နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး အတွက် လိုင်လီဟာ ခက်ခဲတဲ့ ပြိုင်ဘက် မဟုတ်ဘူး | ချဲလ်ဆီး – လိုင်လီ (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – လိုင်လီ

အခုတစ်ပတ် ကြားရက်မှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ချဲလ်ဆီးတို့ လိုင်လီကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စု H ရဲ့ ဒုတိယနေရာ ကနေ ရှုံးထွက်တက်လာတဲ့ ချဲလ်ဆီးတို့ အုပ်စု G ရဲ့ အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ လိုင်လီကို အစဉ်အလာအတိုင်း အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ရဲ့ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ကတော့ ရလဒ်တွေ တောက်လျောက် ကောင်းနေပေမယ့် ခြေစွမ်းပိုင်းအရတော့ အားရစရာ အခြေအနေမျိုး မမြင်ရသေးပါဘူး။ အဓိက တိုက်စစ်ပိုင်း အားနည်းချက်နဲ့ အတူ ပွဲစဉ်တိုင်းမှာ သွင်းဂိုး ၁ ဂိုးရဖို့တောင် အသည်းအသန် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က သောမက်တူချယ်ရဲ့ အသင်းဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို အာရုံစိုက်လိုက်ရတဲ့ အပြင် ပွဲဆက်တွေ များနေတာကြောင့်လည်း ကစားသမားတွေ ပင်ပန်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ခရစ္စတယ်ပဲလေ့စ်ကို ပွဲချိန်ပြည့် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ဇီယက်ချ်ရဲ့ နောက်ကျဂိုးကြောင့်သာ နိုင်ပွဲ ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် လစ်ဗာပူးလ်နဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာ ကလည်း တူချယ် အတွက် ခေါင်းကိုက်စရာ အခြေအနေ ဖြစ်ပေမယ့် ချန်ပီယံလိဂ် ဟာ ပိုအရေးကြီးတာကြောင့် ကျိန်းသေပေါက် အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုလာဖို့ များပါတယ်။ ရီဆီဂျိမ်းစ်၊ မေဆင်မောင့်၊ အိုဒွိုင်းနဲ့ ဘန်ချေးဝဲလ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး လူကာကူ၊ ဇီယက်ချ်၊ ပူလီဆစ်ခ်၊ အလွန်ဆို၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ အက်ဇ်ပီလီကျူအာတာ၊ ရူဒီဂါ၊ ဆေးလ်ဗား၊ ခရစ္စတန်ဆန်နဲ့ မန်ဒီ တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ
တော့တင်ဟမ် ဟော့စပါး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

မနှစ်က လီဂူးဝမ်းမှာ မထင်မှတ်ပဲ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လိုင်လီ ကတော့ ဒီရာသီမှာ သိသိသာသာ ခြေစွမ်း ပြန်ကျသွားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ ခြေစွမ်းပြနေပြီး ဆဲလ်ဘာ့ဂ်၊ ဆီဗီလာ၊ ဝုဖ်ဘတ်တို့ ပါဝင်တဲ့ အုပ်စု G မှာ အုပ်စုဗိုလ် ဖြစ်ခဲ့ပြီး ရှုံးထွက်အဆင့်ကို ရောက်လာတဲ့ ဖြစ်လို့ ခြေစွမ်းအရ လျှော့တွက်လို့ မရပါဘူး။ လက်ရှိ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ လိုင်လီဟာ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန်ဖြစ်နေတယ်လို့ ဆိုနိုင်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲ သရေကျထားပါတယ်။ ဒီပွဲပြီးရင် လိုင်လီတို့ လာမယ့် ရာသီ ဥရောပဝင်ခွင့် အတွက် အရေးပါတဲ့ လီဂူးဝမ်းပွဲစဉ် အဖြစ် လိုင်လီနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ဂေါ်ဗန်နက်ရဲ့ အသင်းမှာ လက်တလော ဒဏ်ရာ ပြသနာကင်းရှင်းနေတာ ဖြစ်ပြီး အခုလာမယ့် ပွဲကိုလည်း ရီလ်မက်ဇ်၊ ဂျွန်နသန်ဒေးဗစ်၊ ဝီရာ့၊ ဘမ်ဘာ၊ ဖွန်တေ၊ ဂတ်မန်ဆန် တို့လို အမာခံ ကစားသမားတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချဲလ်ဆီးတို့ နောက်ဆုံး ကစားထားခဲ့တဲ့ ချန်ပီယံလိဂ် ၁၉ ပွဲမှာ ၁၇ ပွဲ ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး လိုင်လီ ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၃ ပွဲဆက် အနိုင်ရထားခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရ ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် တုန်းက တစ်အုပ်စုတည်း ကျရောက်ခဲ့ဘူးပြီး ချဲလ်ဆီးက အုပ်စု ပွဲစဉ် နှစ်ကျော့စလုံးမှာ လိုင်လီကို ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ချဲလ်ဆီး – လိုင်လီအချိန်ပြည့် အိမ်ရှင် @ ၁.၃၀ ဆ
ဖေဖော်ဝါရီလ၂၃ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ချဲလ်ဆီး အတွက် ၁.၃၀ဆ၊ လိုင်လီ အတွက် ၉.၀၀ ဆ၊ သရေ အတွက် ၅.၄၀ ဆ သတ်မှတ်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဆိုရင် လိုင်လီတို့ ချဲလ်ဆီးကို လန်ဒန်မြေမှာ ဘယ်လိုနည်းနဲ့မှ ခံကန်ဖို့ မဖြစ်နိုင်ပါဘူး။ ပြင်သစ် ကလပ် အတွက် အမြင့်ဆုံး မျှော်လင့်ချက်ဟာ ဂိုးမပေးရပဲ သရေကစားနိုင်ဖို့ ဖြစ်လို့ တိုက်စစ် ညံ့နေတဲ့ ချဲလ်ဆီးတို့ ဂိုးရဖို့ ခက်မလား ဆိုတာတဲ့ စဉ်းစားစရာတော့ ရှိပါတယ်။ ဒါပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီး အနေနဲ့ အိမ်ကွင်းမှာ အနိုင်ရလဒ်တွေ ညှစ်ကစားရင်တော့ နိုင်ပွဲ ရသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်