နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီလန်ဂါရဲ့ နောက်ကျဂိုးကြောင့် အဝေးကွင်းမှာ ကံကောင်းခဲ့တဲ့ ယူနိုက်တက် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အက်တလက်တီကိုမက်ဒရစ် ၁ – ၁ မန်ချက်စတာယူနိုက်တက်

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပထမအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မှာတော့ အက်တလက်တီကို မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ အကြိတ်အနယ် ကစားပြီး တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးပေါက် တစ်ကြိမ်မှ မတည့်ခဲ့တဲ့ အထိ ခြေစွမ်းပိုင်း ဆိုးရွားခဲ့ပြီး ဒုတိယပိုင်း ပွဲပြီးခါနီး အီလန်ဂါရဲ့ ချေပဂိုးကြောင့်သာ ရန်းညက်ခ်တို့ အုပ်စု အဝေးကွင်း ရှုံးပွဲ မကြုံခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် အက်တလက်တီကို မက်ဒရစ် အသင်းက ကြိုတင် ခန့်မှန်းထားခဲ့သလိုပဲ ၅-၃-၂ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ဗာဆယ်လစ်ဂျ်ကို၊ ဆာဗစ်၊ ဂျင်မီနက်ဇ်၊ ရိန်နဲလ်ဒို၊ လိုဒီ၊ ကွင်းလယ် မှာ ယော်ယန်းတေး၊ ကွန်ဒေါ့ဘီယာ၊ ဟက်တာ ဟာရဲယား၊ တိုက်စစ် မှာတော့ ဂျာအို ဖီးလစ်၊ ကော်ရီယာ တို့ပါဝင်လာခဲ့ပါတယ်။ ယူနိုက်တက် ကလည်း ထုံးစံ အတိုင်း ၄-၃-၃ ကို အခြေခံတဲ့ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရော်နယ်ဒို၊ ဆန်ချို၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ပေါ့ဘာနဲ့ ဖရက်ဒ်တို့ကို ထွက်ဖက်ပေးခဲ့ပါတယ်။ ခံစစ်မှာလည်း လင်ဒီလော့ဖ်ကို ညာအစွန်ထုတ်ခဲ့ပြီး ဗာရန်း၊ မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ ဒါးဗစ် ဒက်ဟဲယား တို့ ပွဲထွက်ခဲ့ပါတယ်။

အိမ်ရှင် အားသာချက်နဲ့ အတူ အက်တလက်တီကို မက်ဒရစ်တို့ ပွဲစကတည်းက မန်ချက်စတာယူနိုက်တက် ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း စောစောစီးစီး ရယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာ တောင်ပံက လိုဒီရဲ့ ဖြတ်တင် ပေးပို့မှုကို ဂျာအို ဖီးလစ်က လှလှပပ ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မှာလည်း အက်တလက်တီကို မက်ဒရစ်တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ပြီး ယူနိုက်တက် ခံစစ်က တော်တော်လေးကို ခက်ခက်ခဲခဲ တားဆီးခဲ့ရပါတယ်။ ဖရက်ဒ်ရဲ့ လုပ်အားနှုန်း ကောင်းခဲ့ပေမယ့် ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ ခြေစွမ်း မပြနိုင်ခဲ့သလို တိုက်စစ်က ရော်နယ်ဒိုနဲ့ ချိတ်ဆက်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့လို့ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးပေါက် ၁ ကြိမ်တောင် မတည့်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။

အင်္ဂလိပ် အသင်းတွေနဲ့ ချန်ပီယံလိဂ် ရှုံးထွက် တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းခဲ့တဲ့ ဆီမြွန်နီရဲ့ အသင်း အနေနဲ့ ဒီတစ်ကြိမ် မှာတော့ နောက်တစ်ဆင့် တက်ရေး ကျိန်းသေပေါက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်

ဒုတိယပိုင်း ပြန်စချိန် မှာတော့ အက်တလက်တီကို မက်ဒရစ်တို့ အနိုင်ဂိုး ၁ ဂိုးတည်းကို ထိန်းကစားဖို့ ရည်ရွယ်ခဲ့ပြီး အပိုင်အခွင့်အရေး ရမှပဲ ယူနိုက်တက် ဘက်ကို ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ပထမပိုင်း ခြေစွမ်း အတိုင်းသာ ရှိခဲ့လို့ နည်းပြ ရန်းညက်ခ် တစ်ယောက် ဘစ်ဆာခါ၊ မာတစ်၊ တဲလက်စ်၊ အီလန်ဂါတို့ကို ထည့်ပြီး နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။ ရန်းညက်ခ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ယူနိုက်တက်တို့ လိုအပ်နေတဲ့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဖာနန်ဒက်စ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးရာကနေ အီလန်ဂါက တီကို နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ကန်သွင်း အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်း ပြီးခါနီး မှာလည်း အန်တိုနီဂရစ်ဇ်မန်းရဲ့ ကန်ချက် ပထမပိုင်းတုန်း ကလိုပဲ တိုင်ထိထွက်ခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ရပြီး သရေရလဒ်နဲ့ အတူ အဖိုးတန် အဝေးဂိုး ၁ ဂိုးလည်း ရရှိခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ရန်းညက်ခ်ရဲ့ အသင်းက ရုန်းကန်ခဲ့ရပြီး အဓိက တိုက်စစ် လမ်းကြောင်းတွေ ပြတ်တောက်နေခဲ့လို့ ရော်နယ်ဒိုဆီ ဘောလုံး မရောက်ပဲ ယန်အိုဘလက်ခ် ဂိုးပေါက်ကို အားရစရာ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ယူနိုက်တက်တို့ ကစားတဲ့ ပွဲအရေအတွက်သာ များလာခဲ့ပေမယ့် ခံစစ် ကတော့ အခုချိန်ထိ တည်ငြိမ်ခြင်း မရှိပဲ ပြိုင်ဘက်တိုင်းရဲ့ စိတ်ကြိုက် ခြယ်လှယ်တာ ခံနေရဆဲ ဖြစ်ပါတယ်။ အီလန်ဂါရဲ့ သွင်းဂိုးသာ မကယ်ရင် ဂရစ်ဇ်မန်းရဲ့ ကန်ချက် နှစ်ကြိမ်သာ ဂိုးတိုင် မထိခဲ့ရင် ယူနိုက်တက်တို့ ဂိုးပြတ် အရေးနိမ့်နိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဘာပဲပြောပြော အဖိုးတန် အဝေးဂိုး ၁ ဂိုး ရခဲ့တဲ့ အတွက်ကြောင့်တော့ အက်တလက်တီကိုထက် ယူနိုက်တက်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ဖို့ အခြေအနေ ကောင်းသွားခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ အင်္ဂလိပ် အသင်းတွေနဲ့ ချန်ပီယံလိဂ် ရှုံးထွက် တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းခဲ့တဲ့ ဆီမြွန်နီရဲ့ အသင်း အနေနဲ့ ဒီတစ်ကြိမ် မှာတော့ နောက်တစ်ဆင့် တက်ရေး ကျိန်းသေပေါက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဆဲလ်တာဗီဂိုနဲ့ လာလီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိနေပြီး ယူနိုက်တက် ကတော့ ၂၆ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်