နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် ဂိုးတွေ သွင်းပြီး ၄ ဂဏန်း စံချိန်တွေနဲ့ ဆီမီးဖိုင်နယ် တက်သွားတဲ့ လစ်ဗာပူးလ် | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၃-၃ ဘင်ဖီကာ

(နှစ်ကျော့ပေါင်းရလဒ် ၆-၄)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာလည်း လစ်ဗာပူးလ်နဲ့ ဘင်ဖီကာတို့ တစ်ဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၆-၄နဲ့ လစ်ဗာပူးလ်တို့ ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။ ပထမအကျော့ ရလဒ်ကြောင့် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိနေခဲ့တဲ့ လစ်ဗာပူးလ်တို့ အရန် ကစားသမား အများစုကို ထုတ်သုံးသွားခဲ့ပေမယ့် အပြန်အလှန် ဂိုးတွေ သွင်းပြီး ပရိသတ်ကို ဖျော်ဖြေမှု ရသ အပြည့်အဝ ပေးသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဂျာဂျင် ကလော့ပ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်း ကိုပဲ သုံးလာခဲ့ပေမယ့် ဒီပွဲ ပြီးရင် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားဖို့ ရှိတာကြောင့် ပွဲထွက်ကစားသမား စာရင်း ကိုတော့ အပြောင်းအလဲ အများကြီး ပြုလုပ်လာခဲ့ပါတယ်။ အဓိက တိုက်စစ်မှူး မိုဆာလာနဲ့ ဆာဒီယိုမာနေး တို့ကို အနားပေးပြီး ဂျိုတာ၊ လူးဝစ်ဒီးရာ့ဇ်နဲ့ ဖေမီနို တို့ကို တိုက်စစ်မှာ တွဲပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဟန်ဒါဆန်၊ နာဘီကေတာ၊ မီလ်နာတို့ ပွဲထွက်ခဲ့ပြီး ခံစစ်မှာ မက်တစ်ပ်၊ ကိုနာတေး၊ ဆီမီကတ်စ်၊ ဂိုးမက်ဇ်နဲ့ အလီဆွန်တို့ ပါဝင်ခဲ့ကြပါတယ်။ ဘင်ဖီကာ ကလည်း နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် ကုန်သလောက် ရှိနေပေမယ့် ဒါဝင် နူညက်ဇ်၊ ရာမို့စ်၊ ဂွန်ဆာလက်ဗ်၊ အဲဗာတန်၊ ဝိုင်ဂဲလ်၊ တာရာဘတ်၊ အော့တာမန်ဒီ၊ ဗာတွန်ဂန်၊ ဂရီမဲလ်ဒို၊ ဂျူနီယာ၊ ဗလာချိုဒီမော့စ် တို့ပါဝင်တဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

တစ်ဖက်က ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူညက်ဇ် အနေနဲ့လည်း လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့စလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် နှစ်ကျော့စလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဒါဝင်နူညက်ဇ်

