နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူတန်ကို အကြိတ်အနယ် ကစားပြီးမှ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ချဲလ်ဆီး (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

လူတန်တောင်း ၂-၃ ချဲလ်ဆီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ် တစ်ပွဲမှာတော့ ချဲလ်ဆီးတို့ ချန်ပီယံရှစ် ကလပ် လူတန်တောင်း အသင်းကို အကြိတ်အနယ် ကစားပြီး ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးတို့ လူတန်ရဲ့ စောစောစီးစီး ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် တီမိုဗာနာနဲ့ ရိုမယ်လူ လူကာကူ တို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ လူတန်တောင်းက ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီး ကတော့ ၃-၄-၄ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ လူတန်တောင်း တိုက်စစ်မှာ မက်စ်ဝီ၊ ကော်နစ်ခ်၊ ကွင်းလယ်နဲ့ ခံစစ် မှာတော့ မန်းဒက်စ်၊ ဘဲလ်၊ ဘယ်ရီ၊ ဘာကီ တို့ ပါဝင်ခဲ့ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ တီမိုဗာနာ၊ လူကာကူ၊ ဆာအူးလ် နီဂွက်ဇ်၊ ကနက်ဒီ၊ မာလန်းဆား၊ လော့ဖ်တပ်စ်ချိခ်၊ ကီပါတို့ကို ပွဲထွက်စေခဲ့ပါတယ်။

စီးရီးအေ
ရိုးမား
အတ္တလန်တာ
1X2 သရေ @ 3.15
ရိုးမား အာရှ ဟန်းဒီးကပ် -0.25 @ 2.25
ဂိုးအောက် 2.50 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိမ်ရှင်တို့ ချဲလ်ဆီးရဲ့ အထနှေးမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပွဲအစ ၂ မိနစ်ကျော် မှာတင်ပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လုခ် ဘယ်ရီရဲ့ ထောင့်ကန်ဘော ကန်တင်ပေးပို့မှု ကနေ ရီဆီ ဘာကီက ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက် စိတ်ဓာတ် တက်သွားတဲ့ လူတန်ကြောင့် ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရပြီး တောက်လျောက် ဖိအားခြင်း ခံခဲ့ရပါတယ်။ ချဲလ်ဆီးတို့ လူတန် ဂိုးပေါက်ကို ပြန်လည် ထိုးဖောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လူကာကူ ဦးဆောင်တဲ့ တိုက်စစ်က တော်တော်လေး အားနည်းနေခဲ့လို့ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၇ မိနစ် အရောက် မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ရသွားခဲ့ပြီး တီမိုဗာနာရဲ့ ထိုးဖောက်မှု ကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို ဆာအူးလ် နီဂွက်ဇ်က ဧရိယာထိပ် ကနေ မထင်မှတ်ပဲ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ဆာအူးလ် အတွက် ချဲလ်ဆီး ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဆာအူးလ်၊ တီမိုဗာနာ၊ လူကာကူ၊ မောင့် တို့ရဲ့ တွဲလုံးတွေ ကနေ ချဲလ်ဆီးတို့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ဂိုးလွန်ဘော အဖြစ်နဲ့ပဲ အဆုံးသတ်နေခဲ့ရ ပါတယ်။ ဒါ့အပြင် ပွဲချိန် မိနစ် ၄၀ မှာ တန်ပြန် တိုက်စစ် ကနေ ကောနစ်ခ်က ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့လို့ ပထမပိုင်း အပြီးမှာ ချဲလ်ဆီးတို့ ၂-၁ ရလဒ်နဲ့ ဦးဆောင်ခံထားရပါတယ်။

လူတန် ကတော့ ခြေစွမ်း အဆင့်အတန်း ကွာခြားတဲ့ ချဲလ်ဆီး ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်သွားနိုင်ခဲ့တာ ဖြစ်ပေမယ့် ကစားသမား အင်အား တောင့်တင်းမှုမှာ မယှဉ်နိုင်ခဲ့လို့ အက်ဖ်အေဖလား ပဉ္စမအဆင့် နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကို တက်လှမ်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ လူတန်တောင်း

ဒုတိယပိုင်း မှာတော့ ခရစ္စတီယန် ပူလီဆစ်ခ်၊ ဟာဗေး ဗေးလ် တို့ ထည့်ပြီး ချဲလ်ဆီးတို့ တိုက်စစ် မြှင့်လာခဲ့လို့ လူတန်တို့ ခံစစ်ပဲ အားပြုကစားခဲ့ရပါတယ်။ ပွဲချိန် ၆၈ မိနစ် မှာတော့ လော့ဖ်တပ်စ်ချိခ်ရဲ့ ပေးပို့မှု ကနေ တီမိုဗာနာက အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့လို့ ချေပဂိုး ရသွားခဲ့ပြီး လက်ကျန် မိနစ်တွေ မှာလည်း ချဲလ်ဆီး တို့ပဲ တရစပ် ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ အဲ့နောက် ၇၈ မိနစ်မှာ တီမိုဗာနာရဲ့ ပေးပို့မှု ကနေ လူကာကူ က ပြေးဝင် ပိတ်သွင်းခဲ့လို့ ချဲလ်ဆီးတို့ အနိုင်ဂိုး ရခဲ့ပါတယ်။ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရရှိသွားပြီးနောက် အနိုင်ဂိုး ကိုပဲ ထိန်းကစားသွားခဲ့လို့ ၂-၃ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး တူချယ်ရဲ့ အသင်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး အတွက်တော့ နောက်ထပ် ခက်ခဲတဲ့ နေ့ရက် တစ်ရက် ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အသင်း ပိုင်ရှင် ရိုမန် အီဗရာမိုဗစ် အနေနဲ့ အသင်းကို ရောင်းချတော့မည် ဖြစ်ကြောင်း ကြေညာ အပြီး အခု ပွဲစဉ်ကို ကစားခဲ့ရတာ ဖြစ်သလို ချန်ပီယံရှစ် ကလပ်ရဲ့ တုန့်ပြန်မှုကြောင့်လည်း ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အရန်ကစားသမား အများစုကို အားပြုခဲ့ပေမယ့် တူချယ်ရဲ့ အသင်းဟာ ကစားသမား ကောင်းတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်ခဲ့တယ် ပြောလို့ ရပါတယ်။ လူကာကူ၊ တီမိုဗာနာ တို့ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရသလောက် ဒုတိယပိုင်းမှာတော့ ခြေစွမ်းပြနိုင်ခဲ့လို့ အဖိုးတန် နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူတန် ကတော့ ခြေစွမ်း အဆင့်အတန်း ကွာခြားတဲ့ ချဲလ်ဆီး ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်သွားနိုင်ခဲ့တာ ဖြစ်ပေမယ့် ကစားသမား အင်အား တောင့်တင်းမှုမှာ မယှဉ်နိုင်ခဲ့လို့ အက်ဖ်အေဖလား ပဉ္စမအဆင့် နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လူတန်ဟာ ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်ဖို့ အားစိုက်နေတဲ့ အသင်း ဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ချဲလ်ဆီးလို အသင်း တစ်သင်းကို ဦးဆောင်ဂိုးလည်း အကြိမ်ကြိမ် သွင်းယူနိုင်ခဲ့သလို ခြေစွမ်းအရလည်း အကောင်းဆုံး ဒုက္ခပေးသွားနိုင်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိနေပြီး လူတန် ကတော့ မစ်ဒယ်ဘရော့နဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်