နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ှုံးပွဲမရှိ စံချိန်ဆက်ထိန်းပြီး ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ တူချယ်ရဲ့ ချဲလ်ဆီး – အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂ – ၀ ရှက်ဖီးလ်ယူနိုက်တက်

အက်ဖ်အေဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် နောက်ထပ် ပွဲစဉ်တစ်ပွဲမှာတော့ ချဲလ်ဆီးတို့ ရှက်ဖီးလ်ယူနိုက်တက် ကို ၂-၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ယူသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ သောမက်စ်တူဟယ် စတင်ကိုင်တွယ်ချိန် ကတည်းက ၁၄ ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိခဲ့ပဲ ၁၀ ပွဲအနိုင်ရကာ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ဖလား ၂ လုံး လမ်းကြောင်းပေါ်မှာ အကောင်းဆုံး ပုံစံနဲ့ ဆက်လက် ဖြတ်သန်းနေခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ဂိုးပေါက်တည့်မှုဟာ ချဲလ်ဆီးထက်တောင် သာခဲ့ပေမယ့် မက်ဂိုးဒရစ်ခ်၊ မက်ဘန်း တို့ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရုန်းကန်နေရဆဲ ရှက်ဖီးလ်ယူနိုက်တက်

သောမက်စ်တူဟယ် အနေနဲ့ အသင်းကို တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ ပုံစံနဲ့ တည်ဆောက်နေခဲ့ပြီး အခုပွဲမှာလည်း တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျီရူးကို အထောင်ထားပြီး နောက်မှာ မေဆင်မောင့်၊ ပူလီဆစ်တို့နဲ့ ပံ့ပိုးစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဟက်ဒ်ဆန်အိုဒွိုင်းလ်၊ ကိုဗာချစ်၊ ဂေလ်မာ၊ အီမာဆင်၊ နောက်တန်းမှာ ခရစ္စတင်ဆင်၊ ဇူးမား၊ ချေးလ်ဝဲလ်၊ ဂိုးမှာ အရစ္စဇာဘလာဂါ တို့နဲ့ ပွဲထွက်လာပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ဘက်မှာတော့ မက်ဂိုးဒရစ်ခ်၊ နောဝုဒ်၊ လောင်းစတွမ်း၊ ဂျာဂျယ်ကာ၊ ရမ်းစ်ဒေးလ်တို့ ပါဝင်လာပါတယ်။ ဒီနေ့ပွဲမှာ ချဲလ်ဆီး တိုက်စစ်က သိပ်ပြီး အတွဲအဖက် မမိခဲ့ပေမယ့် မာကျောတဲ့ ခံစစ်က လန်ဒန်သားတို့ကို နိုင်ပွဲ တစ်ပွဲအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၂၄ မိနစ်မှာ ရှက်ဖီးလ်ယူနိုက်တက်‌ နောက်ခံလူ နောဝုဒ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ချဲလ်ဆီးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာတော့ ချဲလ်ဆီး ဘက်က ကစားသမား အပြောင်းအလဲ တော်တော်များများ ပြုလုပ်ခဲ့ပြီး အက်ဇ်ပီလီကျူအာတာ၊ ရိစ်ဂျိမ်းစ်၊ ကိုင်ဟာဗက်ဇ်၊ ဟာကင်မ်ဇီယက်ချ်၊ ကန်တေ တို့ဝင်လာတဲ့အခါမှာ ချဲလ်ဆီးတို့ ကစားပုံ ပိုပြီးကောင်းလာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲပြီးခါနီး မိနစ် ၉၀ မှာ ဘန်ချေးလ်ဝဲလ်ရဲ့ ပံ့ပိုးပေးမှုကနေ ဇီယက်ချ်က အပိုင်ပိတ်သွင်းခဲ့လို့ ချဲလ်ဆီးတို့ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ချဲလ်ဆီး နောက်ခံလူ ဘန်ချေးလ်ဝဲလ်ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ကမ္ဘာ့အဆင့်မှီပါပဲ။ သူ့အနေနဲ့ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့တယ်ဆိုပေမယ့် ဘောလုံးပေးပို့မှု ၄၈ ကြိမ် မှာ ရာနှုန်းပြည့်နီးပါး တိကျခဲ့တာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ဂိုးပေါက်တည့်မှုဟာ ချဲလ်ဆီးထက်တောင် သာခဲ့ပေမယ့် မက်ဂိုးဒရစ်ခ်၊ မက်ဘန်း တို့ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဧပြီလ ၃ ရက်နေ့မှာ ဝက်စ်ဘရွန်းနဲ့ ပရီးမီးယားလိဂ် ကစားဖို့ရှိသလို ရှက်ဖီးလ်ယူနိုက်တက် ကတော့ လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်