နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်တလက်တီကို ကို အိမ်ကွင်းမှာ ရှုံးပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတဲ့ ယူနိုက်တက် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၀-၁ အက်တလက်တီကို မက်ဒရစ်


နှစ်ကျော့ပေါင်း ရလဒ် (၁-၂)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အက်တလက်တီကို မက်ဒရစ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၀-၁ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ ကျစ်လျစ်တဲ့ ခံစစ် ကစားပုံကြောင့် အပြင် ကံတရား ကလည်း မျက်နှာသာ မပေးခဲ့လို့ နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်တို့ ၄-၃-၃ ကို အခြေခံတဲ့ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား၊ ခံစစ်မှာ ဟယ်ရီ မက်ဂွိုင်းယား၊ ရာဖာရယ် ဗာရန်း၊ အဲလက်စ် တဲလက်စ်၊ ဒီယေဂို ဒါးလော့တ်၊ ကွင်းလယ်မှာ မက်တော်မီနေးနဲ့ ဖရက်ဒ်ကို တွဲပေးခဲ့ပြီး တိုက်စစ် မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ဆန်ချို၊ အီလန်ဂါ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့ ပါဝင်လာခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ ၃-၅-၂ နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ ဂျာအို ဖီးလစ်နဲ့ ဂရစ်ဇ်မန်းကို အထောင်ထားခဲ့ပါတယ်။ ကွင်းလယ်မှာ ကိုကီ၊ ဟာရဲရား၊ ဒီပေါလ်၊ ယောယန်းတေး၊ လိုဒီ၊ ခံစစ်နဲ့ ဂိုး မှာတော့ ရိန်နဲလ်ဒို၊ ဆာဗစ်၊ ဂျင်မီနက်ဇ်နဲ့ ယန်အိုဘလက်ခ် တို့ကို ပွဲထုတ်ခဲ့ပါတယ်။

လီဂူး၀မ်း
မိုနာကို
ပဲရစ် စိန့် ဂျာမိန်း
1X2 သရေ @ 3.65
ဂိုးအောက် 2.75 @ 2.04
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်းမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ခဲ့ရပြီး အက်တလက်တီကို မက်ဒရစ် ကတော့ ပြိုင်ဘက် ကစားကွက် တည်လို့ မရအောင် ခပ်ကြမ်းကြမ်း တုန့်ပြန်ခဲ့ပြီး ဂိုးမပေးရရေး အတွက် ခံစစ်ကို အကျစ်လျစ်ဆုံး ကစားခဲ့ပါတယ်။ ယူနိုက်တက်က ဖောက်လိုက် အက်တလက်တီကို ခံစစ်က ရှင်းထုတ်လိုက်နဲ့သာ အချိန်ကုန်နေခဲ့ပြီး ပထမပိုင်း ၃၅ မိနစ် နောက်ပိုင်းလောက်က စပြီး အက်တလက်တီကို တို့ အခွင့်အရေး တချို့ ပြန်ရလာခဲ့ပါတယ်။ ဒါ့အပြင် ဆီမြွန်နီရဲ့ အသင်းက ပြစ်ဒဏ်ဘောတွေ မကြာခဏ ကျူးလွန်ခဲ့ပေမယ့် ပွဲကို ဆက်ကစားစေခဲ့တဲ့ ကွင်းလယ်ဒိုင် ကြောင့်လည်း အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက် ယူနိုက်တက်တို့ တရစပ် တိုက်စစ်ဆင်နေခဲ့ပေမယ့် တကယ်တမ်း ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း အက်တလက်တီကို မက်ဒရစ်တို့ပဲ ဖြစ်ပြီး ပထမတစ်ကြိမ် ဂျာအို ဖီးလစ်ရဲ့ သွင်းဂိုး လူကျွံနေခဲ့ပေမယ့် နောက်တစ်ကြိမ် ရရှိတဲ့ အခွင့်အရေး ကိုတော့ လိုဒီက အပိုင် အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့ ပေးပို့မှု ကနေ ယူနိုက်တက် နောက်တန်းက ဒါးလော့တ် လူကပ်ကစားပုံ အားနည်းမှုကို အခွင့်ကောင်းယူပြီး လိုဒီက ခေါင်းတိုက် သွင်းယူသွားခဲ့တာပါ။

