနိုက်တက်
1X2 ဝက်ဖို့ဒ် @ 2.74
ဂိုးပေါ် 2.75 @ 2.07
ဂိုးပေါင်း 0-1 @ 3.65
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂိုးပေါက် ကန်ချက် ၂၂ ကြိမ်မှာ ဂိုးပေါက် ၄ ကြိမ် တည့်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးတောင် မရခဲ့တဲ့ ဘေယန်မြူးနစ်ရဲ့ တိုက်စစ် ကစားပုံကို ဝေဖန်ရမှာ ဖြစ်သလို ဗီလာရီးရဲယ်ရဲ့ ခံစစ် ကိုလည်း ချီးကျူးရပါလိမ့်မယ်။ ပြောရရင်တော့ အူနိုင်းအန်မေရီရဲ့ အသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်ရဲ့ ဖြတ်မြင်းလို့တောင် သတ်မှတ်လို့ ရနေပြီ ဖြစ်ပါတယ်။ ဗီလာရီးရဲယ်တို့ ခံစစ် အားပြု ကစားခဲ့တယ် ဆိုပေမယ့် ခံစစ် ကနေ တိုက်စစ် ကူးပြောင်းချိန် မှာတော့ တော်တော်လေးကို လျင်မြန်ပြီး ဘေယန် နောက်တန်းကို ထိထိရောက်ရောက် တုန့်ပြန် နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ၁-၀ ဆိုတဲ့ ရလဒ်ဟာ စိတ်မချရသေးလို့ ဗီလာရီးရဲယ်တို့ ဒုတိယအကျော့ ဂျာမန်မြေမှာ အခုထက် ပိုကောင်းတဲ့ ခံစစ် စွမ်းဆောင်ရည် ပြသနိုင်ဖို့ လိုအပ်ပါသေးတယ်။ ဘေယန်မြူးနစ် ကတော့ မဖြစ်မနေ နိုင်ပွဲ ရဖို့ လိုအပ်သွားခဲ့တာကြောင့် ဒုတိယအကျော့မှာ ဗီလာရီးရဲယ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို ဘယ်လို ပုံစံနဲ့ ကျော်ဖြတ်မလဲ ဆိုတာ ကြိုတင် စဉ်းစားထားဖို့တော့ လိုအပ်ခဲ့ပြီ ဖြစ်ပါတယ်။ ဂိုးသွင်းကြမ်းပါတယ် ဆိုတဲ့ ရောဘတ်လီဝမ်ဒေါစကီးတောင် ဘောလုံး ထိချက် ၂၉ ကြိမ်သာ ရှိခဲ့သလို ဂိုးပေါက် ကန်ချက် ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ အထိ ခက်လွန်းခဲ့တဲ့ ဗီလာရီးရဲယ်ရဲ့ ခံစစ်ကို လျှော့တွက်မိရင်တော့ ဘေယန်တို့ ဒီနှစ် ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ်နဲ့ပဲ ကျေနပ်သွားရနိုင်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဒီနှစ်သင်း ကတော့ လာမယ့် တစ်ပတ် အင်္ဂါနေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒုတိယအကျော့ အဖြစ် ထပ်မံ တွေ့ဆုံ ယှဉ်ပြိုင်ရဖို့ ရှိပြီး အဲ့ဒီ ပွဲမတိုင်ခင် မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိသလို ချဲလ်ဆီး ကလည်း ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်