နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ ခြေစွမ်းအရ ဂရန်နာဒါဟာ ယူနိုက်တက် အတွက် ပြိုင်ဘက်မဟုတ်ဘူး – ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်

ဂရန်နာဒါ vs မန်ချက်စတာယူနိုက်တက်

ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်တဲ့ နောက်ထပ် အင်္ဂလန်ကလပ် ကတော့ မန်ချက်စတာယူနိုက်တက် ဖြစ်ပြီး လာလီဂါ အလယ်အလတ်အသင်း ဂရန်နာဒါနဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေပါတယ်။ ယူရိုပါလိဂ် ဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် နည်းပြဘဝ ပထမဦးဆုံး ဆုဖလား ဖြစ်လာနိုင်သလို ကျန်ပြိုင်ပွဲတွေ အားလုံးမှာလည်း ချန်ပီယံ မျှော်လင့်ချက် ကုန်ဆုံးသွားတာကြောင့် ယူနိုက်တက်တို့ ဒီပြိုင်ပွဲကို ကျိန်းသေပေါက် အာရုံစိုက်ကစားလာမှာ သေချာပါတယ်။

ဂရန်နာဒါတို့ ယူရိုပါလိဂ် မှာ ဒီအဆင့်အထိ ရောက်လာတာဟာ ကံကောင်းလို့လည်း ပြောလို့ရသလို ကြိုးစားမှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ ဂရန်နာဒါရဲ့ ဖြတ်သန်းမှုကို ပြန်ကြည့်ရင် ၃၂ သင်းအဆင့်မှာ အီတလီ ထိပ်သီး နာပိုလီနဲ့ တွေ့ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၃-၂ နဲ့ ကျော်ဖြတ်ခဲ့ပြီး ၁၆ သင်းအဆင့်မှာလည်း နော်ဝေကလပ် မိုလ်ဒီ ကို ၃-၂နဲ့ပဲ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂရန်နာဒါတို့ ယူရိုပါလိဂ် ကို ဘယ်လောက်အထိ အာရုံစိုက်နေသလဲဆိုတာ လာလီဂါမှာ ရလဒ်တွေ ဆိုးနေတာကို ကြည့်တာနဲ့ သိသာပါတယ်။ အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ရောက်ရှိနေပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဗလင်စီယာ၊ ဗီလာရီးရဲယ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် ခံစစ်က တော်တော်လေး ယို့ယွင်းခဲ့တာ တွေ့ရပါတယ်။ တစ်ချက်ရှိတာက ဂရန်နာဒါဟာ အိမ်ကွင်းမှာတော့ ပြိုင်ဘက်တိုင်းကို မာမာထန်ထန် တုန့်ပြန်ကစားနိုင်တဲ့ အသင်းဖြစ်တယ်ဆိုတာ ယူနိုက်တက်တို့ မေ့လို့တော့မရပါဘူး။

အိုလီဂန်နာ ဆိုးလ်ရှား ကတော့ ယူနိုက်တက် ကို စတင်ကိုင်တွယ်ချိန်ကတည်းက ဆုဖလား တစ်လုံးမှ မကိုင်မြှောက်နိုင်သေးတာကြောင့် ဒီရာသီအတွက် အဖြစ်နိုင်ဆုံး ယူရိုပါလိဂ် ကို မျက်စိကျနေပါတယ်။ အမှန်တော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာပါ။ ဒါပေမယ့် ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့နဲ့ တစ်အုပ်စုတည်းကျသွားခဲ့လို့ ယူရိုပါလိဂ် ကို ပြန်ဆင်းကစားရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပွဲချောင်နေတာ အပြင် အသင်းဟာ ပုံစံကောင်းတစ်ခုလည်း ပြန်လည် ပိုင်ဆိုင်ထားပြီ မို့လို့ ဘာမဆိုမျှော်လင့်လို့ ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ယူရိုပါလိဂ် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင်လည်း ရီးရဲယ်ဆိုစီဒက်၊ အေစီမီလန်တို့ကို ကျော်ဖြတ်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အနေနဲ့  လက်စတာနဲ့ ပွဲတုန်းကလိုမျိုး ခံစစ်က အမှားမလုပ်ရင် အနိုင်ရဖို့ မခက်ပါဘူး။ ဒဏ်ရာရ ကစားသမား စာရင်းမှာတော့ မာစီရယ်၊ ဘိုင်ယီ၊ မာတာ၊ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ ရှိနေပြီး ပွဲထွက်ကစားဖို့ မသေချာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကောင်းတဲ့ ယူနိုက်တက်တို့ အိမ်ကွင်းမာတဲ့ ဂရန်နာဒါ ထက် အဘက်ဘက်က အသာရနေတယ်ဆိုတာတော့ သေချာပါတယ်။

ဂရန်နာဒါတို့ ယူရိုပါလိဂ် မှာ ဒီအဆင့်အထိ ရောက်လာတာဟာ ကံကောင်းလို့လည်း ပြောလို့ရသလို ကြိုးစားမှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဂရန်နာဒါ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဂရန်နာဒါနဲ့ ယူနိုက်တက်တို့ကတော့ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှာ ထိပ်တိုက်တွေ့ဆုံထားခြင်း မရှိပါဘူး။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂရန်နာဒါ vs မန်ချက်စတာယူနိုက်တက် 1X2 မန်ချက်စတာယူနိုက်တက် @ 1.57
ဧပြီလ ၉ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၆၁ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဂရန်နာဒါနဲ့ ယူနိုက်တက်တို့ ဘယ်လိုယှဉ်ယှဉ် အကွာကြီးပါ။ ကစားသမား စုဖွဲ့မှုရော ပြိုင်ပွဲ အတွေ့အကြုံမှာပါ ယူနိုက်တက်တို့ကို ယှဉ်လို့ကို မရပါဘူး။ ယူနိုက်တက်က အဝေးကွင်းမှာဆို ရလဒ်ကောင်းတတ်ပြီး ဂိုးလည်း မြူးတတ်ပေမယ့် ဂရန်နာဒါ က အိမ်ကွင်းမာလို့ သွင်းဂိုးအများတော့ မျှော်လင့်လို့ မရနိုင်ဘူးထင်ပါတယ်။ ယူနိုက်တက်ကတော့ အနိုင်သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်