နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | အင်္ဂလန်

အခုတစ်ခါမှာတော့ ယူရို ၂၀၂၀ အတွက် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေရဲ့ အုပ်စုအခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာ တွေနဲ့ ပတ်သတ်လို့ ကြိုတင်ခန့်မှန်းချက်တွေကို  ကျွန်တော်များ SBOTOP ကနေ နေ့စဉ် တင်ဆက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာနဲ့ မြန်မာ့ ပရိသတ်တွေရဲ့ အသဲစွဲ အင်္ဂလန် အသင်းနဲ့ ပတ်သတ်ပြီး သုံးသပ်ပေးပါမယ်။

အင်္ဂလန်ဟာ လက်ရှိ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်နိုင်မယ့် အသင်း အဖြစ် ပြင်သစ်၊ ဘယ်ဂျီယံတို့နဲ့ တန်းတူ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိမှာ ရွှေရောင်မျိုးဆက် ပိုင်ဆိုင်ထားပြီး အုပ်စု ပွဲစဉ် ၃ ပွဲ၊ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲ တွေကို လန်ဒန်က ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်လို့ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အတူ အင်္ဂလန်တို့ သမိုင်းသစ် ရေးထိုးခွင့်ရဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
 

သမိုင်းကြောင်း

အင်္ဂလန်ကို ဥရောပရဲ့ ဘောလုံးဘိုးအေလို့ သတ်မှတ်ထားကြပေမယ့် တကယ်တမ်း အောင်မြင်မှု ဆိုလို့ ၁၉၆၆ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ဖူးတာပဲ ရှိပါတယ်။ ဥရောပ ချန်ပီယံရှစ်မှာ ဆိုရင်တော့ ၁၉၆၈ အီတလီ ယူရိုနဲ့ ကိုယ်တိုင် အိမ်ရှင် လုပ်ခဲ့တဲ့ ၁၉၉၆ ယူရိုမှာ တတိယရခဲ့တာတွေက အင်္ဂလန်ရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ၁၀ ကြိမ်မှာ အုပ်စု အဆင့် ကနေ ၄ ကြိမ် လှည့်ပြန်ထားခဲ့ရပြီး ကွာတားဖိုင်နယ် ၂ ကြိမ်၊ ဆီမီးဖိုင်နယ် ၂ ကြိမ် တက်ထားခဲ့ပါတယ်။ လက်ရှိ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၄ နေရာ မှာ ရှိနေတဲ့ ဆောက်ဂိတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာတော့ အိုက်စလန်လို အသင်းငယ်လေးကို ရှုံးနိမ့်ပြီး ၁၆ သင်းရှုံးထွက် အဆင့်ကနေပဲ လှည့်ပြန်ထားခဲ့ရပါတယ်။
 

နည်းပြ

ဂါရက်သ် ဆောက်ဂိတ်

မှတ်မှတ်ရရ ၁၉၉၆ ယူရိုရဲ့ ဂျာမနီနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့သူ ဖြစ်ပြီး ဒီပြိုင်ပွဲဟာ သူ့ရဲ့ ကစားသမားနဲ့ နည်းပြ သက်တမ်း တစ်လျှောက် ၄ ကြိမ်မြောက် အဓိကပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့ တို့မှာ ကစားခဲ့ပြီး အဓိက ဆုဖလား အောင်မြင်မှု မရှိပါဘူး။ မစ်ဒယ်ဘရော့မှာ ၃ နှစ်တာ နည်းပြ အဖြစ် တာဝန်ယူပြီး အင်္ဂလန် ယူ-၂၁ နည်းပြ အဖြစ် ၂၀၁၆ ခုနှစ် အထိ ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မှာတော့ လက်ရွေးစင်အသင်း နည်းပြ ဖြစ်လာခဲ့ပြီး အင်္ဂလန်ကို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စတုတ္ထ ရရှိအောင် စွမ်းဆောင် ထားပါတယ်။
 

