နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ် အနိုင်သေချာပြီး ဂိုးပြတ် အောင်ပွဲခံနိုင်မလားပဲ စောင့်ကြည့်ရမယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ရီးရဲလ်မက်ဒရစ် – ချဲလ်ဆီး

ဒီတစ်ပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ဒုတိယညရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်း ကလည်း ချန်ပီယံလိဂ်မှာ တော်တော်လေး ရေစက်ပါတယ်လို့ ပြောလို့ ရပြီး ရှုံးထွက်အဆင့်မှာ ၃ နှစ် ဆက်တိုက် တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်လို့ ပွဲကြိုအချက်အလက်နဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…

ပထမအကျော့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ ၁၆ သင်း အဆင့်မှာ လစ်ဗာပူးလ်ကို နှစ်ကျော့ပေါင်း ၆-၂ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်က တခြား ပြိုင်ပွဲတွေမှာ ရလဒ်ဆိုးချင် ဆိုးမယ် ချန်ပီယံလိဂ် မှာတော့ အစဉ်အလာကောင်း တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ၁၅ ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်ရေး တစ်သင်းလုံး တက်ကြွနေသလို အစဉ်အလာရလည်း ရီးရဲလ်က တစ်ကြိမ် ချန်ပီယံ ဖြစ်ပြီးရင် နောက်နှစ်တွေပါ ဆက်ပြီး ချန်ပီယံ ဖြစ်တတ်လို့ စိတ်ဝင်စားစရာပါပဲ။ အသင်း ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ် ပြောသလို ချန်ပီယံလိဂ်က သူတို့ အသင်းရဲ့ အိမ်လို့ ပြောရလောက်အောင် ရီးရဲလ်မက်ဒရစ်ရဲ့ ဥရောပ အောင်မြင်မှုက အံ့အားသင့်စရာ ကောင်းပါတယ်။ ဒါ့အပြင် ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ များနေတဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကလည်း သူ့ရဲ့ ဥရောပ အောင်မြင်မှု စံချိန်တွေ ထပ်တင်နိုင်မှာလား ဆိုတာလည်း ရှိနေပါသေးတယ်။ လက်ရှိ ရာသီ ခြေစွမ်းအရတော့ အန်ဆယ်လော့တီရဲ့ အသင်းက အနည်းငယ် အားနည်းနေပေမယ့် ပြီးခဲ့တဲ့ ရာသီကလည်း ဒီလို ပုံစံမျိုးနဲ့ပဲ လာလီဂါရော၊ ချန်ပီယံလိဂ် မှာပါ ဖလားတွေ သိမ်းသွားခဲ့တာပါ။

ပိုင်ရှင်သစ်၊ နည်းပြသစ်တွေနဲ့ အသားမကျသေးတဲ့ ချဲလ်ဆီး အတွက်တော့ ခက်ခဲတဲ့ ချန်ပီယံလိဂ် နေ့ရက်တွေကို ကျော်ဖြတ်ရဦးမှာပါ။ ပေါ်တာနဲ့ အတူ ကြောက်ထပြီး ဒေါ့မန်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ယာယီ နည်းပြ ဖရန့်ခ် လမ်းပတ် လက်အောက်မှာ မထင်မှတ်တာတွေ ထပ်ပြီး လုပ်ပြနိုင်ဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းလွန်းပါတယ်။ ၂၀၂၀-၂၁ ရာသီတုန်းက ရီးရဲလ်ကို ကျော်ဖြတ်ပြီး ချန်ပီယံပါ ဖြစ်ခဲ့ဖူးပေမယ့် ၂၀၂၁-၂၂ မှာတော့ ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီးကို ပြန်လည် ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ တော့ဒ်ဘိုလေ လက်ထက်မှာ ကစားသမားကောင်းတွေ မှိုလိုပေါက်အောင် ခေါ်ထားပေးပေမယ့် နည်းပြ ဖြစ်သူရဲ့ အသုံးချနိုင်မှုနဲ့ စုစည်းမှု အပိုင်းတွေမှာ အရမ်း အားနည်းနေပါသေးတယ်။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တွေ့ဆုံမှုက တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး အချိန်ပိုအထိပါ ရောက်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ မရထားတဲ့ ချဲလ်ဆီး