လစ်ဗာပူးလ်တို့ အရန်တွေ အများစုနဲ့ ကစားခဲ့ပေမယ့် ပွဲစကတည်းက ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၂၀ ကျော်မှာတင်ပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆီမီကတ်စ်ရဲ့ ထောင့်ကန်ဘော ကနေ နောက်ခံလူ ကိုနာတေးက ခေါင်းတိုက်သွင်းယူခဲ့ပြီး မိနစ် ၃၀ ကျော်မှာတော့ မထင်မှတ်ပဲ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ လစ်ဗာပူးလ် ခံစစ်ရဲ့ ဟာကွက် ကနေ ရာမို့စ်က အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စပြီး ၁၀ မိနစ် အကြာမှာ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ ဂျိုတာရဲ့ ပံ့ပိုးမှု ကနေ ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ ဖေမီနိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့‌နောက် လစ်ဗာပူးလ်တို့ လူစာရင်း ပြောင်းလဲမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဆာလာ၊ ဖာဘင်ဟို၊ သီယာဂို တို့ဝင်ရောက်လာချိန်မှာ တိုက်စစ် ကစားပုံ ပိုပြီး မြိုင်ဆိုင်သွားခဲ့ပါတယ်။ ၆၅ မိနစ် မှာတော့ လစ်ဗာပူးလ်တို့ တတိယဂိုး ထပ်ရခဲ့ပြီး ဒီတစ်ကြိမ် မှာလည်း ဆီမီကတ်စ်ရဲ့ ကန်တင် ပေးပို့မှုကို ဖေမီနိုက ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၃-၁ ဖြစ်သွားချိန်မှာ အိမ်ရှင်တို့ ကစားအားချလိုက်လို့ ဘင်ဖီကာတို့ အခွင့်အရေးတွေ ဆက်တိုက် ရရှိခဲ့ပြီး ချေပဂိုးတွေလည်း သွင်းနိုင်ခဲ့ပါတယ်။ ဘင်ဖီကာ အတွက် ချေပဂိုးတွေ ကိုတော့ ပွဲချိန် ၇၃ မိနစ်နဲ့ ၈၂ မိနစ် တို့မှာ ယာရမ်ချက်ခ်နဲ့ ဒါဝင်နူညက်ဇ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဲ့နောက် နှစ်သင်းလုံး ဂိုးထပ် မရတော့လို့ ၃-၃ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ်တို့ ဒီနေ့ပွဲမှာ အရန် ကစားသမား အများစုကို သုံးခဲ့ပေမယ့် ပွဲချိန် တော်တော်များများ ဘင်ဖီကာ ဘက်ကို လွှမ်းမိုး ကစားသွားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေ သွင်းပြီးမှ ဂိုးတွေ ပြန်ပေးခဲ့ရတယ် ဆိုတာလည်း ကိုနာတေး၊ မက်တစ်ပ်နဲ့ ဂိုမက်ဇ် တို့ရဲ့ ခံစစ်ပိုင်း လစ်ဟာမှု တချို့ကြောင့် ဖြစ်ပြီး နောက်တစ်ဆင့် ကိုတော့ အမှားအယွင်း မရှိ တက်ရာက်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခပ်ရေးရေး မျှော်လင့်ချက်နဲ့ ကစားခဲ့တဲ့ ဘင်ဖီကာ အနေနဲ့လည်း လစ်ဗာပူးလ်ရဲ့ ခံစစ်ကို အကောင်းဆုံး ဒုက္ခပေးသွားနိုင်ခဲ့ပြီး ပထမအကျော့ ရလဒ်ကြောင့်သာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
ဘန်လေ
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 1.73
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ကိုနာတေး အနေနဲ့ ချန်ပီယံလိဂ် နှစ်ကျော့စလုံးမှာ ဂိုးရခဲ့တဲ့ ၄ ဦးမြောက် လစ်ဗာပူးလ် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖေမီနို ကလည်း ဥရောပ ပြိုင်ပွဲတွေမှာ လစ်ဗာပူးလ် အတွက် ဂိုး ၂၀ နဲ့ အထက် သွင်းယူပေးခဲ့တဲ့ ၄ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်က ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူညက်ဇ် အနေနဲ့လည်း လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့စလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖေမီနိုထက် အရင် ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး ၂၀ ပြည့်ခဲ့တဲ့ ကစားသမားတွေ ကတော့ ဂျရတ် (၂၁ ဂိုး)၊ မာနေး (၂၂ ဂိုး)နဲ့ ဆာလာ (၃၃ ဂိုး) တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာဂျင် ကလော့ပ် အနေနဲ့လည်း ၄ ဂဏန်းနဲ့ပဲ စံချိန်တင်ခဲ့ပြီး အသက် ၅၄ နှစ် အရွယ် နည်းပြ အနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၄ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂျာမန် နည်းပြတွေရဲ့ သမိုင်းမှာ ကလော့ပ် အနေနဲ့ ပထမဦးဆုံးအကြိမ်လည်း စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ဘေယန်မြူးနစ်ကို ကျော်ဖြတ်လာခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ ထိပ်တိုက်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်များ လစ်ဗာပူးလ်တို့ ဧပြီလ ၁၆ ရက်နေ့ မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိပြီး ဘင်ဖီကာ ကတော့ စပို့တင်းလစ္စဘွန်းနဲ့ လီဂါ ပေါ်တူဂီ ပွဲစဉ် ဆက်လက် ယှဉ်ပြိုင်ကစားရာမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်