နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီယင်နော့ဒ်ကို ဂိုးပြတ် ရှုံးတဲ့ ပွဲမှာ အသင်းက အခွင့်အရေး များစွာ ဖြုန်းတီးခဲ့လို့ စိတ်ပျက်နေတဲ့ ကွန်ပနီ | ချန်ပီယံလိဂ်

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၇ မှာတော့ ဘေယန်မြူးနစ်က ဖီယင်နော့ဒ်ကို အဝေးကွင်းမှာ ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က ဂိုးကန်သွင်းခွင့် အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ခြင်းနဲ့ အတူ ရှုံးပွဲကြီး တစ်ပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြ ဖြစ်သူ ဗင်းန်ဆင့် ကွန်ပနီက သူ့အသင်းရဲ့ ခြေစွမ်းကို စိတ်ပျက်လျက် ရှိပြီး အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော် ရိုးရိုးသားသား ပြောပါမယ်၊ ဖီယင်နော့ဒ်က သူတို့ရဲ့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့ ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။ ကျွန်တော် တို့လည်း အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ တစ်ဂိုး၊ နှစ်ဂိုး ဒါမှမဟုတ် အဲဒီထက် ပိုပြီးတော့လည်း သွင်းယူနိုင်ခဲ့သင့်တယ်လို့ ခံစားခဲ့ရတယ်။ ဖီယင်နော့ဒ်က သူတို့ရဲ့ အခိုက်အတန့်တွေကို အကောင်းဆုံး အသုံးချသွားတာပါ။ တစ်ဦးချင်းရော အသင်းလိုက်ပါ ဒီနေ့မှာ ကျွန်တော် တို့ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့ အားလုံး တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ဒါပေမယ့် စွမ်းဆောင်ရည် ကတော့ မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းနိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် အများစုကို မအောင်မြင်ခဲ့ပါဘူး။” လို့ ကွန်ပနီက ပြောကြားသွားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ဘေယန်မြူးနစ်ဟာ ရမှတ် ၁၂ မှတ်နဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ ပလေးအော့ဖ် ကစားရဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။
ဖီယင်နော့ဒ် ဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု အကြိမ် ၃၀ ပြုလုပ်နိုင်ခဲ့တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ ဖီယင်နော့ဒ် ဂိုးပေါက်ကို အကြိမ် ၃၀ အထိ ခြိမ်းခြောက်နိုင်ခဲ့သလို ဂိုးပေါက်တည့် ကန်ချက် ၆ ကြိမ်လည်း ရှိခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးမှ မရပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဟယ်ရီကိန်း ကလည်း ခြေမပေါ်ခဲ့သလို ကွင်းလယ်က ဖန်တီးပေးပို့မှုတွေက ဖြုန်းတီးခဲ့ပါတယ်။ Optaရဲ့ အချက်အလက်တွေ အရ ဒီပွဲဟာ ၂၀၁၂ စက်တင်ဘာလက ကစားခဲ့တဲ့ စပို့တင်းဘရာဂါနဲ့ ကာလုဂျ် တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်နဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ ကစားခဲ့တဲ့ လိုင်ယွန်နဲ့ ရိန်းဂျားစ် တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် နောက်ပိုင်း ဂိုးပေါက် ကန်ချက် အကြိမ် ၃၀ နဲ့ အထက် ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်တဲ့ ပွဲစဉ် အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘေယန်မြူးနစ်က အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရဖို့ အတွက် အားစိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖီယင်နော့ဒ် ကလည်း ဘေယန်မြူးနစ် လိုပဲ မျှော်လင့်ချက် ရှိနေတာကြောင့် ရုန်းကန်သွားခဲ့ပြီး အခွင့်အရေးကောင်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖီယင်နော့ဒ်က ဘောလုံးပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၈ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ၃ ကြိမ် ဂိုးပေါက် တည့်ရာမှာ ၃ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ဘေယန်မြူးနစ်ဟာ ရမှတ် ၁၂ မှတ်နဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ ပလေးအော့ဖ် ကစားရဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။ ဖီယင်နော့ဒ် ကတော့ ချန်ပီယံလိဂ်မှာ ၄ ပွဲမြောက် နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ လက်ကျန် ပွဲစဉ် ကလည်း လိုင်လီနဲ့ ကစားရမှာ ဖြစ်တာကြောင့် မျှော်လင့်ချက် အပြည့် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် ဆလိုဗက်ကီးယား ကလပ် ဆလိုဗန်ဘရက်တစ်လာဗာကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ်လို့ ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်