နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းကြီးတွေကို အနိုင်ယူပြီးမှ ချန်ပီယံ ဖြစ်ချင်တယ်လို့ ဆိုလိုက်တဲ့ နေဂဲလ်စ်မန်း၊ အန်ဆယ်လော့တီကို ရေရေလည်လည် ချီးမွမ်းနေတဲ့ ပေါ်တာ (ချန်ပီယံလိဂ် နောက်ဆုံးရ သတင်းများ)

အသင်းကြီးတွေကို အနိုင်ယူပြီးမှ ချန်ပီယံ ဖြစ်ချင်တယ်လို့ ဆိုလိုက်တဲ့ နေဂဲလ်စ်မန်း၊ အန်ဆယ်လော့တီကို ရေရေလည်လည် ချီးမွမ်းနေတဲ့ ပေါ်တာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၈ ရက်နေ့ရဲ့ ချန်ပီယံလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းကြီးတွေကို အနိုင်ယူပြီးမှ ချန်ပီယံ ဖြစ်ချင်တယ်လို့ ဆိုလိုက်တဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ်က ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ အမ်ဘာပေး၊ မက်ဆီ တို့ ပါဝင်တဲ့ ပြင်သစ် အင်အားကြီး ကလပ် ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၃-၀ နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်တယ်။ တစ်ဖက်က မန်စီးတီး ကတော့ ဂျာမန် ကလပ် လိုက်ပ်ဇစ်ကို ၈-၁နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ အသင်း ဖြစ်သလို တိုက်စစ်မှူး အာလင်း ဟာလန်း ကလည်း တစ်ပွဲတည်း ၅ ဂိုး သွင်းပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။

လေဗာကူဆင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ နေဂဲလ်စ်မန်းက “ကျနော် ကတော့ အရမ်းကောင်းတဲ့ မဲခွဲမှုလို့ ထင်ပါတယ်။ ခက်ခဲတဲ့ မဲခွဲမှု ရလဒ်ပါ။ ဒါပေမယ့် မင်းသာ နောက်ဆုံး ချန်ပီယံ ဖြစ်ခဲ့ရင် မဲခွဲမှုမှာ ကံကောင်းလို့ပါ ဆိုတဲ့ စကားတွေကို ကြားချင်မှာ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ကျနော်တို့က အသင်းကြီးတွေကို အနိုင်ယူပြီး ချန်ပီယံဆုကို ရယူချင်ပါတယ်။ ကျနော်တို့ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ အင်တာ တို့ကို အုပ်စု အဆင့်မှာ တွေ့ခဲ့ပြီးပါပြီ။ အခုတော့ မန်စီးတီး၊ ပြီးရင်တော့ ချဲလ်ဆီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် နောက်ဆုံး မှာတော့ အီတလီ အသင်းတွေနဲ့လည်း ဖိုင်နယ်မှာ တွေ့ကောင်း တွေ့နိုင်ပါတယ်။ ဒါက လူတိုင်းကို ကြီးမားတဲ့ သတင်းစကား အဖြစ် ပေးပို့နိုင်မယ့် အောင်မြင်မှု တစ်ခု ဖြစ်လာမှာပါ။” လို့ နေဂဲလစ်မန်းက ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
AFC ဘုန်းမောက်
1X2 သရေ (Draw) @ 3.65
ဂိုးပေါ် 2.50 @ 2.16
ဂိုးပေါင်း 2-3 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အမ်ဘာပေးထက် ဟာလန်းက ပိုပြီး ထိန်းရခက်မယ်လို့ ပြောလိုက်တဲ့ ဘေယန် နည်းပြ

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်စီးတီးနဲ့ တွေ့ဆုံ‌ခဲ့တဲ့ အတွက် စိတ်လှုပ်ရှားနေပြီး အာလင်း ဟာလန်းက ကီလီယန် အမ်ဘာပေးထက် ပိုပြီး ထိန်းချုပ်ရခက်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

