နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ရာထူး ကနေ နှုတ်ထွက်မယ်လို့ ဒက်စ်ရွှမ့် အတည်ပြု

ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့် ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ရာထူး ကနေ နှုတ်ထွက်တော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒက်စ်ရွှမ့် ဟာ ပြင်သစ် လက်ရွေးစင် အသင်းကို ကာလရှည်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီးတော့ အောင်မြင်မှု များစွာလည်း ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒက်စ်ရွှမ့်က ပြင်သစ် ရုပ်သံ TF1 နဲ့ အင်တာဗျူးမှာ အခုလို ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား အလွန်မှာ ပြင်သစ် လက်ရွေးစင် အသင်းကို ကျိန်းသေပေါက် နည်းပြသစ်နဲ့ မြင်တွေ့ရဖို့ များနေပြီ ဖြစ်ပါတယ်။ အနားယူမယ့် ကိစ္စနဲ့ ပတ်သတ်လို့ ပြင်သစ်သားကြီးက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

“၂၀၂၆ ခုနှစ် မှာတော့ ဒါဟာ ပြီးဆုံးသွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ဒါက ရှင်းရှင်းလင်းလင်းပါပဲ။ ပြင်သစ် လက်ရွေးစင် အသင်းကို အမြင့်ဆုံး အဆင့်မှာ ဆက်ရှိစေချင်တဲ့ ဆန္ဒ၊ စိတ်အားထက်သန်မှုတွေနဲ့ အတူ ကျွန်တော့်ရဲ့ အချိန်တွေေ အဆုံးသတ်သွားမှာပါ။ တစ်ခု ကတော့ ရပ်တန့်လိုက်ပါလို့ ပြောနိုင်ရမယ်။ အဲဒီနောက်မှာ ဘဝ တစ်ခု ရှိနေပါသေးတယ်။ အရေးအကြီးဆုံးအရာ ကတော့ ပြင်သစ် လက်ရွေးစင် အသင်း အနေနဲ့ နှစ်ပေါင်း များစွာ ရှိခဲ့တဲ့ ထိပ်ဆုံး နေရာမှာ ဆက်ရှိနေဖို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဒက်စ်ရွှမ့်က အသင်းခေါင်းဆောင် အဖြစ်နဲ့ ၁၉၉၈ ကမ္ဘာ့ဖလား နဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲတွေမှာ ကစားခဲ့ပြီး ချန်ပီယံဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်နဲ့ အတူ အောင်မြင်မှုများစွာ ရရှိတဲ့ ဒက်စ်ရွှမ့်

အသက် ၅၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒက်စ်ရွှမ့်က ပြင်သစ် လက်ရွေးစင် အသင်းကို ၂၀၁၂ ခုနှစ် ကတည်းက စတင် ကိုင်တွယ်ခဲ့ပြီးတော့ ၁၂ နှစ် ကျော်ကြာ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်းက ဒက်စ်ရွှမ့် လက်ထက်မှာ ၂၀၁၈ ကမ္ဘာ့ဖလား နဲ့ ၂၀၂၁ နေးရှင်းလိဂ် ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့ပြီးတော့ ယူရို ၂၀၁၆နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား မှာတော့ ဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။

ပြင်သစ် ကွင်းလယ်လူဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဒက်စ်ရွှမ့်စ်ဟာ မာရီယို ဇာဂါလိုနဲ့ ဖရန့်ခ် ဘက်ကင်ဘောင်ဝါတို့ ပြီးနောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကစားသမားဘဝနဲ့ရော၊ နည်းပြ အဖြစ် နဲ့ပါ ရယူနိုင်ခဲ့တဲ့ တတိယမြောက် နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။ ဒက်စ်ရွှမ့်က ကစားသမားဘဝမှာ ကွင်းလယ် ခံစစ် နေရာမှာ ကစားခဲ့ပြီးတော့ ပြင်သစ် အသင်း အတွက် ပွဲပေါင်း ၁၀၃ ပွဲ ကစားခဲ့ပါတယ်။ ဒါ့အပြင် ဒက်စ်ရွှမ့်က အသင်းခေါင်းဆောင် အဖြစ်နဲ့ ၁၉၉၈ ကမ္ဘာ့ဖလား နဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲတွေမှာ ကစားခဲ့ပြီး ချန်ပီယံဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဒက်စ်ရွှမ့်ဟာ နည်းပြ ဘဝ မှာတော့ ပြင်သစ် လက်ရွေးစင် အသင်း ကိုတော့ ပွဲပေါင်း ၁၆၅ ပွဲ ကိုင်တွယ်ပြီး ၁၀၆ ပွဲနိုင်၊ ၃၁ ပွဲ သရေ၊ ၂၈ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အကယ်၍ ဒက်စ်ရွှမ့်သာ အနားယူသွားခဲ့မယ် ဆိုရင်တော့ ပြင်သစ် လက်ရွေးစင် အသင်း အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ အောင်မြင်မှုတွေ ရခဲ့တဲ့ ဇနက်ဒင် ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်သွားဖွယ် ရှိနေပါတယ်။ ဇီဒန်း ကလည်း ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူးကို ဆက်ခံဖို့ အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်