နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲမရှိစံချိန်တင်ခဲ့ကြတဲ့ ဥရောပထိပ်သီးကလပ်များ

အခုတစ်ခါမှာတော့ SBOTOP ရဲ့ ဘောလုံးဝါသနာရှင်တွေ အတွက် သမိုင်းတစ်‌လျှောက် ဥရောပအမှတ်ပေးဖလားပြိုင်ပွဲ‌ တွေမှာ တစ်ရာသီလုံးရှုံးပွဲမရှိ စံချိန်တင်ထားနိုင်တဲ့ အသင်းတွေကို ဖော်ပြ‌ပေးသွားမှာ ဖြစ်ပါတယ်။ သမိုင်းအရ ပထမဦးဆုံးအကြိမ် ရာသီတစ်ခုလုံး ရှုံးပွဲမရှိစံချိန်ကို စတင်ရရှိခဲ့တဲ့ အသင်းကတော့ အင်္ဂလန်ကလပ် မြောက်ပရက်စတန်အသင်းဖြစ်ပါတယ်။ ပွဲပေါင်း ၂၂ပွဲဆက်ရှုံးပွဲမရှိပဲ “မရှုံးနိမ့်သူများ” ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့ပါတယ်။

အဲ့‌ဒီနောက် ခေတ်သစ်ဘောလုံးလောကမှာလည်း ရှုံးပွဲမရှိစံချိန်တွေတင်နိုင်ခဲ့တဲ့ ဥ‌ရောပကလပ်အသင်းတွေ တော်တော်များများပေါ်ထွက်လာခဲ့ပြီး အဲ့ထဲကမှ နာမည်ကြီးကလပ်အသင်း တချို့ရဲ့ ရှုံးပွဲမရှိစံချိန်တင်အောင်မြင်မှု တွေကို ဖော်ပြပေးချင်ပါတယ်။

 

ဆဲလ်တစ် (၆၉ပွဲ)

စကော့တလန် ပရီးမီးယားရှစ်ရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်း ဆဲလ်တစ်ကတော့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ နည်းပြ ဘရန်ဒန်ရော်ဂျာ ရဲ့‌လက်အောက်မှာ အမှတ်ပေးဖလားပြိုင်ပွဲနဲ့ ရှုံးထွက်နှစ်ခုပေါင်း စံချိန်တင် ၆၉ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ အခုမှတ်တမ်းဟာ  တကယ့်ကို အထင်ကြီးလေးစားဖို့ ကောင်းပေမယ့် ပရီးမီးယားလိဂ်ရဲ့ လွှမ်းမိုးမှု ခံထားရတဲ့ ဂလက်စဂို အခြေစိုက်ကလပ်ရဲ့ အောင်မြင်မှုကတော့ လူသိနည်းခဲ့ပါတယ်။ ပရီးမီးယားရှစ် ပွဲစဉ် ၃၈ပွဲမှာ ၃၄ပွဲ အထိ နိုင်ပွဲရခဲ့သရေ ၄ပွဲပဲသရေကျပြီး ၁၀၆မှတ်နဲ့ စကောတ့်တလန် ပရီးမီးယားရှစ်ချန်ပီယံ၊ စတော့တလန်ဖလား၊ စကော့တ်လန်လိဂ်ဖလား စတဲ့ ဖလား ၃လုံးချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ရှုံးပွဲမရှိတဲ့ ဆဲလ်တစ်ဟာ ၂၀၁၇ ဒီဇင်ဘာလ  ၁၇ရက်နေ့ ဟတ်ထ်ကို ၄-၀နဲ့ ရှံးနိမ့်ချိန်မှာ စံချိန်လည်း ကျိုးပျက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း စကော့တ်လန်ပရီးမီးယားရှစ်ကို ၉နှစ်ဆက်ရရှိပြီး အမှတ်‌ပေးဖလားကို ၅၁ကြိမ်ထိရယူနိုင်ခဲ့ပါတယ်။

 

အေစီမီလန် (၅၈ပွဲ)