နေဂဲလ်စ်မန်းက “ သူဟာ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားပါ၊ သူ့မှာ ကောင်းမွန်တဲ့ စွမ်းရည်တွေရှိပါတယ်။ သူက အမ်ဘာပေး ထက် ရုပ်ပိုင်းဆိုင်ရာမှာ အနည်းငယ် ပိုကောင်းပါတယ်။ အရှိန်အဟုန်နဲ့လည်း ကစားနိုင်ပါတယ်။ သူ့မှာ အရမ်း အားကောင်းတဲ့ နှလုံး ရှိပါတယ်၊ သူပြေးတဲ့ အခါမှာ သူ့ကို ကာကွယ်ဖို့ ခက်ခဲပါတယ်၊ ဒါပေမယ့် ကျနော် တို့မှာ အားကောင်းတဲ့ တိုက်စစ် ကစားသမား နှစ်ယောက်လည်း ရှိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံချိန်တိုင်း ခက်ခက်ခဲခဲ ကစားရလေ့ ရှိသလို လက်ရှိ ခြေစွမ်းပိုင်း အရလည်း နေဂဲလ်စ်မန်းရဲ့ အသင်းက သတိကြီးကြီးထားရမယ့် အခြေအနေမှာ ရှိနေပါတယ်။


အန်ဆယ်လော့တီကို ရေရေလည်လည် ချီးမွမ်းနေတဲ့ ပေါ်တာ

ပေါ်တာက လိဒ်စ်၊ ဒေါ့မန်နဲ့ လက်စတာစီးတီး တို့ကို အနိုင်ရအပြီးမှာ “ငါတို့ သောက် ချန်ပီယံလိဂ် ဖလားကြီးကို အရယူဖို့ ကြိုးစားမယ် ဆိုပြီးတောင် ကြုံးဝါးထားခဲ့တာ ဖြစ်ပါတယ်။
သောက် ချန်ပီယံလိဂ် ဖလားကို အရယူဖို့ ကြိုးစားမယ် ဆိုထားတဲ့ ဂရေဟမ် ပေါ်တာ

၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပြန်ရခဲ့ပြီးနောက် ကြုံးဝါး ပြောဆိုမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့လို့ အနည်းငယ် လေသံပျော့သွားခဲ့ပါတယ်။ ပေါ်တာက လိဒ်စ်၊ ဒေါ့မန်နဲ့ လက်စတာစီးတီး တို့ကို အနိုင်ရအပြီးမှာ “ငါတို့ သောက် ချန်ပီယံလိဂ် ဖလားကြီးကို အရယူဖို့ ကြိုးစားမယ် ဆိုပြီးတောင် ကြုံးဝါးထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဂရေဟမ် ပေါ်တာက “မင်းဟာ ကံကောင်းဖို့ လိုအပ်ပါတယ်။ မင်း ဘယ်လောက်ပဲ တော်နေပစေ။ ကံကောင်းဖို့ ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ကံကောင်းတာကို စောင့်နေလို့ မရပါဘူး။ တစ်ခါတစ်ရံမှာ မုန်တိုင်းကို ဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး အဲဗာတန် နည်းပြဟောင်း၊ လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကိုလည်း အခုလို ချီးကျူးသွားခဲ့ပါတယ်။ ပေါ်တာက “သူ အဲဗာတန်မှာ တုန်းက ရင်ဆိုင်ခဲ့ဖုးပါတယ်။ သူက လူကြီးလူကောင်း တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ သက်တမ်း တလျှောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျနော် ဘယ်လောက်အထိ လေးစားတယ် ဆိုတာ ပြောဖို့ စကား မရှိပါဘူး။ နှစ် ၂၀ အတွင်း သူ့ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေက အံ့အားသင့်စရာပါ။ ဒါပေမယ့် လောလောဆယ်တော့ ကျနော်တို့ အဲဗာတန်နဲ့ ပွဲကို အာရုံစိုက်ထားပါတယ်။ သူတို့က ခွန်အားနဲ့ ကစားတတ်ပြီး ဒီအချက်ကို ကျနော်တို့ အာရုံစိုက်ထားရမှာပါ။” လို့ ပေါ်တာက ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း တွေ့ဆုံခဲ့ပြီး ပထမ အကျော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရီးရဲလ်က ၁-၃ နဲ့ နိုင်ပြီး ဒုတိယအကျော့ ဘာနေဗျူး မှာတော့ ချဲလ်ဆီးက ၂-၃ နဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။ နှစ်ကျော့စလုံး ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်း ၅-၄ နဲ့ ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်