နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွမ်ဒိုအန်နဲ့ ဒီဘရိုင်းနား ဆက်ပြီး အသက်သွင်းနေတဲ့ ဆုဖလား ၄ လုံး မျှော်လင့်ချက် – အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

အဲဗာတန် ၀ – ၂ မန်ချက်စတာစီးတီး

ယနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ စီးတီးတို့ ဂွမ်ဒိုအန်၊ ကီဗင် ဒီဘရိုင်းနားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ လက်တလောမှာ ဖလား ၄ လုံး မျှော်လင့်ချက် ရှိနေပြီး ထုံးစံအတိုင်း ခြေစွမ်းပြ ကစားသမားတွေ ဖြစ်တဲ့ ဂွမ်ဒိုအန်နဲ့ ကီဗင်ဒီဘရိုင်းနား တို့က ဆက်လက် အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဲဗာတန်တို့ ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်၊ ကွင်းလယ်မှာ ဆီဂတ်ဆန်၊ ကိုးလ်မန်း၊ ဂိုမက်စ်၊ အဲလန်၊ ဒစ်ဂနေး၊ နောက်တန်းမှာ ဟောလ်ဂိတ်၊ မီနာ၊ ဂေါ့ဖရေး၊ ဂိုးမှာ ဗီဂျီနီယား တို့နဲ့ ပွဲထွက်လာပါတယ်။ မန်ချက်စတာစီးတီး ဘက်မှာတော့ ဂျီးဆုစ်၊ ဖိုဒန်၊ စတာလင်၊ ဂွမ်ဒိုအမ်၊ ဖာနန်ဒင်ဟို၊ ဘာနာဒိုဆေးလ်ဗား၊ ဇင်ချန်ကို၊ ရူဘင်ဒီးရာ့ဇ်၊ လာပေါ့တ်၊ ဝေါလ်ကာ၊ စတက်ဖင်တို့ ပါဝင်လာခဲ့ပါတယ်။ မန်ချက်စတာစီးတီး တို့ ပွဲစဉ်တစ်လျှောက် တစ်ချိန်လုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အဲဗာတန်ကတော့ အိမ်ကွင်းမှာ ကစားရပေမယ့် လုံးဝနလန်မထူနိုင်ခဲ့တာ တွေ့ရပါတယ်။ အစောပိုင်းမှာ မန်ချက်စတာစီးတီးတို့ အဲဗာတန် ဘက်ကို ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် သွင်းဂိုးတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။ မန်ချက်စတာစီးတီး အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၈၄ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ ဂွမ်ဒိုအန်နဲ့ ကီဗင်ဒီဘရိုင်းနား တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန် ကတော့ ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့တဲ့ အပြင် အက်ဖ်အေဖလား မှာလည်း ကွာတားဖိုင်နယ် အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနဲ့ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်စလုံး ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲရဲ့ ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် မန်ချက်စတာစီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုကတော့ ၁၅ ကြိမ်ရှိခဲ့ရာမှာ ၆ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း  ကွင်းလယ်က ဂွမ်ဒိုအန် ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီဘရိုင်းနား အနေနဲ့လည်း မိနစ် ၈၀ ကျော်မှ ဝင်ရောက်လာခဲ့ပေမယ့် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ အခုနိုင်ပွဲကြောင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဖလား ၄ လုံး အိမ်မက်ကို ဆက်ပြီး မျှော်လင့်နိုင်ခဲ့ပါတယ်။ အဲဗာတန် ကတော့ ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့တဲ့ အပြင် အက်ဖ်အေဖလား မှာလည်း ကွာတားဖိုင်နယ် အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ လာမယ့်ပွဲစဉ်အဖြစ် ဧပြီလ ၅ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိပြီး မန်ချက်စတာစီးတီးကတော့ လက်စတာစီးတီးနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်