လက်ရှိ အခြေအနေ

ကွင်းလယ်မှာ သာမက လိုအပ်ရင် ဘယ်/ညာ တောင်ပံ၊ ကွင်းလယ် တိုက်စစ်၊ ကွင်းလယ်ခံစစ် နေရာမှာပါ ကစားနိုင်တဲ့ မေဆင်မောင့် အတွက် ယူရို ၂၀၂၀ ဟာ နောက်ထပ် အောင်မြင်မှုတွေ ရရှိဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်လာပါလိမ့်မယ်။
ယူရို ၂၀၂၀ ရဲ့ ပျမ်းမျှ အသက်အငယ်ဆုံး အသင်းတွေထဲမှာ ပါဝင်နေတဲ့ အင်္ဂလန်

၂၀၀၀ ပြည့်နှစ် အကျော် ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ အင်္ဂလန်ရဲ့ ရွှေရောက်မျိုးဆက် တစ်ခုကို နှစ်ပေါင်း ၂၀ အကြာမှ ပြန်လည် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဆောက်ဂိတ် အပြီးသတ် ရွေးချယ်ထားတဲ့ ၂၆ ဦး စာရင်း အရ ပျမ်းမျှ ၂၅ နှစ်တောင် မပြည့်သေးပဲ ယူရို ၂၀၂၀ မှာ တူရကီ ပြီးရင် ဒုတိယမြောက် အသက်အငယ်ဆုံး အသင်း ဖြစ်ပါတယ်။ အသက် ၃၀ တန်း ကစားသမား ဆိုလို့ ထရစ်ပီယာ၊ ဝေါလ်ကာ၊ ဂျော်ဒန် ဟန်ဒါဆင်တို့ ၃ ဦးသာ ပါရှိပြီး လက်ရှိ ကမ္ဘာ့ မီဒီယာတွေမှာ “ အင်္ဂလန်ဟာ လူငယ်ကြယ်ပွင့်တွေနဲ့ အတူ အအောင်မြင်ဆုံး အချိန်အခါကို ရောက်ရှိတော့မယ်” လို့တောင် ဖော်ပြနေကြပါတယ်။ တကယ်လည်း အင်္ဂလန်ရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် နည်းပြ ဆောက်ဂိတ် အတွက် ရွေးချယ်ရ ခက်ခဲလောက်အောင်ကို ကမ္ဘာ့အဆင့် ခြေစွမ်းရှိတဲ့ လူငယ်ကစားသမားက နှစ်သင်းစာ အပြည့်ရှိပါတယ်။ ဒါပေမယ့် ခံစစ်က ဟယ်ရီမက်ဂွိုင်းယား ဒဏ်ရာရနေတာ အပြင် ဒုတိယ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှု မပြည့်ဝတာတွေက သိပ်ပြီး အရေးမကြီးခဲ့ပေမယ့် ဩစတြီးယားနဲ့ ပွဲမှ ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ပေါင်ခြံ ဒဏ်ရာရသွားတာ ခံစစ်အတွက် သာမက တိုက်စစ် အတွက်ပါ အားနည်းသွားစေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဗြိတိန် ကလာတဲ့ သတင်းတွေအရဆိုရင် ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ပုံမှန် အသုံးပြုနေကျ ၄-၂-၃-၁ ကစားကွက် အပြင် ၃-၄-၃ ကစားကွက်နဲ့ပါ အလေ့အကျင့်ရစေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ၃-၄-၃ ကစားကွက်အရ ဆိုရင် တိုက်စစ်မှာ ကိန်း၊ စတာလင်၊ မောင့်၊ ကွင်းလယ်မှာ ဘယ်လင်ဂမ်၊ ဒီကလန်ရိုက်စ်၊ တောင်ပံတစ်လျှောက် အတက်အဆင်း ကစားဖို့ ရိစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်၊ နောက်တန်းမှာ စတုန်းစ်၊ ဝေါလ်ကာ၊ ကိုနာကိုဒီတို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ၄-၂-၃-၁ အရ ဆိုရင်တော့ ကိန်းကို တစ်ဦးတည်း အထောင်ထားပြီး ကွင်းလယ်မှာ စတာလင်၊ ဖိုဒန်၊ မောင့်၊ နောက်မှာတော့ ဘယ်လင်ဂမ်၊ ရိုက်စ်၊ ခံစစ် မှာတော့ ဝေါလ်ကာ၊ စတုန်းစ်၊ ကိုဒီ၊ ချေးလ်ဝဲလ် တို့က အဓိက ပွဲထွက် ကစားခိုင်းဖို့ များနေပါတယ်။
 

