နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခံစစ်အမှား၊ နားလည်မှု အလွဲတွေနဲ့ အဖိုးတန် ၃ မှတ် ဆုံးရှုံးခဲ့ရတဲ့ ဘာစီလိုနာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဆယ်တာဗီကို ၃ – ၃ ဘာစီလိုနာ

ယာယီနည်းပြနဲ့ ခရီးဆက်နေရတဲ့ ဘာစီလိုနာတို့ မနေ့ညက ဆဲလ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ ဦးဆောင်ဂိုးတွေ ရခဲ့ပေမယ့် ခံစစ် အမှားတွေကြောင့် အဖိုးတန် ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ အိမ်ရှင် ဆယ်တာဗီကို ကလည်း ဝါရင့် တိုက်စစ်မှူးတွေရဲ့ အားနဲ့အတူ ချေပဂိုး ပြန်ယူပြီး အိမ်ကွင်း ရှုံးပွဲ မကြုံဖို့ အကောင်းဆုံး လုပ်ပြ နိုင်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခဲ့ရခြင်း နဲ့အတူ ပရိသတ် အကြိုက် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

အီယာဂို အက်စ်ပက်စ်ရဲ့ သွင်းဂိုးတွေကြောင့် အဖိုးတန် သရေ ၁ မှတ် ရခဲ့တဲ့ ဆယ်တာဗီဂို ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဆယ်တာဗီဂို

အမှတ်ပေးဇယား အောက်ခြေကို ရောက်နေတဲ့ ဘာစီလိုနာရဲ့ ရုန်းအား အမှန်ကို မြင်တွေ့ ခဲ့ရပေမယ့် ရလဒ်ကတော့ အားရစရာ မရှိခဲ့ပါဘူး။ ၃ ဂိုးပြတ် ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေး ခဲ့ရတာက အိမ်ရှင် ဆယ်တာဗီကိုရဲ့ ရုန်းအားကိုလည်း မြင်တွေ့ခဲ့ရတာပါ။ နိုလီတို၊ အိုင်ဂိုအက်စ်ပတ်၊ မူရီလို၊ တာပီရာ တို့ရဲ့ ကစားပုံက ဘာစီလိုနာကို တော်တော်လေး ဖိအား ပေးနိုင်ခဲ့ပါတယ်။ ယာယီ နည်းပြ ဆာဂီရဲ့ ၄-၃-၃ ကစားကွက်မှာ အန်စုဖာတီ၊ ဒီပေးလ်၊ ဘက်စကွက်စ်၊ ဒီဂျောင်၊ ဂျော်ဒီအယ်လ်ဘာတို့ ပါဝင် လာခဲ့တာပါ။ ပွဲအစ ၅ မိနစ် ကတည်းက အန်စုဖာတီက ဦးဆောင်ဂိုး သွင်းပေးခဲ့ခြင်း နဲ့အတူ အိမ်ရှင်အသင်းကို ဖိအားပေး ခဲ့ပါတယ်။ အထနှေးနေတဲ့ ဆယ်တာဗီကိုတို့ ခံစစ်မှာသာ အမှားများ နေခဲ့ပြီး ဖိအားတွေ ရှိခဲ့ပါတယ်။ တရစပ် တိုက်စစ် ဆင်နေတဲ့ ဘာစီလိုနာတို့ ဆက်တိုက် ဆိုသလို ပွဲချိန် ၁၈ မိနစ်မှာ ဘက်စကွက်၊ ပွဲချိန် ၃၄ မိနစ်မှာ ဒီပေးလ်တို့က ဂိုးတွေ ထပ်သွင်း ခဲ့တဲ့အတွက် ဘာစီလိုနာတို့ အပြတ်အသတ် ဦးဆောင် နိုင်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဘာစီလိုနာကပဲ ပွဲကို ဦးဆောင်ခဲ့ပြီး ဆယ်တာဗီကိုတို့ တန်ပြန် တိုက်စစ်သာ ရင်ဆိုင် ခဲ့ရတာပါ။ ဒုတိယပိုင်း စစချင်းမှာ ကီဗင်ဗက်စ်ကွက်၊ ဖရန်ဘယ်ထရန်တို့ လူစား ဝင်လာခဲ့ ပြီးတဲ့နောက် အိမ်ရှင်တို့ အခွင့်အရေးတွေ ရရှိခဲ့တယ်။ ဘာစီလိုနာရဲ့ ခံစစ်ပိုင်းကလည်း အမှားများ လာခဲ့ပြီး အဲရစ်ဂါစီယာ၊ အန်စုဖာတီတို့ကို လူစားလဲခဲ့ခြင်းက နိုင်ပွဲ ပျောက်ဆုံးဖို့ အစ ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၅၂ မိနစ်မှာတင် အိုင်ဂိုအက်စ်ပတ်က ပထမ ချေပဂိုး ရယူပေးခဲ့ပြီး ပွဲကို ပြန်ပြီး ဦးဆောင်ခဲ့ပါတယ်။ပွဲချိန် ကြာလာတာ နဲ့အမျှ ဆယ်တာဗီကိုတို့ ဘောလုံး ပိုင်ဆိုင်မှုပိုင်းပါ အသာရခဲ့တာပါ။ ဆက်တိုက် ဆိုသလို ဖိအားပေးနေခြင်း နဲ့အတူ ပွဲချိန် ၇၄ မိနစ်မှာ မီလီတိုက ဒုတိယ ချေပဂိုး ရယူပေးခဲ့တဲ့ အတွက် ဘာစီလိုနာတို့ ဖိအား ရှိလာခဲ့ပါတယ်။ ပထမပိုင်း မှာတုန်းက ဦးဆောင်ခဲ့သလောက် ဒုတိယပိုင်းမှာ အမှားများခဲ့တဲ့ ဘာစီလိုနာ အတွက် ပေးဆပ်မှု ကြီးမားခဲ့တယ်လို့ ဆိုရပါမယ်။ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ အိုင်ဂိုအက်စ်ပတ်က တတိယမြောက် ချေပဂိုးကို ရယူပေးခဲ့ ပြီးတဲ့နောက် ဘာစီလိုနာတို့ ဘယ်လိုမှ မတတ်နိုင်ဘဲ အဝေးကွင်းမှာ သရေတစ်မှတ် နဲ့ပဲ ကျေနပ်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဘာစီလိုနာတို့ လာလီဂါ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၉ နေရာ အထိ ကျဆင်းခဲ့ပါတယ်။ အီယာဂို အက်စ်ပက်စ်ရဲ့ သွင်းဂိုးတွေကြောင့် အဖိုးတန် သရေ ၁ မှတ် ရခဲ့တဲ့ ဆယ်တာဗီဂို ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

