နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခရူးစ် အနေနဲ့ အနီကတ် ပြသခံရသင့်ကြောင်း ပြောလာတဲ့ စပိန် နည်းပြ | ယူရို ၂၀၂၄

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် မှာတော့ စပိန်က ဂျာမနီကိ အချိန်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဂျာမနီဟာ စပိန်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ဖလော်ရီယန် ဝစ်ဇ်ရဲ့ ချေပဂိုးကြောင့် အချိန်ပို ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် စပိန် အတွက် အနိုင်ဂိုးကို မာရင်နိုက သွင်းယူပေးခဲ့လို့ ဂျာမနီတို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခွင့်တောင် မရလိုက်ပဲ အသဲကွဲခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ စပိန်တို့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် အဓိက ကွင်းလယ် ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ပက်ဒရီ တစ်ယောက် တိုနီ ခရူးစ်ကြောင့် ပွဲချိန် ၈ မိနစ်မှာတင်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ပက်ဒရီ အနေနဲ့ ယူရို ၂၀၂၄ လက်ကျန်ပွဲစဉ်တွေကို စပိန်နဲ့ အတူ ဆက်လက် ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ 

ဒီအခြေအနေနဲ့ ပတ်သတ်လို့ စပိန် နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေးက ပက်ဒရီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ တိုနီ ခရူးစ် အနေနဲ့ အနီကတ် ပြစ်ဒဏ် ပြသခံခဲ့ရသင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဖျူအန်တေးက သူ့ရဲ့ အသင်းမှာ ပက်ဒရီ မပါဝင်နိုင်တော့ပေမယ့် ကျန်ရှိတဲ့ ကစားသမား ၂၆ ဦး ကတော့ နောက်တစ်ဆင့် အတွက် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင် ဂျာမနီ ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဥရောပချန်ပီယံရှစ်မှာ စံချိန်တင်နိုင်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ တိုနီ ခရူးစ် ကလည်း ဒီပွဲ အပြီးမှာ ကစားသမား ဘဝ ကနေ တရားဝင် အနားယူသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ကိုင်ဟာဗက်ဇ်က သူတို့ အသင်းဟာ စပိန်ထက် ပိုကောင်းခဲ့တယ်လို့ ပြောကြားလာခဲ့ပါသေးတယ်။ ဒီပွဲမှာ ဟာဗက်ဇ်က ဂျာမနီရဲ့ အထောင်တိုက်စစ် နေရာမှာ ကစားခဲ့ပြီး ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီ အတွက် သွင်းဂိုး (၂)ဂိုး ရယူပေးခဲ့ပေမယ့် (၂) ဂိုးစလုံးက ပင်နယ်တီ ကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဟာဗက်ဇ်က “ကျွန်တော်တို ဒီပွဲမှာ ဒီထက်မက ထိုက်တန်မှု ရှိခဲ့ပါ တယ်။ ဒါက တကယ်ကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲပါ။ စပိန် မှာက တစ်ဦးချင်း အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိနေပြီး သူတို့က ကျွန်တော် တို့ဘက် ကနေ အမှားတစ်ခု လုပ်မိလိုက်တာနဲ့ ကျွန်တော် တို့ကို ကောင်းကောင်း အပြစ်ပေးသွားခဲ့တာပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဟာဗက်ဇ်က “ကျွန်တော်တို့ အသင်းက ချေပဂိုး ရသွားပြီးတဲ့နောက် ကစားပုံ ပိုကောင်းခဲ့ပြီးတော့ နိုင်ပွဲ ရဖို့ ပိုထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးပွဲတွေ ဆိုတာ တစ်ခါတစ်ရံမှာ အရမ်းကို ခက်ခဲတက်တာကြောင့် ဒီအရှုံး ရလဒ်ကို ကုစားနိုင်ဖို့ အချိန်ယူရပါဦးမယ်။” ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့တဲ့ စပိန် ကတော့ ပေါ်တူဂီကို ကျော်ဖြတ်လာတဲ့ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စပိန်ဟာ လက်ရှိ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစား ဖြစ်လာခဲ့ပြီး ချန်ပီယံသာ ဖြစ်ခဲ့မယ် ဆိုရင်တော့ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်သွားနိုင်မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်