နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း အားသာချက် အပြည့် ရှိနေတဲ့ အဲဗာတန် ဘက်မှာပဲ ရပ်တည်သင့်တယ် | အဲဗာတန် – ဘရန့်ဖို့ဒ် (အက်ဖ်အေဖလား ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် vs ဘရန့်ဖို့ဒ် 

  ချဲလ်ဆီး ဂန္တဝင်နဲ့ နည်းပြဟောင်း ဖြစ်ခဲ့သူ ဖရန့်ခ်လမ်းပတ် စတင် ကိုင်တွယ်တော့မယ့် အဲဗာတန် ကတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာပဲ ဘရန့်ဖို့ဒ်နဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အသင်း အချင်းချင်း တွေ့ဆုံနေတာ ဖြစ်သလို ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အရေးပါတဲ့ ကစားသမားတွေ ကိုယ်စီ ဖြည့်တင်းထားကြတဲ့ အသင်းတွေ ဖြစ်နေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၁၄ ပွဲကစားပြီး ရှုံးပွဲ ၁၀ ပွဲ အထိ ရှိခဲ့တာကြောင့် နည်းပြ ဘင်နီတက်ဇ်ကို ထုတ်ပယ်ပြီး ဖရန့်ခ် လမ်းပတ်နဲ့ အစားထိုး ခန့်အပ်ခဲ့တဲ့ အဲဗာတန်ကို ပုံစံသစ်နဲ့ မြင်တွေ့ရဖို့ များနေပါတယ်။ ဒါ့အပြင် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ ဒယ်လီအလီ၊ ဒိုနီ ဗန်ဒီဘိခ်၊ အန်ဝါ အဲလ်ဂါဇီ တို့နဲ့ ကစားသမား အင်အား ဖြည့်တင်းခဲ့တဲ့ အဲဗာတန်တို့ နည်းပြသစ်နဲ့ အတူ ဘယ်လောက် အတိုင်းအတာ အထိ တိုးတက်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလို့လည်း ပြောလို့ ရပါတယ်။ အဲဗာတန်ဟာ အက်ဖ်အေဖလား တတိယအဆင့် ကနေ စတင်ကစားခဲ့ရပြီး ချန်ပီယံရှစ် ကလပ် ဟူးလ်စီးတီးကို တောင်ဆန်ရဲ့ အချိန်ပို နောက်ကျဂိုးနဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ အဲဗာတန်ဟာ ကစားသမားကောင်းတွေ လုံလုံလောက်လောက် ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဖရန့်ခ် လမ်းပတ် အနေနဲ့ ရှိတဲ့ ကစားသမားတွေကို ဘယ်လိုမျိုးမျိုး ထိထိရောက်ရောက် အသုံးချသွားနိုင်မလဲ ဆိုတာ အဓိက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း လမ်းပတ် အသုံးများတဲ့ ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာနိုင်ပြီး ရစ်ချာလီဆင်ကို အထောင် တိုက်စစ် နေရာမှာ ပွဲထွက်ခိုင်းဖို့ များနေပါတယ်။ ကွင်းလယ်နဲ့ တောင်ပံနှစ်ဖက် မှာတော့ ဂရေး၊ ဂေါဒွန်နဲ့ တောင်ဆန် တို့ကိုပဲ အသုံးပြဖွယ် ရှိနေပြီး ကွင်းလယ် အထိုင်နေရာ မှာတော့ အယ်လန်နဲ့ အန်ဒရီ ဂိုးမက်စ် တို့ကို ထိန်းကျောင်းခိုင်းမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် ဒစ်ဂ်နီး ထွက်ခွာသွားချိန်မှာ ဂေါ့ဖရေး အနေနဲ့ ဘယ်အစွန်လူ နေရာကို အကောင်းဆုံး ဖြည့်ကစားနိုင်ပါ့မလား ဆိုတာ စိုးရိမ်စရာတော့ ရှိနေဆဲ ဖြစ်ပါတယ်။ လက်တလော အဲဗာတန်မှာ ဒိုကိုရေး၊ လီဝင်း၊ ဒက်ဖ်၊ တွမ်ဒေးဗီးစ် တို့ ဒဏ်ရာ ပြသနာ ရှိနေဆဲ ဖြစ်ပြီး အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေ ကတော့ အရန်လူစာရင်းမှာပဲ ပါဝင်လာဖို့ များနေပါတယ်။

နှလုံးရောဂါကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ဒိန်းမတ် ကွင်းလယ် ကစားသမား ခရစ္စတီယန် အဲရစ်ခ်ဆင်ကို ဘရန့်ဖို့ဒ်မှာ ပြန်လည် မြင်တွေ့ရမယ့် အချက် ကလည်း ဒီပွဲစဉ်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာမီလန်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီး ဒိန်းမတ် လူမျိုး နည်းပြ သောမက်စ် ဖရန့်ခ် ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လာရောက် ပူးပေါင်းခဲ့တဲ့ အဲရစ်ခ်ဆင် ကို ဘောလုံး ပရိသတ် အားလုံးက မျှော်လင့်နေကြပေမယ့် ဒီပွဲမှာတော့ ကစားသမားရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် အရန်လူစာရင်းမှာပဲ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ ပတ်သတ်လို့ ပြောရမယ် ဆိုရင် ဆောင်းရာသီ နားရက် မတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားပြီး ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချက် ရှိတာက ခြေတက်နေတဲ့ ဆောက်သမ်တန်၊ ဝုဗ်နဲ့ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက် တို့လို အသင်းကြီးတွေကို ရှုံးခဲ့တာ ဖြစ်လို့ လက်ခံပေးလို့တော့ ရပါတယ်။ ဘရန့်ဖို့ဒ်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် မှာတော့ ပို့တ်ဗေးလ် အသင်းငယ်လေးကို ၁-၄ ရလဒ်နဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ဒဏ်ရာရ ပြသနာ ကင်းရှင်းသလောက် ရှိနေတဲ့ အချက်က သောမက်စ် ဖရန့်ခ်ရဲ့ အသင်း အတွက် အားတက်စရာ အခြေအနေ ဖြစ်ပြီး တိုနေး၊ အမ်ဘူမို၊ ကေးနော့စ်၊ အရှား၊ ဂျန်ဆန် တို့ကိုတော့ ပွဲထွက် လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ ၂၀၁၀ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၂ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံ ထားခဲ့ပြီး ၂ ကြိမ်စလုံးမှာ ဘရန့်ဖို့ဒ်က အနိုင်ရထားပါတယ်။ ပူပူနွေးနွေး လက်ရှိရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာလည်း ဘရန့်ဖို့ဒ်တို့ တိုနေးရဲ့ တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အဲဗာတန် vs ဘရန့်ဖို့ဒ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၂.၀၃ ဆ
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ အဲဗာတန် အတွက် ၂.၀၃ ဆ၊ သရေ အတွက် ၂.၁၃ ဆ၊ ဘရန့်ဖို့ဒ် အတွက် ၃.၀၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပေါက်ကြေး အရ ဆိုရင်တော့ ရွေးချယ်ရတာ နည်းနည်းတော့ စိတ်ပူစရာ ရှိနေနိုင်ပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်လို့ တစ်သင်းနဲ့ တစ်သင်း သိပ်မစိမ်းတဲ့ အခြေအနေမှာ အပြန်အလှန် ရှိလာနိုင်ပါတယ်။ ကစားအင်အား ပိုပြီး တောင့်တင်းပြီး အိမ်ကွင်း အားသာချက် ရှိနေတဲ့ ဖရန့်ခ် လမ်းပတ်ရဲ့ အဲဗာတန်ပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်