နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပထိပ်သီးလိဂ် ၅ခုရဲ့ ရာသီဆက် အမှတ်ပေးဖလားချန်ပီယံများ

တစ်နှစ်ပတ်လုံး ပွဲပေါင်းများစွာ ကစားပြီး အမှတ်အများဆုံးရရှိတဲ့ အသင်းသာ ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့်ရတဲ့ အမှတ်ပေးဖလားပြိုင်ပွဲဟာ အသင်းတိုင်း လွယ်လွယ်ကူကူ စွမ်းဆောင်နိုင်တဲ့ အရာတော့မဟုတ်ပါuဘူး။ ကမ္ဘာပေါ်ကအဆင့်အမြင့်ဆုံး ဥရောပထိပ်သီးလိဂ်တွေမှာဆိုရင် အမှတ်ပေးဖလားချန်ပီယံ ဖြစ်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲပါသေးတယ်။ အခက်ခဲဆုံးကတော့  ဘောလုံးရာသီတွေဆက်တိုက် အမှတ်ပေး ချန်ပီယံဖြစ်ဖို့ပါပဲ။ ဥရောပထိပ်သီးလိဂ် ၅ခုမှာ အဲ့ဒီလို ခက်ခဲတဲ့ အောင်မြင်မှုကို စွမ်းဆောင်ထားနိုင်တဲ့ အသင်းတွေရှိနေပါတယ်။ SBOTOP ဘောလုံးပရိသတ်တွေအတွက် ဥရောပအမှတ်ပေးဖလားပြိုင်ပွဲတွေရဲ့ ရာသီဆက်ချန်ပီယံ တွေအကြောင်းကို ဖော်ပြပေးသွားပါဦးမယ်။

 

၁။ ဂျူဗင်တပ်စ် (စီးရီးအေ နှစ်ဆက်ချန်ပီယံ)

စီးရီးအေ ချန်ပီယံဆုကို ၃၆ကြိမ်ထိ အများဆုံးရယူထားနိုင်တဲ့  ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၁ခုနှစ်ကနေ စလို့လက်ရှိ ၂၀၂၀ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုအတွင်း ၉ကြိမ်ဆက် အမှတ်ပေးဖလားချန်ပီယံဖြစ်ထားပါတယ်။ ဒါဟာ ဥရောပထိပ်လိဂ် ၅ခု ထဲမှာ ပြည်တွင်းဖလား အမြင့်ဆုံးစွမ်းဆောင်မှု ဖြစ်ပြီးတော့ ဂျူဗင်တပ်စ်ရဲ့ စံချိန်ကို လိုက်မှီဖို့ အနီးစပ်ဆုံး အဖြစ် ဘေယန်မြူးနစ် တစ်သင်းပဲ ရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၁၀စုနှစ်တစ်ခုအတွင်း စီးရီးအေ အပါအ၀င် ဆုဖလား ၁၉ခုရရှိထားပေမယ့် ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုပြန်ရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်တက်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း အင်တာမီလန်၊ လာဇီယို တို့လို စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေ ပေါ်ထွက်လာခဲ့တာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ လာမယ့်နှစ်မှာ စီးရီးအေ ၁၀ကြိမ်ဆက်ချန်ပီယံ ဖြစ်ဖို့ ခက်ခဲဦးမှာပါ။

 

၂။ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ ၈နှစ်ဆက်ချန်ပီယံ)

၁၀စုနှစ်အတွင်း အမှတ်ပေးဖလားနဲ့ ဥရောပ ဆုဖလားစုစုပေါင်း ၂၆လုံးထိရယူနိုင်ခဲ့ပါတယ်။
၆ကြိမ်‌မြောက် ချန်ပီယံလိဂ်ဖလား ရရှိထားတဲ့ ဘေယန်မြူးနစ်

လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်း ဘေယန်မြူးနစ်ကတော့ ချန်ပီယံလိဂ်ဖလားကို ၆ကြိမ်မြောက်ရရှိခဲ့ပြီး အစောပိုင်းကလည်း ပြည်တွင်းဖလား နှစ်လုံးလည်း ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါဖလားကို ၂၀၁၂ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ ၈နှစ်ဆက်တိုက် ရရှိထားပြီး ဂျူဗင်တပ်စ်ပြီးရင် အမြင့်ဆုံး ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့  အတောင့်တင်းဆုံးနဲ့ အကောင်းဆုံးအသင်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေမှာ  အဓိကပြိုင်ဘက်ဆိုလို့ ဒေါ့မန် တစ်သင်းပဲရှိပါတယ်။ အခုနောက်ပိုင်းမှာမှ လိုက်ပ်ဇစ်၊ လေဗာကူဆင်တို့ ခြေပြန်တက်လာလို့ ဘေယန်မြူးနစ်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် အမှတ်ပေးဖလားအတွက်တော့ ပြိုင်ဘက်ကောင်းတွေ ဖြစ်မလာသေးပါဘူး။ ပြီးခဲ့တဲ့ ၁၀စုနှစ်အတွင်း အမှတ်ပေးဖလားနဲ့ ဥရောပ ဆုဖလားစုစုပေါင်း ၂၆လုံးထိရယူနိုင်ခဲ့ပါတယ်။ လက်ရှိ ဥရောပမှာ ဘေယန်မြူးနစ်ကို ယှဉ်ပြိုင်နိုင်မယ့် အသင်း မရှိသေးဘူးဆိုတာကို ပြီးခဲ့တဲ့ ချန်ပီယံလိဂ်က သက်သေခံနေပါတယ်။

 

၃။ လိုင်ယွန် (လီဂူး၀မ်း ၇နှစ်ဆက်ချန်ပီယံ)

၂၀၀၀ ပြည့်နှစ် ကာလတွေဟာ ပြင်သစ်လီဂူး၀မ်းကလပ် လိုင်ယွန်ရဲ့ အအောင်မြင်ဆုံး ကာလတွေလို့ပြောလို့ရပြီး စံချိန်တင် ၇နှစ်ဆက် လီဂူး၀မ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဂျူနင်ဟို၊ ဂိုဗူး၊ ဂျွန်ကာရူး တို့လို ကစားသမားတွေ ပိုင်ဆိုင်ခဲ့တဲ့ လိုင်ယွန်တို့  ၂၀၀၁ခုနှစ်မှာ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြည်တွင်း အမှတ်ပေးဖလား ရရှိခဲ့ပြီး အဲ့ဒီနောက် ၇နှစ်ဆက်တိုက် လီဂူး၀မ်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ လက်ရှိ လီဂူး၀မ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာလည်း လိုင်ယွန်ရဲ့ စံချိန်ကို လိုက်မှီဖို့ အကောင်းဆုံးအခြေအနေမှာ ရှိခဲ့ပေမယ့် ၂၀၁၆-၂၀၁၇မှာ မိုနာကို အသင်းက ကြားဖြတ်ချန်ပီယံဖြစ်ခဲ့လို့ ၄နှစ်ဆက် အောင်မြင်မှုပဲရရှိခဲ့ပါတယ်။

 

၄။ အင်တာမီလန်/တိုရီနို (စီးရီးအေ ၅နှစ်ဆက်ချန်ပီယံ)

စီးရီးအေ မှာ ဂျူဗင်တပ်စ်ပြီးရင် ၅နှစ်ဆက်တိုက် ချန်ပီယံဆုရရှိခဲ့တဲ့ အသင်းနှစ်သင်းရှိပါတယ်။ တိုရီနို အသင်းဟာ ၁၉၄၅ခုနှစ်ကနေ ၁၉၅၀ခုနှစ်အထိ ၅နှစ်ဆက်တိုက် စကူဒက်တိုချန်ပီယံဖြစ်ခဲ့ပြီးတော့ အင်တာမီလန်ကတော့ ၂၀၀၅ခုနှစ်ကနေ ၂၀၁၀ခုနှစ်အထိ ချန်ပီယံဖြစ်ခဲ့တာပါ။ အင်တာမီလန်ရော တိုရီနိုရောဟာ တစ်ချိန်က အောင်မြင်မှူတွေ အလီလီဆွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ အောင်မြင်မှုတွေ ရဖို့ရုံးကန်နေရတဲ့အပြင် တိုရီနို အသင်းဆိုရင် တန်းမဆင်းရရေး ရုံးကန်နေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

 

၅။ ရီးရဲမက်ဒရစ် (လာလီဂါ ၅နှစ်ဆက်ချန်ပီယံ)

လာလီဂါ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်ကတော့ လာလီဂါချန်ပီယံဘွဲ့ကို ၃၄ကြိမ်ထိ ရရှိထားပြီး ၁၉၆၁ကနေ၁၉၆၅ထိမှာ တစ်ကြိမ် ၁၉၈၅ကနေ ၁၉၉၀ထိ တစ်ကြိမ် ၅နှစ်ဆက်ချန်ပီယံ ဖြစ်ထားပါတယ်။ ဘာစီလိုနာအသင်း အောင်မြင်တွေ မရခင်က လာလီဂါမှာ ရီးရဲမက်ဒရစ် တစ်သင်းတည်းပဲ မင်းမူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ဆုဖလားပေါင်း ၁၀၀ကျော်ရရှိထားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်