ရီးရဲလ်မက်ဒရစ် မှာတော့ ဖာလန်း မန်ဒီက လွဲလို့ လူပြန်စုံနေပြီး ချဲလ်ဆီး မှာတော့ ဥရောပ အတွေ့ကြုံရင့် ခံစစ်မှူးတွေ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား၊ အက်ဇ်ပီလီကွယ်တာ တို့ လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရီးရဲလ်မက်ဒရစ် – ကော့တွိုက်စ်၊ ရူဒီဂါ၊ မီလီတောင်၊ ကာမာဗင်ဂါ၊ ကာဗာဟယ်၊ ချူအာမန်နီ၊ မိုဒရစ်၊ ခရူးစ်၊ ဗင်နီးစီးယပ်စ်၊ ဗယ်လ်ဗာဒီ၊ ဘန်ဇီမာ
ချဲလ်ဆီး – ကီပါ၊ ဖိုဖာနာ၊ ကူလီဘလီ၊ ရိစ်ဂျိမ်းစ်၊ ချေးဝဲလ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကန်တေ၊ ကိုဗာချစ်၊ ဖီးလစ်၊ စတာလင်၊ ဟာဗက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ ၄ ကြိမ် တွေ့ဆုံထားပြီး ချဲလ်ဆီးက ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်က ၁ ကြိမ် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တွေ့ဆုံမှုက တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး အချိန်ပိုအထိပါ ရောက်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီး အိမ်ကွင်းမှာ ၁-၃ နဲ့ နိုင်ပြီး ချဲလ်ဆီးက ဘာနေဗျူးမှာ ၂-၃ နဲ့ ပြန်လည် အနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက်အရ အန်ဆယ်လော့တီရဲ့ အသင်းက ဆီမီးဖိုင်နယ် တက်ခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် ဂိုးသွင်းနိုင်ကြပြီး ဂိုးပေါ်တာလည်း များပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရီးရဲလ်မက်ဒရစ်က ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးခဲ့ပြီး ဂိုးမပေးရတဲ့ပွဲ ၃ ပွဲအထိ ရှိခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ နိုင်ပွဲ ၁ ပွဲသာ ရှိထားပြီး ခံစစ် ကလည်း ပွဲတိုင်းလိုလို ဂိုးပေးနေရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၁.၇၂ ဆ၊ ချဲလ်ဆီး နိုင်ရင် ၄.၆၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ်မှာ ရီးရဲလ်မက်ဒရစ်က သရေ အရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကလည်း ၂ လုံး သရေ ဖြစ်နေပါတယ်။ လက်ရှိ ခြေစွမ်းအရရော၊ နည်းပြနဲ့ ကစားသမားတွေရဲ့ အတွေ့အကြုံအရ ရီးရဲလ် အတွက် ချဲလ်ဆီးက အရမ်းကို လွယ်ကူနေမယ့် သဘော ရှိပါတယ်။ ချဲလ်ဆီးတို့ ဒီအဆင့် ရောက်လာတဲ့ ကံစွပ်လို့ပဲလို့ ထင်ပြီး ဒီအဆင့် ကတော့ သူတို့ အတွက် လမ်းဆုံး ဖြစ်မယ် ထင်ပါတယ်။ ရီးရဲလ်ပဲ ဘာနေဗျူးမှာ ဂိုးပြတ် အောင်ပွဲခံသွားဦးမှာပါ။


ခန့်မှန်းရလဒ်

ရီးရဲလ်မက်ဒရစ် ၃-၁ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်