နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲစဉ်တိုင်းကို အာရုံစိုက်ပြီး မှန်ကန်တဲ့ စိတ်ဓာတ်မျိုးနဲ့ ကစားရမယ်လို့ ဆိုလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ် | ယူရိုပါလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်မှာ စပိန် ကလပ် ရီးရဲလ်ဆိုစီဒက်ကို နှစ်ကျော့ပေါင်း ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ စပိန် ကလပ်တွေနဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရလေ့ ရှိပေမယ့် ရူဘင် အမော်ရင် လက်ထက် မှာတော့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယအကျော့မှာ နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်၊ ပွဲပြီးခါနီး နာကျင် အချိန်ပို ဒီယိုဂို ဒါးလော့တ်က နောက်ဆုံး အနိုင်ဂိုး နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လိုင်ယွန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ ဒီရာသီ ရုန်းကန်နေရတဲ့ ယူနိုက်တက် အတွက် ယူရိုပါလိဂ်က ဆုဖလား မျှော်လင့်ချက် အဖြစ် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ 

အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က အသင်း အတွက် အားတက်စရာ ပြောစကားတွေ ဆိုလာခဲ့ပါတယ်။ ဘရူနိုက ယူနိုက်တက် အနေနဲ့ ရီးရဲလ်ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်ရဲ့ အောင်မြင်မှုကို အခြေခံပြီး အသင်းဖော်တွေ အနေနဲ့ ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ကို မွေးမြူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရူနိုက ယူနိုက်တက် အနေနဲ့ ရီးရဲလ်ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်ရဲ့ အောင်မြင်မှုကို အခြေခံပြီး အသင်းဖော်တွေ အနေနဲ့ ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ကို မွေးမြူရမယ်လို့ ပြောကြားခဲ့ပါတယ်။
အသင်းဖော်တွေ အနေနဲ့ ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ကို မွေးမြူရမယ် ဆိုတဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ အသင်းဖော်တွေ အနေနဲ့ ဒီနှစ် ဘောလုံးရာသီရဲ့ နောက်ဆုံး ၂ လ အတွင်း ပိုပြီး အပြုသဘောဆောင်တဲ့ ရလဒ်တွေ ယူဆောင်လာနိုင်ဖို့ အတွက် တိုက်တွန်းမှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က “ဒီအသင်းက အနိုင်ရဖို့ အကြောင်းတွေချည်းပါပဲ။ ကျွန်တော်တို့ ပွဲတွေ အနိုင်ရဖို့ လိုအပ်ပါတယ်။ သွားရမယ့် ခရီးက အများကြီး ကျန်နေသေးပေမယ့် လာမယ့် ပွဲစဉ်တိုင်းကို အာရုံစိုက်ပြီး မှန်ကန်တဲ့ စိတ်ဓာတ်မျိုးနဲ့ ကစားမယ် ဆိုရင် ကျွန်တော်တို့ ပွဲတွေကို အနိုင်ရနိုင်တယ် ဆိုတဲ့ ယုံကြည်မှုမျိုး ရှိလာပါတယ်။ ရလဒ်နဲ့ စွမ်းဆောင်ရည် ကနေ ယုံကြည်မှုတွေ တဖြည်းဖြည်း ရလာတတ်ပါတယ်။ ဘောလုံးမှာ ယုံကြည်မှုက အရေးကြီးတဲ့ အရာတစ်ခုပါပဲ။”

ဆက်လက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်တို တိုးတက်မှု အရမ်းကောင်းနေတယ် ဆိုပေမယ့် ရလဒ်တွေလည်း ကောင်းမှသာ အဲဒီ တိုးတက်မှုကို တွေ့မြင်ရမှာပါ။ ဒီအသင်းမှာ အရာ အားလုံးက ရလဒ်တွေ အကြောင်းပါပဲ။ ရလဒ်တွေက အရေးကြီးပါတယ်။” လို့ ဖာနန်ဒက်စ်က သတိပေး စကားလည်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်က လာမယ့် တနင်္ဂနွေနေ့ မှာတော့ အသင်းရဲ့ ယာယီ နည်းပြဟောင်း ရုဒ် ဗန် နစ္စတဲလ်ရွိင်း ကိုင်တွယ်နေတဲ့ လက်စတာနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့တော့ ၁၇ မှတ် အထိ ကွာဟနေပါသေးတယ်။ ယူနိုက်တက်ဟာ လက်ကျန် ပွဲစဉ်တွေ မှာတော့ နော့တင်ဟမ်ဖောရက်စ်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘုန်းမောက်၊ ချဲလ်ဆီး၊ အက်စတွန်ဗီလာ တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်