နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွစ်ဇာလန်နဲ့ အီတလီ တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

ယူရို ၂၀၂၄ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ဒီကနေ့ညမှာ စတင် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ဆွစ်ဇာလန်နဲ့ အီတလီ တို့ရဲ့ ပွဲစဉ် အကြောင်းကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

ဆွစ်ဇာလန် ကတော့ ယူရို ၂၀၂၄ အုပ်စု (A) မှာ ဂျာမနီ၊ ဟန်ဂေရီ၊ စကော့တလန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီးတော့ အုပ်စု ဒုတိယအဖြစ်နဲ့ ရှုံးထွက်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ ဟန်ဂေရီကို ၁-၃ ရလဒ်နဲ့ အနိုင်ယူပြီး အဖွင့်လှခဲ့သလို နောက် နှစ်ပွဲမှာတော့ စကော့တလန်နဲ့ ဂျာမနီကို တစ်ဂိုးစီ သရေ ကစားရင်း ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ ချာကာ၊ ဆွမ်မား၊ အာကန်ဂျီ၊ ရှား၊ ဖရီအူလာ၊ အမ်ဘိုလို တို့ဟာ အဓိက ဒေါက်တိုင်တွေ ဖြစ်ပြီးတော့ အသင်းလိုက် ကစားပုံ ကလည်း တော်တော်လေး အားရစရာ ကောင်းပါတယ်။ ဂျာမနီကို ကစားသွားတဲ့ ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။

အီတလီ ထုံးစံအတိုင်း ယိုင်နဲ့နဲ့ပါပဲ။ စပိန်၊ ခရိုအေးရှား၊ အဲလ်ဘေးနီးယား တို့ ပါဝင်တဲ့ ယူရို ၂၀၂၄ အုပ်စု (B) မှာ ကျရောက်ခဲ့ပြီးတော့ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရမှတ် ၄ မှတ်နဲ့ စပိန်နဲ့ အတူ ရှုံးထွက်တက်လာတာ ဖြစ်ပါတယ်။ လူစီယာနို စပယ်လက်တီရဲ့ အသင်းက အဲလ်ဘေးနီးယားနဲ့ အဖွင့်ပွဲမှာ အနိုင်ရလိုက်တာက ရှုံးထွက်တက်ဖို့ အရေးပါခဲ့ပြီး လက်ကျန် နှစ်ပွဲ မှာတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ စပိန်ကို ရှုံး၊ ခရိုအေးရှားကို သရေကျခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ ပွဲမှာလည်း အီတလီတို့ ကံကောင်းလို့သာ သရေ တစ်မှတ် ရခဲ့တာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ရေကြီးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇကာညီ ကယ်တင်ခဲ့တဲ့ ဂိုးကြောင့် အီတလီတို့ ဒီအဆင့် ရောက်ခဲ့တာ ဖြစ်ပါတယ်။ အီတလီတို့ရဲ့ ထုံးစံအတိုင်း လေးပင်တဲ့ ကစားဟန်နဲ့ မြင်တွေ့ရဆဲ ဖြစ်ပြီး ဒီလိုပုံစံနဲ့တော့ ဆွစ်ဇာလန်ကို အသာရဖို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အီတလီဟာ အဲ့ဒီလိုမျိုး လိမ်ဖယ် လိမ်ဖယ် ဖြစ်နေရင်း ကနေ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တဲ့ အသင်း ဖြစ်တာကြောင့်တော့ ဘယ်အရာမှ တစ်ထစ်ချ တွက်ဆထားလို့ မရသေးပါဘူး။

အီတလီ ထုံးစံအတိုင်း ယိုင်နဲ့နဲ့ပါပဲ။ စပိန်၊ ခရိုအေးရှား၊ အဲလ်ဘေးနီးယား တို့ ပါဝင်တဲ့ ယူရို ၂၀၂၄ အုပ်စု (B) မှာ ကျရောက်ခဲ့ပြီးတော့ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရမှတ် ၄ မှတ်နဲ့ စပိန်နဲ့ အတူ ရှုံးထွက်တက်လာတာ ဖြစ်ပါတယ်။
ဒီနှစ် ယူရိုမှာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ အီတလီ

ဘာပဲနေနေ ဒီနှစ်သင်းမှာ နိုင်တဲ့ အသင်းက ကွာတားဖိုင်နယ်မှာ အင်္ဂလန် သို့မဟုတ် ဆလိုဗက်ကီးယားနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲ့အဆင့်ကို ကျော်ရင်တော့ ရိုမေးနီးယား၊ နယ်သာလန်၊ ဩစတြီးယား၊ တူရကီ တို့ထဲက တစ်သင်းသင်းနဲ့ ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်လို့ လွယ်မယောင်နဲ့ ခက်ဦးမှာ သေချာပါတယ်။

ဒီနှစ်သင်းက ၃ ကြိမ် တွေ့ဆုံထားခဲ့ဖူးပြီးတော့ အီတလီက ယူရို ၂၀၂၀ အုပ်စု အဆင့်မှာ ၃-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ နောက်ဆုံး နှစ်ပွဲ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး နှစ်ကျော့စလုံး သရေကျခဲ့ပါတယ်။

ကျွန်တော် ကတော့ ဒီနှစ်သင်းမှာ ထူးထူးခြားခြားပဲ အသင်းကြီး အီတလီထက် ဆွစ်ဇာလန်ကို ပိုပြီးတောင် သဘောကျနေပါတယ်။ ဆွစ်ဇာလန်ဟာ ဂျာမနီကို အိမ်ရှင် ပရိသတ် ရှေ့မှောက်မှာတောင် ကစားပုံ ကောင်းကောင်းနဲ့ ရင်ဆိုင်နိုင်ခဲ့တာ အထင်ကြီးစရာပါ။ အသင်းလိုက် ကစားပုံ ကောင်းပြီး ကစားအားကို လိုအပ်ရင် လိုအပ်သလို အတင်အချ လုပ်နိုင်တဲ့ ချာကာကြီး ကြောင့်လည်း ဆွစ်တို့ကို ပိုပြီး သဘောကျနေတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အီတလီ ကတော့ ခြေစွမ်းပိုင်း အားမရပေမယ့် အရေးကြီးတဲ့ အဆင့်တွေမှာ ဆိုရင် တစ်ခုခု လုပ်ပြတတ်ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ မျှော်လင့်ချင်စရာ မရှိပဲ ဘာတွေ လုပ်ပြဦးမလဲသာ မျှော်လင့်ရမယ့် အခြေအနေပါ။ ဒီပွဲ ကလည်း သာမန် ပွဲကစားချိန် အတွင်း သရေကျသွားနိုင်ပါတယ်။ ဂိုးပေါင်း အောက်လည်း မျှော်လင့်ထားသင့်ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမား ဆိုရင်တော့ ဆွစ်ဇာလန် ဘက်က ဂရန်းနစ် ချာကာနဲ့ အီတလီ ဘက်ကတော့ ဒွန်နာရူးမား ကိုပဲ ရွေးချယ်ထားချင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်