စောင့်ကြည့်ရမယ့် ကစားသမား

မေဆင်မောင့် (ကွင်းလယ်)

တစ်ဦးတစ်ယောက်တည်းကို ရွေးချယ်ပြီး စောင့်ကြည့်ရမယ် ဆိုတာထက် အင်္ဂလန်ရဲ့ လူစာရင်းအရ တစ်သင်းလုံးကို စောင့်ကြည့်ချင်ပါတယ်။ အဲ့ထဲကမှ အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ၃၄ ဂိုး သွင်းပေးထားတဲ့ ဟာရီကိန်းဟာ ခြေစစ်ပွဲ အဆင့်ရဲ့ ဂိုးအများဆုံး သွင်းထားသူ ဖြစ်လို့ အားလုံးရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ ဒါပေမယ့် အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ချဲလ်ဆီး ကြယ်ပွင့် မေဆင်မောင့်ဟာ တကယ်တမ်း စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသလို ကမ္ဘာ့အကောင်းဆုံး လူငယ် ကြယ်ပွင့် တွေထဲက တစ်ဦးဖြစ်တဲ့ မေဆင်မောင့်ဟာ လက်ရှိ ယူရို ၂၀၂၀ မှာ ဆောက်ဂိတ် အားထားရတဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်လာမှာ သေချာပါတယ်။ ကွင်းလယ်မှာ သာမက လိုအပ်ရင် ဘယ်/ညာ တောင်ပံ၊ ကွင်းလယ် တိုက်စစ်၊ ကွင်းလယ်ခံစစ် နေရာမှာပါ ကစားနိုင်တဲ့ မေဆင်မောင့် အတွက် ယူရို ၂၀၂၀ ဟာ နောက်ထပ် အောင်မြင်မှုတွေ ရရှိဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်လာပါလိမ့်မယ်။
 

အုပ်စု အလားအလာ

ကမ္ဘာပေါ်က ဘောလုံးဝါသနာရှင်တွေ အများဆုံး အားပေးတဲ့ အသင်းတွေထဲမှာ အင်္ဂလန် ပါပါတယ်။ ဒါကြောင့်လည်း အထင်ကရ ပြိုင်ပွဲတွေ ကျင်းပချိန် ရောက်ပြီဆိုရင် အင်္ဂလန်ပွဲ ကိုပဲ မလွတ်တမ်း ကြည့်တတ်ကြသလို ဘယ်လောက် ရှုံးရှုံး မမုန်းနိုင်ပဲ အင်္ဂလန်ကိုပဲ တခဲနက် အားပေးကြပါတယ်။ ဒါတင်ပဲ မဟုတ် ခြေစွမ်းလေးများ ကောင်းနေပြီ ဆိုရင် ဖလားရဖို့ အထိ မျှော်လင့်ကြပါသေးတယ်။ ဒါပေမယ့် အင်္ဂလန်ဟာ အမြဲတမ်း ပရိသတ်ကို အသဲခွဲကြမ်းခဲ့တယ် ဆိုတာ သမိုင်းကို ပြန်လှန် ကြည့်စရာ မလိုပါဘူး။ အခုလည်း ဗိုလ်စွဲဖို့ ဆိုတာထက် အုပ်စုတွင်း အသင်းတွေကို အရင်ဆုံး လေ့လာကြည့်သင့် ပါတယ်။ ခရိုအေးရှားဟာ အင်္ဂလန်ကို အမြဲတမ်း ဒုက္ခပေးနိုင်ခဲ့သလို ချက်ကလည်း အင်္ဂလန်နဲ့ဆို  သိသိသာသာ မာကျောပြတဲ့ အသင်း ဖြစ်ပါတယ်။ စကော့တလန် ကတော့ အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ အလွယ်ဆုံးလို့ ပြောလို့ ရပေမယ့် ပြီးခဲ့တဲ့ ယူရို ၂၀၁၆ တုန်းက အိုက်စလန်နဲ့ အခိုက်အတန့်ကို မေ့လိုက်လို့ မဖြစ်ပါဘူး။ ဒီ ၃ ပွဲကျော်မှ ယူရို ၂၀၂၀ မှာ ဗိုလ်စွဲနိုင်မယ့် အလားအလာကို ဆက်ပြောကြတာ ပိုကောင်းပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်