ဒုတိယပိုင်း မှာတော့ ရန်းညက်ခ် အနေနဲ့ ဖာနန်ဒက်စ်၊ အီလန်ဂါ၊ တော်မီနေး၊ ဖရက်ဒ်၊ မက်ဂွိုင်းယား တို့ကို ထုတ်ပြီး ပေါ့ဘာ၊ မာတစ်၊ မာတာ၊ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ တို့ကို ထည့်ခဲ့ပါတယ်။ တိုက်စစ် အားသန်တဲ့ ကစားသမားတွေ စုပြုံထည့်ခဲ့ပေမယ့် အက်တလက်တီကိုရဲ့ ကျစ်လျစ်တဲ့ ခံစစ် ကစားပုံကြောင့် ဘယ်လိုမှ အလုပ်မဖြစ်ခဲ့သလို လိုအပ်နေတဲ့ ဂိုးတွေလည်း မရပဲ ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ကတော့ ဒီရာသီမှာ ဆိုးဆိုးရွားရွား ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် လာလီဂါမှာ နိုင်ပွဲတွေ ပြန်ရနေသလို ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ရော်နယ်ဒို ကျိန်စာဆိုးအောက် ကနေ လွတ်မြောက် သွားခဲ့တဲ့ ဒီယေဂို ဆီမြွန်နီ

ဒီနေ့ပွဲ အဖြေကို ထုတ်ပေးခဲ့တာက ယူနိုက်တက်ရဲ့ တိုက်စစ်၊ အက်တလက်တီကိုရဲ့ ခံစစ်နဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ခံစစ်ရော၊ ကွင်းလယ်ပါ အမှားမရှိအောင် အကောင်းဆုံး ကစားနိုင်ခဲ့ကြပေမယ့် တိုက်စစ် ကတော့ စိတ်ပျက်စရာ ကောင်းလောက်အောင် အဆုံးသတ် ညံ့လွန်းခဲ့ပါတယ်။ တစ်ဖက်က ဆီမြွန်နီတို့ အုပ်စု တန်ပြန် တိုက်စစ်ကိုသာ အားကိုးပြီး ခံစစ်ကို လုံးဝ ပိတ်ကစားခဲ့တာလည်း ပါပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ် အားသန်တဲ့ ကစားသမားတွေချည်း စုပြုံလဲခဲ့သည့် တိုင်အောင် လိုအပ်နေတဲ့ သွင်းဂိုး မရခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။ ယန်အိုဘလက်ခ် ဆိုရင် ဒါးဗစ် ဒက်ဟဲယား ထက်တောင် ၁ ကြိမ် ပိုပြီး ကာကွယ်ခဲ့ရပါသေးတယ်။ ပိုဆိုးတာက ကစားရခက်နေရတဲ့ အထဲ ကွင်းလယ်ဒိုင် ကပါ ရသင့်ရထိုက်တဲ့ သွင်းဂိုးတွေကို လျစ်လျူ ရှုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ် ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ ယူနိုက်တက်တို့ ဒီရာသီ အတွက် ခပ်ရေးရေး ကျန်ရှိတဲ့ ဖလား တစ်လုံး အိမ်မက်လည်း လုံးဝ ပျက်စီးသွားခဲ့ပြီး ၅ နှစ်ဆက် ဖလား လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ နောက်ပြီး တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့လည်း ၁၆ နှစ်တာ ကာလ အတွင်း ဆုဖလားတွေ မလွတ်ခဲ့သမျှ ယူနိုက်တက်နဲ့ ပြန်လည် ပေါင်းစည်းမှပဲ ပထမဦးဆုံး အကြိမ် ပျောက်ကြီး ဘဝ ကို ရောက်သွားခဲ့ရပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ ဒီရာသီမှာ ဆိုးဆိုးရွားရွား ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် လာလီဂါမှာ နိုင်ပွဲတွေ ပြန်ရနေသလို ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဒီယေဂို ဆီမြွန်နီ အနေနဲ့ ရော်နယ်ဒို ပါဝင် ကစားခဲ့တဲ့ အသင်းတွေနဲ့ ချန်ပီယံလိဂ် မှာ ရင်ဆိုင်ခဲ့တဲ့ ၅ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရပေမယ့် ဒီတစ်ကြိမ် မှာတော့ ရော်နယ်ဒို ကျိန်စာဆိုး ကနေ လွတ်မြောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ဧပြီ ၂ ရက်နေ့မှ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပြန်လည် ကစားရမှာ ဖြစ်ပြီး အက်တလက်တီကို မက်ဒရစ် ကတော့ ဧပြီ ၃ ရက်နေ့မှ အလာဗက်စ်နဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်