နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးရဲ့ ဖလား ၄ လုံး အိမ်မက်ကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ ချဲလ်ဆီး – အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၁ – ၀ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ချဲလ်ဆီးတို့ ဟာကင်မ်ဇီယက်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်ချက်စတာစီးတီး ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ပပ်ဂွာဒီယိုလာနဲ့ မန်ချက်စတာစီးတီး အတွက်ကတော့ ဖလား ၄ လုံး မျှော်လင့်ချက် ပျက်စီးသွားခဲ့ပေမယ့် ချဲလ်ဆီး အတွက် ကတော့ ၅ ရာသီ အတွင်း ၄ ကြိမ်မြောက် အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးတို့ ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ တီမိုဗာနာ၊ ဇီယက်ချ်နဲ့ မေဆင်မောင့်တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ တောင်ပံနှစ်ဖက်မှာ ရိစ်ဂျိမ်းစ်၊ ချေးဝဲလ်၊ နောက်တန်းမှာ အက်ဇ်ပီလီကျူအာတာ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ဂိုးမှာ အရစ်ဇာဘလာဂါ တို့နဲ့ ပွဲထွက်လာပါတယ်။ မန်ချက်စတာစီးတီး ကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဂါဘရီရယ်ဂျီဆုစ် ကို အထောင်တိုက်စစ် နေရာထားပြီး တောင်ပံနှစ်ဖက်မှာ စတာလင်နဲ့ ဖာရန်းတောရက်စ်၊ ကွင်းလယ်တိုက်စစ်မှာ ဒီဘရိုင်းနား၊ အထိုင်မှာ ရိုဒရီ၊ ဖာနန်ဒင်ဟို၊ နောက်တန်းမှာ မန်ဒီ၊ လာပေါ့တ်၊ ရူဘင်ဒီးရာ့ဇ်၊ ကန်ဆယ်လို၊ ဂိုးမှာတော့ စတက်ဖန်တို့ကို ကစားစေခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း နှစ်သင်းစလုံး အနေနဲ့ တစ်ဖက်ရဲ့ ကစားကွက်ကို တစ်ဖက်က စောင့်ကြည့်ပြီး ထိန်းကစားနေခဲ့ကြ ပါတယ်။ မန်ချက်စတာစီးတီးတို့က ဂိုးရဖို့ တိုက်စစ်ကို တစ်ဆင့်ချင်း ပုံဖော်ခဲ့ပေမယ့် ချယ်ဆီးကတော့ တန်ပြန်တိုက်စစ် ကနေပဲ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အမှားအနည်းဆုံး ဖြစ်အောင် ကစားနေကြလို့ ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေပြီး ပျင်းဖို့ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးရဲ့ တန်ပြန်တိုက်စစ်ဟာ ပိုပြီး အလုပ်ဖြစ်လာခဲ့လို့ ပွဲချိန် ၅၅ မိနစ်မှာတော့ တီမိုဗာနာနဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေ ဇီယက်ချ်က အကောင်းဆုံး အဆုံးသတ်ပေးခဲ့ ချဲလ်ဆီးတို့ ဂိုးရသွားခဲ့ပါတယ်။ လက်ကျန်မိနစ်တွေ မှာတော့ မန်ချက်စတာစီးတီးတို့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ချဲလ်ဆီး ဂိုးသမား ကီပါ ကာကွယ်နိုင်ခဲ့တာကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီးတို့ အက်ဖ်အေဖလား မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ခရာဘောင်ဖလား၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် တို့မှာပဲ အောင်မြင်မှုရဖို့ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား ချန်ပီယံဆု ၆ ကြိမ်ရထားတဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးတို့ အခုပွဲမှာ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒီဘရိုင်းနား ခြေမပေါ်ခဲ့တဲ့နောက်မှာ ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ ကစားသမားကောင်းတွေ ပါဝင်ခဲ့ပေမယ့် အဆုံးသတ် သေချာတဲ့အသင်းက အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာနဲ့ မန်ချက်စတာစီးတီးရဲ့ ဆုဖလား လောဘတက်မှုဟာ ကစားသမားတွေကို ပွဲပန်းနေစေခဲ့သလို အရေးကြီးတဲ့ အချိန်တွေမှာလည်း အကူအညီ မရတော့တာကြောင့် အက်ဖ်အေဖလား မှာတော့ သဘာရှိတဲ့ ချဲလ်ဆီးကို မကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတို့ အက်ဖ်အေဖလား မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ခရာဘောင်ဖလား၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် တို့မှာပဲ အောင်မြင်မှုရဖို့ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။ သောမက်စ် တူဟယ် ကတော့ ချဲလ်ဆီးကို ရောက်ရှိခဲ့တဲ့ ပထမဦးဆုံး ရာသီမှာတင် အဓိက ပြိုင်ပွဲကြီး ၂ ခုဖြစ်တဲ့ အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် မှာတော့ ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ လာမယ့် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက်ကစားဖို့ရှိပြီး ချဲလ်ဆီး က ဘရိုက်တန်၊ မန်စီးတီးကတော့ အက်စတွန်ဗီလာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်