နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အုပ်စု (G) ပွဲပြီးသုံးသပ်ချက်နဲ့ အလားအလာ

ဒီကနေ့ မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး အုပ်စု (G) မှာတော့ မန်ချက်စတာစီးတီးနဲ့ လိုက်ပ်ဇစ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပါတယ်။


ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ ယန်းဘွိုင်းစ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ၃-၀ ယန်းဘွိုင်းစ်

မန်စီးတီး ကတော့ ချန်ပီံယံလိဂ် ရှုံးထွက်တက်ထားခဲ့ပြီ ဖြစ်ပေမယ့် ယန်းဘွိုင်းစ်ကို အိမ်ကွင်းမှာ ခြေပြတ် ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ အနေနဲ့ ဘာနာဒို ဆေးလ်ဗား၊ အဲလ်ဗာရက်ဇ်၊ ရိုဒရီနဲ့ အာကန်ဂျီ တို့လို အဓိက ကစားသမားတွေကို အနားပေးခဲ့ပေမယ့် ဟာလန်း၊ ဖိုဒန်၊ ဂဗာဒီယိုလ်၊ ဒီးရာ့စ်နဲ့ ဝေါ်လ်ကာ တို့နဲ့ အတူ ဂရီးလစ်ရှ်၊ နူနက်စ်၊ လီဝစ် တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ယန်းဘွိုင်းစ် ကလည်း အစ်တီဟတ်မှာ တတ်နိုင်သမျှ အမှတ်ယူဖို့ ရည်ရွယ်ချက်နဲ့ မန်စီးတီးကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ကစားကွက်ပိုင်းမှာ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ မန်စီးတီးပဲ ပွဲကို အလုံးစုံ လွှမ်းမိုး ကစားသွားခဲ့ပြီး သက်တောင့်သက်သာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ဟာလန်းက ၂ ဂိုးနဲ့ ဖိုဒန်က ၁ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


အပြန်အလှန် ကစားပြီးမှ နိုင်ပွဲရခဲ့တဲ့ လိုက်ပ်ဇစ်

ရက်ဒ်စတားဘဲလ်ဂရိတ် ၁-၂ လိုက်ပ်ဇစ်

စီးတီးရဲ့ နောက်မှာတော့ လိုက်ပ်ဇစ်က ရမှတ် ၉ မှတ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက်တက်ခဲ့ပြီး ရက်ဒ်စတားနဲ့ ယန်းဘွိုင်းစ် ကတော့ ၁ မှတ်သာ ရရှိထားတာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် အတွက်ပဲ လုရတော့မှာ ဖြစ်ပါတယ်။
၂ ပွဲဆက် ရှုူံးပွဲအောက် ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ လိုက်ပ်ဇစ်

အိမ်ကွင်း ကစားပုံ ကောင်းတဲ့ ရက်ဒ်စတားကြောင့် လိုက်ပ်ဇစ်တို့ နိုင်ပွဲ ရဖို့ ခက်ခဲခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အိမ်ရှင် အသင်း ဘက်မှာ ဒဏ်ရာရ ကစားသမား ကင်းနေခဲ့ပေမယ့် လိုက်ပ်ဇစ် ဘက်မှာတော့ အော်ဘန်၊ ဝါနာ၊ ဒန်နီ အော်လမို တို့လို ကစားသမားတွေ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပွဲအစပိုင်းမှာ လိုက်ပ်ဇစ်တို့ ကစားပုံ ကောင်းမွန်ခဲ့ပြီး ၇ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဇာဗီ ဆိုင်မွန်က ရှလာဂါရဲ့ ဖန်တီးပေးမှု ကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် အိမ်ရှင်တို့ ချေပဂိုး ရဖို့ အားထုတ်ခဲ့ပေမယ့် လိုက်ပ်ဇစ် ကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားသွားခဲ့လို့ ပထမပိုင်း ပြီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရက်ဒ်စတားတို့ တင်ကစားလာခဲ့လို့ လိုက်ပ်ဇစ်တို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ၇၇ မိနစ်မှာ အိုပန်ဒါက ဒုတိယ ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ အဲ့နောက် ရက်ဒ်စတား အသင်း အခွင့်အရေးတွေ ဆက်တိုက် ပြန်ရပြီး ချေပဂိုး ၁ ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ လိုက်ပ်ဇစ် နောက်ခံလူ ဟင်းနရစ်ချ်က ကိုယ့်ဂိုးကိုယ် ပြန်လည် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ပွဲစဉ်တွေ အပြီးမှာ မန်စီးတီးက ရမှတ် ၁၂ မှတ်နဲ့ အုပ်စု (G)ကို ဦးဆောင်ရင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စီးတီးရဲ့ နောက်မှာတော့ လိုက်ပ်ဇစ်က ရမှတ် ၉ မှတ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက်တက်ခဲ့ပြီး ရက်ဒ်စတားနဲ့ ယန်းဘွိုင်းစ် ကတော့ ၁ မှတ်သာ ရရှိထားတာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် အတွက်ပဲ လုရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအုပ်စုရဲ့ လက်ကျန် ပွဲစဉ်တွေက ရင်ခုန်စရာ သိပ်မကောင်းတော့ဘူး လို့တောင် ပြောလို့ ရသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်