နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဒရစ်မှာ သရေ အနိမ့်ဆုံး ကန်မယ့် ယူနိုက်တက် | အက်တလက်တီကို မက်ဒရစ် – မန်ချက်စတာယူနိုက်တက် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

အက်တလက်တီကို မက်ဒရစ် – မန်ချက်စတာယူနိုက်တက်

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် ပထမအကျော့ အဖြစ် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့ လာလီဂါ လက်ရှိ ချန်ပီယံ အက်တလက်တီကို မက်ဒရစ်ကို ဝန်ဒါ မက်ထရိုပိုလီတာနို ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဥရောပ နာမည်ကြီး အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
‌ဟော့ဖန်ဟိမ်း
စတုဂတ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အက်တလက်တီကို မက်ဒရစ်ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ အေစီမီလန်၊ လစ်ဗာပူးလ်၊ ပေါ်တိုတို့ ပါဝင်တဲ့ မရဏ အုပ်စု ကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၃ ပွဲ ရှိခဲ့ပြီး ပြိုင်ဘက်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးမှ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ နောက်တစ်ဆင့် တက်ခဲ့ပေမယ့် ယူနိုက်တက်လို တောင့်တင်းတဲ့ အသင်းနဲ့ စောစောစီးစီး တွေ့ဆုံနေတာကြောင့် ကံဆိုးတယ်လို့ပဲ ဆိုရပါမယ်။ အက်တလက်တီကိုတို့ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ အရပ်ရပ်မှာ အကောင်း ဆုံး ပုံစံ တစ်ခုနဲ့ အတူ ရီးရဲယ်၊ ဘာဆာ တို့လို့ အသင်းတွေကို ကျော်ဖြတ်ပြီး လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီနှစ် မှာတော့ တော်တော်လေးကို ရုန်းကန်နေရတာပါ။ ကစားသမားတွေ အနေနဲ့ မကြာခဏ ဆိုသလို အမှားတွေ လုပ်နေပြီး လျော့ရဲလွန်းတဲ့ ခံစစ်ကြောင့် ရလဒ်ပိုင်း အတက်အကျ မမှန် ဖြစ်နေတာ တွေ့ရပါတယ်။ အောင်မြင်မှုတွေ တသီကြီး ရယူပေးထားတဲ့ နည်းပြ ဒီယေဂို ဆီမြွန်နီတောင် ရာထူးက ထုတ်ပယ်ခံရနိုင်တယ် ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေတဲ့ အထိ အက်တလက်တီကိုရဲ့ အခြေအနေက ဆိုးရွားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အက်တလက်တီကို မက်ဒရစ် အနေနဲ့ ပြိုင်ပွဲစုံ အရပ်ရပ် ရှုံးပွဲ ၁၂ ပွဲအထိ ရှိထားပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးကိုလည်း အာရုံစိုက်နေရပါတယ်။ ဒါ့ပေမယ့် စပိန်ထိပ်သီးရဲ့ ချန်ပီယံလိဂ် ရှုံးထွက် မှတ်တမ်း ကတော့ အားရစရာ ကောင်းပြီး နည်းပြ ဒီယေဂို ဆီမြန်နီရဲ့ အသင်းက နောက်ဆုံး ၈ ကြိမ်မှာ ၅ ကြိမ် အထိ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိထားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ် ကလပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှုံးထွက် ၁၂ ပွဲမှာ ၉ ပွဲနိုင် ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လာမယ့်ပွဲ ကိုတော့ ဆီမြွန်နီရဲ့ အသင်းက မားသီးယက်စ် ကွန်ဟာ၊ ဒန်နီဝက်စ် အပြင် ကာရက်စ်ကိုလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး သောမက်စ် လီမား၊ ဟာမိုဆို၊ ကိုကီ တို့လည်း ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ၁၉ ကြိမ်မြောက် ကစားခွင့်ရထားတဲ့ မန်ချက်စတာယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ရှုံးထွက် ပွဲစဉ် ၁၁ ပွဲ မှာတော့ ၇ ပွဲသာ အနိုင်ရထားပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းထဲက ဗိုလ်လုပွဲနဲ့ ဝေးနေခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု F ရဲ့ အုပ်စု ပထမနေရာကနေ ရှုံးထွက်အဆင့်ကို ရောက်ရှိလာတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အကြောင်း ကတော့ အထွေအထူး ပြောစရာ သိပ်မရှိပါဘူး။ ရက်ဖ် ရန်းညက်ခ်ရဲ့ အသင်းဟာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီးနောက် ဘရိုက်တန်ကို ၂-၀၊ လိဒ်စ်ကို ၂-၄ ရလဒ်တွေနဲ့ အနိုင်ရထားလို့ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ အမြင့်ဆုံး ပြန်ရောက်နေတယ်လို့ ပြောလို့ ရပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ဖြတ်သန်းမှုကို ကြည့်မယ် ဆိုရင်လည်း အတ္တလန္တာ၊ ဗီလာရီးရဲယ်၊ ယန်းဘွိုင်းစ် တို့နဲ့ တစ်အုပ်စုတည်း ကစားခဲ့ရပေမယ့် အုပ်စု ပထမနေရာ ကနေ ရှုံးထွက်အဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ ချန်ပီယံလိဂ် စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင် ၂၀၁၉ ခုနှစ်က ၁၆ သင်း အဆင့်မှာ ပီအက်စ်ဂျီကို ရှုံးလို့ ထွက်ခဲ့ရသလို ၂၀၂၀ မှာတော့ အုပ်စု အဆင့် ကနေ စောစောစီးစီး လှည့်ပြန်ပြီး ယူရိုပါလိဂ် မှာတော့ ဗိုလ်လုပွဲ အထိ ရောက်ရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ၁၉ ကြိမ်မြောက် ကစားခွင့်ရထားတဲ့ မန်ချက်စတာယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ရှုံးထွက် ပွဲစဉ် ၁၁ ပွဲ မှာတော့ ၇ ပွဲသာ အနိုင်ရထားပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းထဲက ဗိုလ်လုပွဲနဲ့ ဝေးနေခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ မှာတော့ ကာဗာနီ ကလွဲလို့ ယူနိုက်တက် တစ်သင်းလုံး ဒဏ်ရာပြသနာ ကင်းရှင်းနေလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက် ၁၉၉၂ ခုနှစ် Cup Winner’s Cup ဒုတိယအဆင့်မှာ တစ်ကြိမ်သာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အက်တလက်တီကို မက်ဒရစ်က နှစ်ကျော့ပေါင်း ၄-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အက်တလက်တီကို မက်ဒရစ် – မန်ချက်စတာယူနိုက်တက်အချိန်ပြည့် သရေ @ ၃.၁၅ ဆ
ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက်၂:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ အက်တလက်တီကို မက်ဒရစ် အတွက် ၂.၄၇ ဆ၊ မန်ချက်စတာယူနိုက်တက် အတွက် ၂.၉၀ ဆ၊ သရေ အတွက် ၃.၁၅ ဆ သတ်မှတ်ထားတာ တွေ့ရပါတယ်။ နှစ်သင်းလုံး ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရထားလို့ ယုံကြည်မှုတွေ ရှိနေပါလိမ့်မယ်။ အဝေးကွင်း ပွဲစဉ် နောက်ဆုံး ၈ ပွဲမှာ ရှုံးပွဲ မရှိခဲ့တဲ့ ယူနိုက်တက်ဟာ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ အိမ်ရှင်ထက် အနည်းငယ် ပိုသာနေတဲ့ အခြေအနေမှာ ရှိနေတာ ကတော့ ငြင်းလို့ မရပါဘူး။ အက်တလက်တီကို ကလည်း အိမ်ကွင်းမှာ ရှုံးအောင် ကန်မှာ မဟုတ်လို့ သရေ ရလဒ် ကသာ နှစ်သင်းလုံး အတွက် အမျှတဆုံး ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ ဂိုးအောက်နဲ့ သရေ ရလဒ်ကို အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်