ရီးရဲယ်မက်ဒရစ် ၁ – ၁ ချဲလ်ဆီး
ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာတော့ ရီးရဲယ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ ပထမပိုင်းသွင်းဂိုးတွေနဲ့ အတူ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သောမက်စ်တူဟယ်ရဲ့ အသင်းဟာ အိမ်ရှင် ရီးရဲယ်မက်ဒရစ်ကို ခြေရည်တူ ကစားသွားခဲ့ပြီး အဝေးဂိုး ၁ ဂိုးလည်း ရခဲ့တာကြောင့် ဗိုလ်လုပွဲ တက်ဖို့ အခြေအနေ ပိုသာသွားခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် ရီးရဲယ်မက်ဒရစ် ဘက်မှာ ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ်ဂျူနီယာ၊ ခရူးစ်၊ မိုဒရစ်တို့လို အဓိက ကစားသမားတွေ ကိုပဲ အသုံးပြုလာခဲ့သလို ခံစစ်မှာတော့ ဗာရန်း၊ မီလီတောင်၊ နာချိုဖာနန်ဒက်စ် ၃ ဦးကိုထားပြီး ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ တူဟယ် ကလည်း ၃-၄-၂-၁ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ တီမာဗာနာ တစ်ဦးတည်းကို အထောင်ထားပြီး နောက်မှာတော့ မေဆင်မောင့်၊ ခရစ္စတီယန် ပူလီဆစ်ချ်၊ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကန်တေ၊ တောင်ပံ နှစ်ဖက်မှာတော့ ချေးဝဲလ်နဲ့ အက်ဇ်ပီလီကျူအာတာ၊ နောက်တန်းမှာ ဆေးလ်ဗား၊ ရူဒီဂါ၊ ခရစ္စတင်ဆင် တို့ ပါဝင်လာပါတယ်။ ဂိုးသမားတွေအဖြစ် ကော့တွိုက်စ်နဲ့ မန်ဒီတို့ ပွဲထွက်လာပါတယ်။ တူဟယ်အနေနဲ့ ဇီဒန်းနဲ့ တွေ့ဆုံချိန်တိုင်းမှာ အကောင်းဆုံး ဒုက္ခပေးလေ့ရှိတဲ့ နည်းပြတစ်ဦး ဖြစ်ကြောင့် ဒီနေ့မှာလည်း ထပ်မံ သက်သေပြသွားခဲ့ပြီး အိမ်ရှင် ရီးရဲယ်မက်ဒရစ် အသာစီးမရအောင် ထိန်းချုပ်ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲအစ ၁၄ မိနစ်မှာတင် ရူဒီဂါရဲ့ ဖန်တီးပေးပို့မှုကနေ ပူလီဆစ်ချ်က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၇ မိနစ်မှာ ဇီဒန်းရဲ့ အသင်းက ချေပဂိုးပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ မီလီတောင်ရဲ့ ပေးပို့မှုကနေ ဘင်ဇီမာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ဧည့်သည် ချဲလ်ဆီးက ရီးရဲယ်မက်ဒရစ် ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှု တော်တော်များများ ပြုလုပ်နိုင်ခဲ့ပေမယ့် တီမိုဗာနာရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ တစ်ပွဲလုံး အတိုင်းအတာအရ အိမ်ရှင်အသင်း ထက်တောင် နည်းနည်းလေး ပိုသာခဲ့တယ်လို့ ဆိုရမှာပါ။ ရီးရဲယ်မက်ဒရစ်တို့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပေမယ့် ချဲလ်ဆီးကတော့ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိ ရှိခဲ့တာတွေ့ရပြီး ဂိုးသမား ကော့တွိုက်စ်ရဲ့ ကာကွယ်မှုတွေနဲ့ တီမိုဗာနာရဲ့ လွဲချော်မှုကြောင့်သာ အိမ်ရှင်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ အခုပွဲ ရလဒ်ကြောင့် ဒုတိယအကျော့မှာ ဂိုးမရှိ သရေ သို့မဟုတ် ၁-၀ နဲ့ အနိုင်ရခဲ့ရင်တောင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အသင်းရဲ့ သက်တမ်းတစ်လျှောက် ၃ ကြိမ်မြောက်အဖြစ် တက်ရောက်ခွင့် ရသွားမှာလည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲရဲ့ ထူးခြားချက်တချို့ကို ဖော်ပြရမယ်ဆိုရင်တော့ ရီးရဲယ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေမှာ တခြားအသင်းတွေထက် ချဲလ်ဆီးနဲ့ ပိုမိုတွေ့ဆုံခဲ့ပေမယ့် တစ်ကြိမ်တစ်ခါမှ အနိုင်ရဖူးခြင်း မရှိသေးပဲ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ အဝေးကွင်း ၈ ပွဲ ကစားခဲ့ရာ ၅ ပွဲသရေ၊ ၃ ပွဲရှုံးပြီး နိုင်ပွဲမရဖူးသေးတဲ့ အသင်းဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး ဘင်ဇီမာ ကတော့ ချန်ပီယံလိဂ် သွင်းဂိုး ၇၁ ဂိုးအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ခရစ္စတီယာနိုရော်နယ်ဒို၊ မက်ဆီ၊ လီဝန်ဒေါစကီးတို့ပြီးရင် စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပူလီဆစ် ကတော့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ် အဆင့်မှာ ချဲလ်ဆီး အတွက် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
ရီးရဲယ်မက်ဒရစ်တို့ လာမယ့်ရက်မှာ အိုဆာဆူနာနဲ့ ကစားဖို့ရှိပြီး ချဲလ်ဆီး ကတော့ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.