နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံ ဖြစ်နိုင်တယ်လို့ ဖလစ်ခ် ပြောပြီး အဖွင့်ပွဲမှာပဲ ရှုံးခဲ့တဲ့ ဘာစီလိုနာ | ချန်ပီယံလိဂ်

ဟန်ဆီ ဖလစ်ခ် က ဘာစီလိုနာ အနေနဲ့ ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ချေ ရှိတယ်လို့ ကြုံးဝါးခဲ့ပြီးနောက် အဖွင့် ပွဲစဉ်မှာတင်ပဲ မိုနာကို အသင်းကို အရေးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပြီးတော့ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟန်ဆီ ဖလစ်ခ် ကတော့ မိုနာကို ဟာ နိုင်ပွဲနဲ့ ထိုက်တန်မှု ရှိခဲ့ပြီးတော့ သူတို့ရဲ့ အသင်း အနေနဲ့ ပြင်သစ်မြေမှာ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက် ရှုံးပွဲ အပေါ် လက်ခံသွားရမယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဟန်ဆီ ဖလစ်ခ်က “ကျွန်တော်တို့ ပွဲချိန် ပြည့် ကြိုးစားခဲ့ပေမယ့်လည်း မိုနာကိုက နိုင်ပွဲနဲ့ ထိုက်တန်မှု ရှိခဲ့တယ် ဆိုတာ လက်ခံရပါမယ်။ အခု ကျွန်တော် တို့တွေ ပြန်လည် အနားယူ အားဖြည့်ပြီးရင်တော့ အတောင့်တင်းဆုံး အနေအထားမျိုးနဲ့ ပြန်လာမှာပါ။ ကျွန်တော် တို့မှာ နောက်ထပ် ကစားဖို့ ၇ ပွဲ ကျန်ရှိနေသေးလို ဒီအခွင့်အရေးတွေ ကိုလည်း အသုံးချရဦးပါမယ်။ နောက်ပြီး ကျွန်တော် တို့က ဒီရှုံးနိမ့်မှုကို လက်ခံရပါမယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာ အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက်မှာပဲ ရှုူံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့တဲ့ ဘာစီလိုနာ

ဆက်လက်ပြီး ဖလစ်ခ်က “အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေသာ ပြန်လည် ကောင်းမွန်လာပြီး အသင်း အတွက် ပြန်လာနိုင်ပြီ ဆိုတာနဲ့ ကျွန်တော် တို့ အားအကောင်းဆုံး အသင်း ဖြစ်လာမယ် ဆိုတာ သေချာပေါက် ပြောရဲပါတယ်။” ဆိုပြီးတော့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ် လိဂ် အဆင့် လက်ကျန် ပွဲစဉ် ၇ ပွဲ အဖြစ် ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ်၊ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ဒေါ့မန်၊ ချက် ကလပ် ရက်စတား ဘဲလ်ဘရိတ်၊ ပြင်သစ် ကလပ် ဘရတ်စ်၊ ပေါ်တူဂီ ကလပ် ဘင်ဖီကာ၊ စီးရီးအေ ကလပ် အတ္တလန္တာ တို့နဲ့ ဆက်တိုက် ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

မိုနာကိုနဲ့ ဘာစီလိုနာ တို့ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်ရဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၁ အဖြစ် ရင်ဆိုင်ခဲ့ကြပါတယ်။ ပထမပိုင်းရဲ့ ပွဲချိန် အစောပိုင်းမှာ ဂိုးသမား ဖြစ်တဲ့ တာစတီဂျန်ရဲ့ မှားယွင်းတဲ့ ဘောလုံးပေးပိုမှုကို မီနာမီနိုက ရယူသွားနိုင်ခဲ့ပါတယ်။ ဒါကို လိုက်လံ တားဆီးခဲ့တဲ့ အဲရစ်ခ် ဂါဆီယာက ပြစ်ဒဏ် ကျူးလွန်မိခဲ့ပြီး တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။ အဲဒီနောက် ပွဲချိန် ၁၆ မိနစ် မှာလည်း မိုနာကို ကစားသမား အက်ခ်လီယိုချီရဲ့ ကန်ချက်ကို တာစတီဂျန်က ဘယ်လိုမှ မကာကွယ်နိုင်ပဲ ဦးဆောင်ဂိုး အလွယ်တကူ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း လမိုင်း ယာမယ်က တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ အသင်း အတွက် ပထမပိုင်းမှာပဲ ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ကျန် ပွဲချိန်တွေကို ၁၀ ယောက်ထဲနဲ့ ဆက်လက် ကစားခဲ့တဲ့ ဘာစီလိုနာတို့ ဒုတိယပိုင်းမှာ ကစားအား တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး မိုနာကို ကို အနိုင်ဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက်မှာပဲ ရှုူံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်