 

ဘာစီလိုနာတို့ ယုံကြည်မှု လွန်ကဲ ခဲ့တဲ့အတွက် အဖိုးတန် ၃ မှတ် ဆုံးရှုံးခဲ့ရတာပါ။ ဆယ်တာဗီကို ကတော့ ဝါရင့် ကစားသမားတွေရဲ့ အတွေ့အကြုံတွေ နဲ့အတူ အကောင်းဆုံး ရလဒ်ကို ရယူ နိုင်ခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုး တွေ မြင်တွေ့ခဲ့ရသလို နှစ်ဖက် နည်းပြတွေရဲ့ ပြောင်မြောက်တဲ့ ဗျူဟာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဘာစီလိုနာ ယာယီ နည်းပြရဲ့ ထက်မြတ်တဲ့ တိုက်စစ် ပွဲထုတ်ပုံက အလုပ်ဖြစ်ခဲ့ပေမယ့် ခံစစ်ပိုင်း ကတော့ လိုအပ်ချက် ရှိနေခဲ့ပါတယ်။ ဆယ်တာဗီကို နည်းပြအက်ဒွာဒိုရဲ့ ဒုတိယပိုင်း ပွဲချဉ်းကပ်ပုံက အဆင့်တစ်ခု ရှိနေခဲ့သလို လိုအပ်တဲ့ ဂိုးတွေကို ရယူ နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အသေချာဆုံး ကတော့ ဘာစီလိုနာ တိုက်စစ် တည်ငြိမ်တယ်၊ ယာယီ နည်းပြကြောင့် လူစား လဲလှယ်မှု လိုအပ်ချက်ကြောင့် အမှတ် ဆုံးရှုံးခဲ့တယ်လို့ပဲ ယူဆမိပါတယ်။ ဆယ်တာဗီကိုကတော့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိသူတွေရဲ့ အားနဲ့ လိုအပ်တာကို ရယူ နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

 

လာမယ့်ပွဲစဉ်များ

ဆယ်တာဗီကို အနေနဲ့ လာမယ့် စပိန်လာလီဂါ ပွဲစဉ်မှာ ဗီလာရီးရဲယ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေပြီး ဘာစီလိုနာ ကတော့ အိမ်ကွင်းမှာ ကာတလန်ဒါဘီ ပြိုင်ဘက် အက်စပန်ညိုနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်