နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂ ဂိုးပြတ် အနိုင်နဲ့ အတူ ဗိုလ်လုပွဲ တက်ဖို့ အခြေအနေ ကောင်းသွားတဲ့ ချဲလ်ဆီး (ခရာဘောင်ဖလား ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၂ – ၀ တော့တင်ဟမ်ဟော့စပါး

နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့် စပါးက ပိုပြီး လိုအပ်ချက် မြင့်မားခဲ့ပါတယ်။ အဓိက တိုက်စစ် ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် စပါးရဲ့ အခြေအနေက ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ ချဲလ်ဆီး ကတော့ လူကာကူ ပြန်လည် ပါဝင်လာခြင်း နဲ့အတူ တိုက်စစ်ပိုင်းက တော်တော်လေး အားရစရာ ကောင်းလာပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ လိုအပ်တဲ့ အနိုင်ရလဒ်ကို အိမ်ကွင်းမှာ ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး အတွက်ကတော့ ဒုတိယအကျော့ ပွဲစဉ်မတိုင်မီ ကတည်းက ခရာဘောင်ဖလား ဗိုလ်လုပွဲ အိပ်မက် ဆက်လက် ရှင်သန်ခဲ့ပြီလို့ပဲ ဆိုရမှာပါ။


ပွဲစဉ်အကျဉ်း

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံး အမှားမခံတမ်း ပြင်ဆင်လာခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးနည်းပြဟောင်း ကွန်တီရဲ့ ပြင်ဆင်မှုက ပိုပြီး ကျစ်လစ်ခဲ့ပါတယ်။ ဆွန်ဟောင်မင်၊ ဟာရီကိန်း၊ လူးကပ်စ်မိုရာ၊ ဒိုဟာတီ၊ ဆန်းချက်ဇ်၊ ဒေးဗီးစ်တို့နဲ့ စပါးတို့ လူစုံခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြကွန်တီရဲ့ ကစားကွက်ကို နောက်တန်း ၄ ယောက် အစုအဖွဲ့နဲ့ တုံ့ပြန်ခဲ့တဲ့ တူချယ်လ်ရဲ့ ပွဲထွက်က ပိုပြီး အလုပ်ဖြစ်ခဲ့တာပါ။ လူကာကူ၊ မေဆန်မောင့်၊ ဆောနီဂွက်ဇ်၊ ကိုင်ဟာဗက်ဇ်၊ ဇိုင်းယက်စ်တို့ရဲ့ ပွဲထွက်က တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲအစကတည်းက တိုက်စစ်ပိုင်းကို အသားပေးကစားခဲ့တဲ့ ချဲလ်ဆီးရဲ့ အခြေအနေက အားရစရာ ဖြစ်ခဲ့ပါတယ်။ စပါးကတော့ ပွဲချိန် အစောပိုင်းမှာ အထနှေးလေ့ရှိတဲ့ ပုံစံအတိုင်း ခံစစ်နဲ့သာ အစပြုခဲ့ရတာပါ။ ပွဲအစ ၅ မိနစ်မှာတင် စပါးနောက်တန်းရဲ့အမှားကနေ အလွန်ဆိုရရှိခဲ့ပြီး တဆင့်ပြန်ဖန်တီးပေးတာကို ကိုင်ဟားဗက်စ်က အဆုံးသတ်ပြီး ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ လက်သန်းကျိုးခဲ့တဲ့အထိ ကြမ်းတမ်းစွာ ဖျက်ထုတ်ခံရပေမယ့် ကိုင်ဟာဗက်စ် တစ်ယောက် ဂိုးအဖြစ် ရယူပေးနိုင်ခဲ့တာပါ။ ဂိုးပေးလိုက်ရပေမယ့် စပါးရဲ့ ကစားပုံက ထင်သလောက် ကောင်းမလာခဲ့ဘဲ ချဲလ်ဆီး ရဲ့ ကစားကွက်အောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာ စပါး နောက်ခံလူ ဆန်းချက်ဇ် ခေါင်းတိုက်ဖျက်ထုတ်ရာက အသင်းဖော် ဒေးဗီးစ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ ချဲလ်ဆီးတို့ ဒုတိယဂိုးထပ်ရခဲ့ပြန်ပါတယ်။ ၂ ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာသာ ချဲလ်ဆီးတို့ အနည်းငယ် ထိန်းကစားခဲ့ခြင်း နဲ့အတူ စပါးတို့ အခွင့်အရေးအချို့ ရရှိခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး ကစားသမားအချို့ လဲလှယ်ခဲ့ခြင်း နဲ့အတူ ချေပဂိုးရဖို့ စပါးတို့ ပိုပြီး အားစိုက်လာခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီး နောက်တန်းရဲ့ အမှားအယွင်းမရှိ ကစားပုံကြောင့် စပါးတို့ ထင်သလောက် မလွယ်ခဲ့ပါဘူး။ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ အခွင့်အရေးကိုယ်စီ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ စပါးတို့ နစ်နာခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ နှစ်သင်းလုံး အခွင့်အရေးကိုယ်စီ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိလို့ ပွဲအပြီးမှာ ချဲလ်ဆီးတို့ ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။


ပွဲပြီး အချက်အလက်များ

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံး အမှားမခံတမ်း ပြင်ဆင်လာခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရဂိုးမရှိ ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

ချဲလ်ဆီးအတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ပေမယ့် အိမ်ကွင်းမှာ ရလဒ်ကောင်းရယူသွားနိုင်ခဲ့ပါတယ်။ စပါး ကတော့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ လိုအပ်ချက် မြင့်မားခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ် ကစားသမားကောင်း ၃ ဦးလုံးကို ပွဲထုတ်လာတဲ့ စပါးကို နည်းဗျူဟာပိုင်း ရင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ပွဲထွက်က တော်တော်လေး ကောင်းမွန်ခဲ့တာပါ။ နည်းပြ တူချယ်လ် လက်ထက် နောက်တန်း ၄ ယောက် ပွဲထွက်မှုက တော်တော်လေး ရှားပါးပေမယ့် လက်ရှိ အသင်းအခြေအနေ အရ စပါးကို ရင်ဆိုင်ဖို့ ပြောင်းလဲ အသုံးပြုခဲ့ဟန် ရှိပါတယ်။ တကယ်တမ်းမှာလည်း စပါးတိုက်စစ် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘဲ ချဲလ်ဆီး တောင်ပံနဲ့ ကွင်းလယ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၆၄-၃၆ ရာခိုင်နှုန်းအထိ ကွာဟခဲ့တဲ့ အနေအထားမှာ ချဲလ်ဆီးရဲ့ အနိုင်က ထိုက်တန်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဂိုးကန်သွင်း ၅ ကြိမ် ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့တဲ့ စပါးထက် ၁၉ ကြိမ် ကန် ၆ ကြိမ်တည့် ၂ ဂိုးရရှိခဲ့တဲ့ ချဲလ်ဆီးက ပိုကောင်းခဲ့တာကို ငြင်းလို့မရခဲ့ပါဘူး။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးအနေနဲ့ လာမယ့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ နေရှင်နယ်လိဂ်ကလပ် ချက်စတာဖီးလ် အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ရှိနေပြီး စပါးကတော့ လိဂ်-၁ ကလပ် မိုကမ်ဘီ အသင်းကို ဧည့်ခံ ယှဉ်ပြိုင်ကစားရ ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်