နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြိတ်အနယ် ကစားပြီး အတ္တလန်တာတို့ နောက်တစ်ဆင့်တက်မယ် – ကိုပါအီတလီယာဖလား ပွဲကြိုသုံးသပ်ချက်

အတ္တလန်တာ vs လာဇီယို

မနက်ဖြန် မနက်အစောပိုင်းမှာတော့ အတ္တလန်တာနဲ့ လာဇီယိုတို့ကစားမယ့် ကိုပါအီတလီယာ ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ရှိနေပြီးတော့ အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်လို့ ကျိန်းသေပေါက် ကြည့်ကောင်းလာဦးမှာ သေချာပါတယ်။ နှစ်သင်းစလုံး လက်ရှိမှာ အကောင်းဆုံး ပုံစံနဲ့ ရှေ့ဆက်နေပြီး နိုင်ပွဲတွေလည်း ဆက်တိုက် ရရှိထားလို့ ဘယ်အသင်းက အမှား အနည်းဆုံးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရပါမယ်။

အတ္တလန်တာတို့ နောက်ဆုံးကစားခဲ့တဲ့ အေစီမီလန်နဲ့ စီးရီအေ ပွဲစဉ်မှာ တစ်သင်းလုံး စွမ်းဆောင်ရည် အပြည့်နဲ့ ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့ပြီး ၃ ဂိုးပြတ်ဆိုတဲ့ ရလဒ်တစ်ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီး တစ်သင်းကို အလဲထိုးပြခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပဲ စီးရီးအေမှာလည်း ၁၉ ပွဲကစားရာမှာ ၁၀ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အတ္တလန်တာတို့ ကိုပါအီတလီယာ ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး နောက်ဆုံး ၃ နှစ်မှာ ဗိုလ်လုပွဲတစ်ကြိမ်၊ ဆီမီးဖိုင်နယ် တစ်ကြိမ် တက်လှမ်းခဲ့ပြီး မနှစ်ကတော့ ၁၆ အသင်းအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။ တစ်ချက်ရှိတာက လာမယ့်ပွဲစဉ်တွေမှာ လာဇီယို၊ နာပိုလီ တို့နဲ့ ကစားဖို့ရှိနေတဲ့ အပြင် ဖေဖော်ဝါရီလက စပြီး ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားဖို့ရှိနေလို့ ပွဲပန်းတဲ့ ဒဏ်ကို ရှောင်ဖို့ အတ္တလန်တာတို့ သိပ်ပြီးအာရုံစိုက်ချင်မယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ပါဆာလစ်၊ ဟိတ်ဘိုးဝါး တို့ ဒဏ်ရာ ရနေတာကလွဲရင် အီလီချစ်၊ ဇာပါတာ၊ ဂိုဆန်၊ အလက်ဂျန်ဒရို ဂိုးမက်ဇ်၊ ဖရီအူလာ တို့လို ကစားသမားကောင်းတွေ ရှိနေလို့ လာဇီယိုတို့ လွယ်ကူမယ့် အခြေအနေတော့ ရှိမနေပါဘူး။

 
လာဇီယိုကတော့ ကိုပါအီတလီယာ ဖလားဆိုရင် အာရုံစိုက်ကစားတတ်တဲ့ အသင်းဖြစ်ပြီး ချန်ပီယံဆုလည်း ၇ ကြိမ်အထိ ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် လာဇီယိုတို့ နောက်ဆုံး ကစားခဲ့တဲ့ ကိုပါအီတလီယာ ဖလား ၁၂ ပွဲမှာ ၁၁ ပွဲ ရှုံးပွဲမရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ ကြည့်မယ်ဆိုရင်လည်း လာဇီယိုတို့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီး အသင်းလိုက် ကစားပုံ ပြန်ပြီး တည်ငြိမ်နေတာ တွေ့ရပါတယ်။ အနိုင်ရခဲ့တဲ့ ပွဲတွေကလည်း ဖီအိုရင်တီးနား၊ ရိုးမား၊ ဆာဆူအိုလို တို့လို အသင်းတွေကို ဖြစ်လို့ လာဇီယိုတို့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ပိုင်ဆိုင်နေပြီဆိုတာ သိသာပါတယ်။ လာဇီယိုတို့ရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၂ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

လာဇီယိုကတော့ ကိုပါအီတလီယာ ဖလားဆိုရင် အာရုံစိုက်ကစားတတ်တဲ့ အသင်းဖြစ်ပြီး ချန်ပီယံဆုလည်း ၇ ကြိမ်အထိ ရရှိထားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားတဲ့ လာဇီယို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လာဇီယိုနဲ့ အတ္တလန်တာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု စုစုပေါင်း ၃၇ ကြိမ်မှာ လာဇီယိုတို့ ၁၇ ကြိမ် အနိုင်ရပြီး အတ္တလန်တာ ကတော့ ၁၁ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာတော့ အတ္တလန်တာက ၃ ပွဲအနိုင်ရပြီး ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အတ္တလန်တာ vs လာဇီယို 1X2 အတ္တလန်တာ @ 1.81
ဇန်နဝါရီလ ၂၇ ရက်, ည ၁၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၂၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ လာဇီယိုရော အတ္တလန်တာပါ အကောင်းဆုံး ပုံစံမှာ ရှိနေလို့ ကျိန်းသေပေါက် သူတင်ကိုယ်တင် ကစားပြီး အကြိတ်အနယ်လည်း ရှိလာဦးမှာ သေချာပါတယ်။ လာဇီယိုတို့ ပြိုင်ပွဲကို အာရုံစိုက်လာမှာ မှန်ပေမယ့် အတ္တလန်တာကလည်း ဆုဖလားတစ်လုံးနဲ့ လက်တစ်ကမ်း အကွာမှာ ရှိနေလို့ အခွင့်အရေးကောင်းကို လက်လွတ်ခံမယ် မထင်ပါဘူး။ စိတ်ဓာတ်တက်ကြွနေပြီး ကစားပုံပိုတည်ငြိမ်တဲ့ အတ္တလန်တာကို ယုံကြည်ထားချင်ပါတယ်။ အတ္တလန်တာတို့ ၂-၁ လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်