နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစစ်ပွဲအောင်မြင်ရေးအနိုင် ၃ မှတ် အတွက် အမှားခံမှာမဟုတ်တဲ့ အင်္ဂလန် (၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲကြိုသုံးသပ်ချက်)

အင်္ဂလန် – အဲလ်ဘေးနီးယား

အင်္ဂလန် အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ၃ မှတ်သာလိုအပ်တဲ့ အချိန်မှာအဲလ်ဘေးနီးယားနဲ့ တွေ့ဆုံနေတာကြောင့် ပွဲချောင်နေတယ် ထင်ရပေမယ့် မထင်မှတ်ပဲခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲလည်းဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် အဲလ်ဘေးနီးယားတို့ PlayOffတစ်နေရာစာ မျှော်လင့်ချက် အတွက် အားကုန်ထုတ် ရုန်းလာနိုင်တဲ့ အချက် ကလည်းအခုပွဲကိုစိတ်ဝင်စားမှုပိုပြီးရှိသွားစေတယ်လို့ ဆိုရပါမယ်။

အထက်မှာပြောခဲ့သလိုပဲအင်္ဂလန် အတွက်ကကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အတွက် ဆိုရင် ၃ မှတ်ပဲလိုတော့တယ်လို့ ပြောလို့ ရပါတယ်။ လက်တလောဥရောပဇုန် အုပ်စု (I)ရဲ့ ထိပ်ဆုံးကနေ ၃ မှတ် ဖြတ် ဦးဆောင်နေတဲ့ အင်္ဂလန်တို့ လက်ကျန် ပွဲစဉ် ၂ ပွဲသာကျန်ရှိတော့ချိန်မှာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အကောင်းဆုံးအခြေအနေတစ်ခုကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီပွဲပြီးရင် နောက်ဆုံးပွဲစဉ်မှာဆန်မာရီယိုနဲ့ ကစားရမှာဖြစ်တာကြောင့် သိပ်တော့ စိုးရိမ်စရာမရှိပေမယ့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရေးအတွက်တတ်နိုင်သမျှ အမှားခံလို့တော့ မရပါဘူး။နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် မှာဆိုရင် ဟန်ဂေရီနဲ့ သရေမကျသင့်ပဲကျခဲ့တဲ့ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်းအနေနဲ့ အခုပွဲမှာဒီကလန် ရိုက်စ်၊ လုခ်ရှော၊ မေဆင်မောင့်တို့ မပါရင်တောင် ကျိန်းသေပေါက် အနိုင်ရဖို့ ပြင်ဆင်လာပါလိမ့်မယ်။ ဟယ်ရီကိန်းဦးဆောင်လာမယ့် တိုက်စစ်နဲ့အတူဆာကာ၊ စတာလင်၊ ဖိုဒန်၊ ကယ်ဗင်ဖီးလစ်၊ ဟန်ဒါဆင်၊ ဝေါလ်ကာ၊ စတုန်းစ်၊ မက်ဂွိုင်းယား၊ ချေးလ်ဝဲလ်၊ ပစ်ခ်ဖို့ဒ် တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

 

အင်္ဂလန်ထက် စာရင် အဲလ်ဘေးနီးယားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play Off တစ်နေရာစာအတွက် ဖိအားတွေပိုများနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲလ်ဘေးနီးယားတို့ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ် ၅ ပွဲမှာပိုလန် တစ်သင်းတည်းကိုပဲနှစ်ကျော့လုံးရှုံးနိမ့်ထားခဲ့ပေမယ့်ဟန်ဂေရီကိုနှစ်ကျော့စလုံးအနိုင်ယူထားသလိုဆန်မာရီနိုကိုလည်းဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာပိုလန်ကိုခြေရည်တူကစားပြီးမှ ၀-၁ ရလဒ်နဲ့ ကပ်ပြီးရှုံးနိမ့်ခဲ့တာဖြစ်လို့ အဲလ်ဘေးနီးယားရဲ့ ခြေစွမ်းကိုလုံးဝအထင်သေးလို့တော့ မရပါဘူး။တစ်ခါတစ်ရံ ၄-၃-၃ ကစားကွက်ကိုအသုံးပြုတတ်ပေမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ ပွဲအများစုမှာတော့ နောက်ခံလူ ၃ ယောက်ထားပြီးကစားတတ်တဲ့ အဲလ်ဘေးနီးယားရဲ့ ကစားပုံကြောင့် အင်္ဂလန်တို့ အတိုင်းအတာတစ်ခုအထိတော့ ခက်ခက်ခဲခဲကစားရမယ့် သဘောရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ် ပထမအကျော့ မှာတော့ အင်္ဂလန်တို့ အဲလ်ဘေးနီးယားကွင်းမှာမေဆန်မောင့်၊ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ ပထမအကျော့အရဆိုရင်တော့ အင်္ဂလန်တို့ အဘက်ဘက်ကအသာရခဲ့တယ်လို့ ပြောလို့ ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အင်္ဂလန် – အဲလ်ဘေးနီးယား အချိန်ပြည့် ဂိုးအောက် ၃.၀၀ @ ၁.၇၅ ဆ
နိုဝင်ဘာလ၁၃ ရက် , ည ၂:၁၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရအင်္ဂလန် အတွက်၁.၁၄ဆနဲ့အဲလ်ဘေးနီးယားအတွက်၁၆.၀၀ဆကြေးဖွင့်ထားပြီးသရေအတွက်၆.၄၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ပေါက်ကြေးအရတော့ အင်္ဂလန် ဘက်မှာရပ်တည်ရမှာဖြစ်ပေမယ့် အရများမယ့် ဂိုးပေါင်းရလဒ်ကိုပိုပြီးစိတ်ဝင်စားသင့်ပါတယ်။ ဧည့်သည် အသင်းရဲ့ ရုန်းအားကြောင့် အင်္ဂလန်တို့ အနိုင်ရမယ် ဆိုရင်တောင် ၂ ဂိုးပြတ်လောက်နဲ့ပဲပွဲပြီးဖို့ များနေပါတယ်။ ဒါကြောင့် ၁.၇၅ ဆ ရမယ့် ဂိုးပေါင်း ၃.၀၀ ကိုပဲသဘောကျပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်