နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖရန့်ခ် လမ်းပတ်ရဲ့ ပွဲဦးထွက်မှာ ဂိုးပြတ် အနိုင်ရခဲ့တဲ့ အဲဗာတန် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

အဲဗာတန် ၄ – ၁ ဘရန့်ဖို့ဒ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် မှာတော့ နည်းပြသစ် ဖရန့်ခ်လမ်းပတ် ကိုင်တွယ်ခဲ့တဲ့ အဲဗာတန်က ဘရန့်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အသင်းတွေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်လို့ ကြည့်ကောင်းခဲ့ပြီး အဆုံးသတ်ပိုင်း ပိုကောင်းခဲ့တဲ့ အဲဗာတန်တို့ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ၁၆ သင်း အဆင့်ကို တက်လှမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အဲဗာတန်တို့ ကစားသမားသစ် နှစ်ဦး ဖြစ်တဲ့ ဒွန်နီ ဗန်ဒီဘိခ်နဲ့ ဒယ်လီ အလီတို့ နှစ်ဦးကို ပွဲမစခင်မှာ မိတ်ဆက်ပေးခဲ့ပေမယ့် လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ လမ်းပတ်ရဲ့ အသင်းက ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ဂေါ့ဖရေး၊ ကိန်း၊ ဟိုးလ်ဂိတ် တို့ကို ထားပြီး ကွင်းလယ် မှာတော့ ကိုးလ်မန်း၊ မိုင်ကိုလန်ကို၊ ဂိုးမက်စ်၊ အဲလန်၊ တိုက်စစ်မှာ ဂေါဒွန်၊ ဒမ်မာရီ ဂရေးနဲ့ ရစ်ချာလီဆင် တို့ကို ဦးဆောင်စေခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကလည်း ခံစစ် ၃ ယောက် ကစားပုံနဲ့ ပြန်လည် ရင်ဆင်ခဲ့တာ ဖြစ်ပြီး တိုက်စစ်မှာ ကေးနော့စ်နဲ့ တိုနီကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ် မှာတော့ ၅ ဦးထား ကစားခဲ့ပါတယ်။

အဲဗာတန်တို့ နည်းပြသစ်ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ အောက်မှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ မှာလည်း အပြောင်းအလဲ ဖြစ်ခဲ့ပုံရပြီး ပွဲစတာနဲ့ အားအင် အပြည့်နဲ့ ဘရန့်ဖို့ဒ် ဘက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာပဲ အဓိက နောက်ခံလူ ဂေါ့ဖရေး ဒဏ်ရာရသွားလို့ မီနာနဲ့ လူစားလဲခဲ့ရပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှု သိပ်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲကစားချိန် ၃၁ မိနစ်မှာ ဒမ်မာရီ ဂရေးရဲ့ ဒေါင့်ကန်ဘော ကန်တင် ပေးပို့မှု ကနေ ရယ်ရီ မီနာက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး ရယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ အသင်းလိုက် ကစားပုံ မဆိုးခဲ့ပေမယ့် ခံစစ် အားနည်းချက်တွေကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး ပျားတွေ အတွက် အက်ဖ်အေဖလား ခရီးစဉ် ကတော့ စတုတ္ထအဆင့် မှာတင်ပဲ အဆုံးသတ်ခဲ့ပြီလို့ ဆိုရပါမယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဘရန့်ဖို့ဒ်

ဒုတိယပိုင်း မှာတော့ လမ်းပတ်ရဲ့ အသင်းက အချိတ်အဆက် ပိုမိလာခဲ့ပြီး ဘရန့်ဖို့ဒ် နောက်တန်းကို ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၄၈ မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုး ရခဲ့ပြီး ရစ်ချာလီဆင်က သွင်းယူပေးခဲ့ပါတယ်။ ၅၄ မိနစ် မှာတော့ အိုင်ဗန် တိုနေးက ပင်နယ်တီက တစ်ဆင့် ချေပဂိုး သွင်းယူပေးခဲ့လို့ ဘရန့်ဖို့ဒ် ပြန်လာနိုင်ချေ ရှိခဲ့ပေမယ့် အကောင်းဆုံး ပုံစံ ရနေတဲ့ အဲဗာတန်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ၆၂ မိနစ်မှာ ဟိုးလ်ဂိတ်၊ ၉၀+၁ မှာ တောင်ဆန် တို့ရဲ့ ဂိုးတွေကို ထပ်မံ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီး မှာတော့ ၄-၁ ရလဒ် ဖြစ်သွားခဲ့ပြီး ရလဒ်တွေ ဆိုးရွားနေတဲ့ အဲဗာတန်တို့ ဂူဒီဆင်ပါ့ခ်မှာ ဂိုးပြတ် နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး နည်းပြသစ် ဖရန့်ခ် လမ်းပတ် အနေနဲ့လည်း မာဆေးလ်ဆိုဒ် ကလပ်နဲ့ အဖွင့် လှပသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲကြို မှာတုန်းက ပြောခဲ့သလိုပဲ အဲဗာတန်ဟာ ကစားသမားကောင်းတွေ တပုံတပင် ရှိနေပြီး အားစိုက်ရင် စိုက်သလောက် ရလဒ်ကောင်း ရှာဖွေနိုင်စွမ်း ရှိတဲ့ အသင်း ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ နောက်တစ်ချက် ကတော့ နည်းပြ လမ်းပတ်ရဲ့ နည်းစနစ် ဖြစ်ပြီး ခံစစ် အတွက်ရော တိုက်စစ် အတွက်ပါ ထိရောက်တဲ့ ၃-၄-၃ ကစားကွက်ကို သုံးခဲ့တာ မှန်ကန်တယ်လို့ပဲ ဆိုရပါမယ်။ ဘာပဲပြောပြော အခြား ပြိုင်ဘက်တွေ အနေနဲ့ ချန်ပီယံရှစ် ကလပ်တွေကို ခက်ခက်ခဲခဲ ရင်ဆိုင် ကျော်ဖြတ်နေရချိန်မှာ ဂိုးပြတ် နိုင်ပွဲရခဲ့တဲ့ ဖရန့်ခ်လမ်းပတ်နဲ့ အဲဗာတန် အသင်းသားတွေရဲ့ ခြေစွမ်းကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ အသင်းလိုက် ကစားပုံ မဆိုးခဲ့ပေမယ့် ခံစစ် အားနည်းချက်တွေကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး ပျားတွေ အတွက် အက်ဖ်အေဖလား ခရီးစဉ် ကတော့ စတုတ္ထအဆင့် မှာတင်ပဲ အဆုံးသတ်ခဲ့ပြီလို့ ဆိုရပါမယ်။.


လာမယ့်ပွဲစဉ်များ

အဲဗာတန် အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တန်းဆင်းဇုန်ထဲက နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး ဘရန့်ဖို့ဒ် ကတော့ ၁၀ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်