နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရန် နိုင်ပွဲ ၂ ပွဲသာ လိုတော့တဲ့ အင်္ဂလန် (ပွဲပြီးသုံးသပ်ချက်)

အန်ဒိုရာ ၀ – ၅ အင်္ဂလန်

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန်ရဲ့  အုပ်စု (ဈ) ပွဲစဉ် ၇ အဖြစ် အင်္ဂလန်နဲ့ အန်ဒိုရာတို့ ယှဉ်ပြိုင် ကစားခဲ့ရာ အကောင်းဆုံး ခြေစွမ်းနဲ့ အတူ အင်္ဂလန်တို့  ၅ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်။ ကစားသမား စုဖွဲ့မှု၊ နည်းပြ အစရှိတဲ့ အဘက်ဘက်က အသာရနေတဲ့ အင်္ဂလန်ကို အိမ်ရှင် အန်ဒိုရာတို့ ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန်ရဲ့  အုပ်စု(ဈ) အမှတ်ပေး ဇယား အောက်ခြေမှာ ရှိနေတဲ့ အန်ဒိုရာရဲ့ အခြေအနေက အင်္ဂလန်အတွက် ပြိုင်ဘက်ကောင်း အဆင့်မှာ ရှိမနေခဲ့ပါဘူး။ ထိပ်တန်း အသင်းကြီး တစ်သင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့ အချိန် ပေးဂိုး မများအောင် ခံစစ် ၅ ယောက်အထိ ထားပြီး ကစားခဲ့ပေမယ့် ထင်သလောက် အလုပ် မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။ အထူးသဖြင့် ၅-၄-၁ ကစားကွက်ကို အသုံးပြုခဲ့တဲ့ အန်ဒိုရာ နောက်တန်းက ဆန်ချို၊ ဆာကာ တို့ရဲ့တောင်ပံ တိုက်စစ် တိုးအားတွေနဲ့ အတူ အင်္ဂလန်တို့ သွင်းဂိုး အများစု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 
ပွဲချိန် ၁၄ မိနစ်မှာ ကတည်းက နောက်ခံလူ ဘင်ချီးဝဲလ်ရဲ့ ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့တဲ့ အင်္ဂလန်ဟာ ပွဲချိန် မိနစ် ၄၀ မှာ သွင်းယူခဲ့တဲ့ ဘူကာယို ဆာကာရဲ့ ဂိုးကြောင့် ပထမပိုင်း အပြီး ၂ ဂိုးပြတ် ဦးဆောင် နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အန်ဒိုရာရဲ့ တန်ပြန် တိုက်စစ် တစ်ချက်က အလုပ်ဖြစ်ခဲ့တယ် ဆိုပေမယ့် အင်္ဂလန်ရဲ့ ဂိုးပေါက် ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲစဉ် တစ်လျှောက်လုံး ခြေစွမ်းပြနေတဲ့ ဆန်ချိုရဲ့ ဖန်တီး ပေးပို့မှုကို အေဘရာဟင်က  ပွဲချိန် ၅၉ မိနစ်မှာ အင်္ဂလန် အတွက် တတိယဂိုး၊ ၇၉ မိနစ်မှာ ဂျိမ်းစ်ဝက်စ် ပရောက်ရဲ့ စတုထ္ထဂိုး၊ ၈၆ မိနစ်မှာ ဂရီးလစ်ရှ်ရဲ့ ပဉ္စမဂိုး တို့ကြောင့် ပွဲအပြီးမှာ အင်္ဂလန်တို့ ဂိုးပြတ် အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်ပြီး ရပ်တည် နိုင်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လာမယ့် အောက်တိုဘာ ၁၃ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပွဲစဉ်တွေ အဖြစ် အင်္ဂလန်က အမှတ်ပေး ဇယားအဆင့် ၄ နေရာမှာ ရှိနေတဲ့ ဟန်ဂေရီတို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေပြီး အန်ဒိုရာကတော့ ဆမ်မာရီနို အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။
အင်္ဂလန်ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ကျော့ပေါင်း ၉ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အန်ဒိုရာ

အန်ဒိုရာ အတွက် အမှတ်လိုတဲ့ ပွဲစဉ် မဟုတ်ပေမယ့် အိမ်ရှင် ဆိုတဲ့ အချက် တစ်ချက် တည်းနဲ့တင် အကောင်းဆုံး ပြင်ဆင်မှု၊ အမာကျောဆုံး ခံစစ် စုဖွဲ့မှု နဲ့အတူ အင်္ဂလန်ကို ရင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ အင်္ဂလန်ရဲ့ ကစားသမား စုဖွဲ့မှုကို အန်ဒိုရာတို့ ဘယ်လိုမှ ရင်ဆိုင်နိုင်ခြင်း မရှိခဲ့တာ ကိုတော့ လက်ခံရမှာပါ။ ခံစစ် ဇုန်ထဲမှာ ကစားသမား ၈ ယောက် အထိ ရှိခဲ့ပေမယ့် အခုလို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ အင်္ဂလန်တို့ရဲ့ အဓိက စွမ်းဆောင် နိုင်သူက တောင်ပံ ကစားသမား ဆန်ချိုလို့ပဲ ပြောရမှာပါ။ ပွဲစဉ် တစ်လျှောက်လုံး အန်ဒိုရာ ကစားသမားတွေကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘန်ချီးဝဲလ်ရဲ့ ဦးဆောင်ဂိုး၊ အေဘရာဟင်ရဲ့ တတိယမြောက် ဂိုးတွေ အတွက် အကောင်းဆုံး ဖန်တီး ပေးနိုင်ခဲ့တာ ကတော့ အဓိက သက်သေပါ။ အဓိက အားသာချက်က ဆန်ချို၊ ဆာကာ တို့ရဲ့ တောင်ပံ တိုက်စစ်က ဒီပွဲ အနိုင်ရဲ့ အဓိက အချက်တစ်ခု ဖြစ်ခဲ့ပြီး အင်္ဂလန်ရဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ ရည်မှန်းချက်ခြေလှမ်း တစ်လှမ်း တိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ အင်္ဂလန် တို့ဟာ ဒုတိယ နေရာက  အယ်လ်ဘေးနီးယားကို ၄ မှတ် အထိ ဖြတ်ထား နိုင်ခဲ့တဲ့ အတွက် လက်ကျန် ပွဲစဉ် ၃ ပွဲ ၂ ပွဲ နိုင်ရုံနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်တော့မှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် အောက်တိုဘာ ၁၃ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပွဲစဉ်တွေ အဖြစ် အင်္ဂလန်က အမှတ်ပေး ဇယားအဆင့် ၄ နေရာမှာ ရှိနေတဲ့ ဟန်ဂေရီတို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေပြီး အန်ဒိုရာကတော့ ဆမ်မာရီနို အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်