နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောင်ဂိတ်ရဲ့ နေရာ အတွက် ပပ် ဂွာဒီယိုလာနဲ့ အစားထိုးဖို့ စောင့်ဆိုင်းသွားမယ့် အင်္ဂလန် | ယူရို ၂၀၂၄

အင်္ဂလန် ဘောလုံးအဖွဲချုပ် (အက်ဖ်အေ) ကတော့ ယူရို ၂၀၂၄ အပြီးမှာ ရာထူးက နှုတ်ထွက်သွားတဲ့ ဂါရတ်သ် ဆောက်ဂိတ်ရဲ့ နေရာမှာ မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာနဲ့သာ အစားထိုးချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်္ဂလန်ဟာ ဘာလင်မှာ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား ရယူနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့လက ယူရို ၂၀၂၄ မစတင်ခင်မှာ အင်္ဂလန် နည်းပြ ရာထူး ကနေ ထွက်ခွာနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အင်္ဂလန် နောက်ခံလူဟောင်းက ဆယ်စုနှစ် တစ်ခုရဲ့ အကောင်းဆုံး အပိုင်းမှာ တာဝန် ထမ်းဆောင်ပြီးနောက် သူ့ရဲ့ ရာထူး ကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲချုပ် ဘက်ကတော့ ယူရိုဖိုင်နယ်ပွဲ ရလဒ်က ဘယ်လိုပဲ ထွက်ပေါ်ပေါ် နည်းပြ ဆောက်ဂိတ်ကို ပဲ အသင်း နည်းပြ အဖြစ် ဆက်လက် တာဝန်ပေးချင်နေ ပေမယ့်လည်း ဆောက်ဂိတ်ကတော့ အင်္ဂလန် နည်းပြ ရာထူးကနေ စွန့်ခွာဖို့ ကိုပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ဆမ် အာလာဒိုက်စ်ရဲ့ နေရာကို လက်လွှဲရယူခဲ့ပြီး အင်္ဂလန် အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယူ ၂၁ နည်းပြ အဖြစ် ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် အထိ လုပ်ကိုင်ခဲ့ပြီး အင်္ဂလန် စီနီယာ အသင်းကြီးကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဆောက်ဂိတ် တာဝန်ယူနေစဉ် ကာလ အတွင်းမှာ အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့်တွေကို ရောက်ရှိခဲ့ပြီး ဆုဖလားမရခဲ့ပေမယ့် အတိုင်းအတာ တစ်ခု အောင်မြင်မှု ရယူပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ လစ်လပ်နေတဲ့ အသင်း နည်းပြနေရာ မှာ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်၊ ချဲလ်ဆီး နည်းပြဟောင်းတွေ ဖြစ်တဲ့ ပိုချက်တီနိုနဲ့ ဂရေဟမ် ပေါ်တာ တို့အပြင် လက်ရှိ အင်္ဂလန် ယူ-၂၁ နည်းပြ လီကာစလေ တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဘေယန်မြူးနစ်နဲ့ လက်တွဲဖြုတ်ထားတဲ့ နည်းပြ တူချယ် ကလည်း အင်္ဂလန် နည်းပြရာထူးကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ် နည်းပြဟောင်း ယာဂင် ကလော့ပ် ကိုပါ အလိုရှိနေတယ်လို့ ဖော်ပြနေကြပေမယ့် ကလော့ပ် ကတော့ နည်းပြ အလုပ်ကို ပြန်လုပ်မယ် ဆိုရင်တောင် အင်္ဂလန်ထက် ဂျာမနီ ကိုပဲ ကိုင်တွယ်နိုင်ချေ ပိုများနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အင်္ဂလန် ဘောလုံးအဖွဲချုပ် ဘက်က နည်းပြသစ် နေရာ အတွက် အမှန်တကယ် စိတ်ဝင်စားနေတာက လက်ရှိ မန်စီးတီး နည်းပြ ပပ်ဂွာဒီယိုလာ ဖြစ်နေတယ်လို့ သိရပါတယ်။ 

ဂွာဒီယိုလာဟာ မန်စီးတီးနဲ့လည်း စာချုပ်သက်တမ်း ၁၂ လတည်းသာ ကျန်ရှိတော့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန် အနေနဲ့ ဂွာဒီယိုလာကို နည်းပြသစ်အဖြစ် ခန့် အပ်သွားနိုင်ဖို့ အတွက် စာချုပ်သက်တမ်း ကုန်ဆုံးချိန် အထိ စောင့်ဆိုင်းဖွယ် ရှိနေပြီး ကြားကာလ မှာတော့ ယာယီ နည်းပြ တစ်ဦး ကိုသာ တာဝန်ပေးသွားဖွယ်လည်း ရှိနေပါ တယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်