နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုင်လီကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သက်တောင့်သက်သာ အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၂ – ၀ လိုင်လီ

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပထမအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မှာတော့ ချဲလ်ဆီးတို့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ လိုင်လီကို သက်တောင့်သက်သာ ကစားပြီး နှစ်ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ သောမက်စ်တူချယ်ရဲ့ အသင်းက ၃-၄-၂-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပေမယ့် ပွဲထွက် ကစားသမား စာရင်း ကတော့ အပြောင်းအလဲ အနည်းငယ် ရှိခဲ့ပါတယ်။ ပဲလေ့စ်နဲ့ ပွဲမှာ ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့တဲ့ လူကာကူကို အရန်ခုံ ပို့ခဲ့ပြီး တိုက်စစ်မှာ ကိုင်ဟာဗက်ဇ်၊ ဟာကင်မ် ဇီယက်ချ်နဲ့ ခရစ္စတီယန် ပူလီဆစ်ခ် တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ကိုဗာချစ်နဲ့ အထိုင်ကစားခဲ့ပြီး ခံစစ်နဲ့ ဂိုးမှာတော့ အက်ဇ်ပီလီကျူအာတာ၊ အလွန်ဆို၊ ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ ခရစ္စတန်ဆန်နဲ့ မန်ဒီတို့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် လိုင်လီ ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ ဂျွန်နသန် ဒေးဗစ်ကို အထောင်ထားခဲ့သလို ရီနာတို ဆန်းချက်စ်၊ အိုနာနာ၊ ဇီကာ၊ ဘော့တ်မန်း၊ ဖွန်တေ၊ အန်ဒရီ တို့နဲ့ လူစုံခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဧည့်သည် လိုင်လီရဲ့ ပွဲအစပိုင်း အထနှေးနေမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်မြှင့်လာခဲ့ပါတယ်။ အက်ဇ်ပီလီကျူအာတာရဲ့ ပေးပို့မှု ကနေ ကိုင်ဟာဗက်ဇ် အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် အံ့အားသင့်စရာ လွဲချော်ခဲ့ပြီး အဲ့နောက် နောက်ထပ် တစ်ကြိမ် အပိုင် ကန်ချက်ကိုလည်း လိုင်လီ ဂိုးသမား လီယို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီကန်ချက်ကြောင့် ရတဲ့ ထောင့်ကန်ဘော ကနေ ကိုင်ဟာဗက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူခဲ့လို့ ချဲလ်ဆီးတို့ ပွဲအစ ၈ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ လိုင်လီတို့ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ကစားပုံ ပြန်လည် တည်ငြိမ်လာခဲ့သလို ကွင်းလယ် တစ်လျောက် ရီနာတို ဆန်းချက်ဇ်ရဲ့ လိုအပ်သလို လိုက်ပါ ကစားနိုင်မှုကြောင့် ချဲလ်ဆီးတို့ သတိထားခဲ့ရပါတယ်။ ဒါပေမယ့် ခံစစ်က ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗားတို့ ခပ်ကြမ်းကြမ်း ကစားပြီး လိုင်လီရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့တာကြောင့် ဂျွန်နသန် ဒေးဗစ်လည်း ဘာဆို ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒီရလဒ်ကြောင့် လိုင်လီတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ကတော့ တော်တော်လေး ဝေဝါးသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ရဖို့ များသွားတဲ့ လိုင်လီ

ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်နဲ့ပဲ ချဲလ်ဆီးတို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ ကိုဗာချစ်နဲ့ ဟာကင်မ် ဇီယက်ချ်တို့ ဒဏ်ရာရသွားခဲ့လို့ ချဲလ်ဆီးတို့ ကစားအား အနည်းငယ်ကျသွားခဲ့ရပါတယ်။ လိုင်လီတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရလာခဲ့ပြီး ချဲလ်ဆီး ကတော့ တန်ပြန် တိုက်စစ်ကိုပဲ စောင့်ကစားခဲ့ရပါတယ်။ တကယ်တမ်း ဂိုး ထပ်ရသွားတာ ကလည်း ချဲလ်ဆီးပဲ ဖြစ်ပြီး ကန်တေရဲ့ ဖန်တီးပေးမှု ကနေ ခရစ္စတီယန် ပူလီဆစ်ခ်က သေသပ်တဲ့ ကန်ချက်နဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လိုင်လီတို့ ယီလ်မက်ဇ်၊ ဘန်အာဖာ၊ ဂတ်မန်ဆန် တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် အိမ်ရှင်တို့ ပွဲကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်လို့ ချေပဂိုး မရပဲ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ယုံကြည်မှု ပျောက်ဆုံးနေပြီး ဘောလုံးတောင် ထိအောင် မကစားနိုင်တော့တဲ့ ရိုမယ်လူ လူကာကူကို အရန်ခုံ ပို့ခဲ့တဲ့ သောမက်တူချယ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ်။ ကိုင်ဟာဗက်ဇ်နဲ့ ခရစ္စတီယန် ပူလီဆစ်ခ်တို့ အထူး ခြေစွမ်းပြသွားခဲ့ပေမယ့် တကယ်တမ်း ချဲလ်ဆီးရဲ့ နိုင်ပွဲ အတွက် အရေးပါခဲ့သူတွေ ကတော့ ကွင်းလယ်က ကန်တေနဲ့ ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗား တို့ကြောင့် ဖြစ်ပါတယ်။ ကိုဗာချစ်နဲ့ ဇီယက်ချ်တို့ ဒဏ်ရာရသွားတာ ကလည်း တူချယ် အတွက် ထိုးနှက်ချက် တစ်ခုလို့ ဆိုရမှာ ဖြစ်ပြီး လာမယ့် ပွဲစဉ်တွေမှာ ချဲလ်ဆီးတို့ ကစားသမား မလုံလောက်မှု ပြသနာကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီရလဒ်အရ လက်ရှိ ချန်ပီယံ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ခြေတစ်ဖက် လှမ်းထားနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

လိုင်လီ ကတော့ ပွဲချိန် တချို့မှာ ချဲလ်ဆီးကို ပြန်လည် လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ကွင်းလယ်ချင်း မယှဉ်နိုင်ခဲ့သလို တိုက်စစ် ဂျွန်နသန် ဒေးဗစ်နဲ့ အချိတ်အဆက် ပြတ်တောက်မှုတွေက ဂိုးပြတ် ရှုံးပွဲကို ဦးတည်သွားစေတာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် လိုင်လီတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ကတော့ တော်တော်လေး ဝေဝါးသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပြီး လိုင်လီ ကတော့ ၂၈ ရက်နေ့မှာ လိုင်ယွန်နဲ့ လီဂူးဝမ်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်