နည်းပြဖေဘီယို ကာပယ်လို လက်ထက် ၁၉၉၁ ကနေ ၁၉၉၃ခုနှစ်အထိ အေစီမီလန်တို့  စီးရီးအေ ပွဲစဉ် ၃၄ပွဲအပါအ၀င် ၅၈ပွဲဆက် ရှုံးပွဲမရှိပဲ ၃ရာသီဆက် အမှတ်‌ပေးချန်ပီယံ ဖြစ်ခဲ့သလို ချန်ပီယံလိဂ် ဆုဖလားကိုလည်း ၅ကြိမ်မြောက်ရရှိခဲ့ပါတယ်။ နိုင်ပွဲ ၂၂ပွဲ၊သရေ ၁၂ပွဲရှိခဲ့ပြီးတော့ ဂူလစ်၊ ဗန်ဘက်စတန်၊ ရစ်ကဒ်၊ မာလ်ဒီနီ၊ အန်ဆယ်လော့တီတို့ရဲ့ အတောက်ပဆုံးအချိန်တွေလို့လည်း ပြောရမှာဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီး အေစီမီလန်ဟာ စီးရီးအေဆုဖလား ၁၈ကြိမ်သာရထား‌ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ၇ကြိမ်ထိချန်ပီယံဖြစ်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာတော့ အေစီမီလန်အသင်းအနေနဲ့ အဆင့် ၆နေရာမှာပဲရပ်တည်နိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းလိုပဲ ဂျူဗင်တပ်စ်ဟာ ၂၀၁၁-၁၂ ဘောလုံးရာသီက ၃၈ပွဲ ဆက်ရှုံးပွဲမရှိပဲ စီးရီးအေ ချန်ပီယံဆု ရရှိခဲ့ဖူးပါတယ်။ နည်းပြကွန်တီရဲ့ ဦးဆောင်မှုနဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိလာတဲ့ ဂျူဗင်တပ်စ်ဟာ လက်ရှိ အချိန်ထိ စကူဒက်တိုဖလားကို ၉နှစ်ဆက်ရရှိထားပါတယ်။

 

ပေါ်တို (၅၅ပွဲ)

ပေါ်တူဂီကလပ် ပေါ်တိုအသင်းဟာ ၂၀၁၀-၂၀၁ ၁ဘောလုံးရာသီမှာ ပွဲပေါင်း ၅၅ပွဲရှုံးပွဲမရှိပဲ ပရီးမီးယားလီဂါ ဖလားကိုရရှိခဲ့သလို ယူအီးအက်ဖ်အေ ယူရိုပါလိဂ်၊ ပေါ်တူဂီစူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား တို့ကို ရရှိခဲ့ပါတယ်။ ပေါ်တိုအသင်းဟာ ၂၇ပွဲအနိုင်ရပြီး ၃ပွဲသရေ၊ ရှုံးပွဲလုံး၀မရှိတဲ့ အသင်းအဖြစ်မှတ်တမ်း၀င်ခဲ့ပြီး ၁၉၇၂-၇၃ခုနှစ်က ဘင်ဖီကာ အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို လည်း လိုက်မှီသွားခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တိုအသင်းဟာ ပြိုင်ဘက် ဘင်ဖီကာကို ၂၁မှတ်ဖြတ်ပြီး ဆုဖလားရယူနိုင်ခဲ့တာဖြစ်သလို ရမှတ် ၈၄မှတ်ထိရရှိခဲ့ပါတယ်။ အဲ့ဒီနောက် နည်းပြဗစ်တာပရဲရားလက်ထက်မှာလည်းပြိုင်ပွဲစုံ ၅၅ပွဲဆက် ရှုံးပွဲမရှိစံချိန် ထပ်ရခဲ့ပြီးတော့ ပရီးမီးယားလီဂါနဲ့ ပေါ်တူဂီစူပါဖလားတို့ကို ရရှိခံ့ပါတယ်။

 

အေဂျက်စ် (၅၂ပွဲ)

နယ်သာလန်လိဂ် ရဲ့  အဓိကထိပ်သီးကလပ် နှစ်သင်း ကတော့ အေဂျက်စ်နဲ့ ပီအက်စ်ဗွီ တို့ပဲ ဖြစ်ပြီး ဆုဖလားတော်တော်များများကို ‌သိမ်းပိုက်ထားနိုင်ပါတယ်။ အရီဒီဗစ်ဆီလိဂ်ဖလား ၃၄ကြိမ်ထိရယူထားတဲ့ အေဂျက်စ် အသင်းဟာ ၁၉၉၄ကနေ ၁၉၉၆ခုနှစ်အတွင်း အချိန်ကာလတွေဟာ အတောက်ပဆုံးနေ့ရက် တွေပိုင်ဆိုင်ခဲ့ရပြီး ဗန်ဒါးဆား၊ ဆီးဒေါ့ဖ်၊ အဂ်ဂါဒေးဗစ်၊ ကလွိုင်ဗက်၊ ဒီဘိုးဝါး ညီအကို၊ ဂျာရီလစ်မာနန် တို့လိုကစားသမားကောင်းတွေလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။ အေဂျက်စ်ဟာ နှစ်နှစ်အတွင်း ၅၂ပွဲဆက်ရှုံးပွဲမရှိပဲ လိဂ်ဖလားနှစ်နှစ်ဆက်ရရှိခဲ့သလို ချန်ပီယံလိဂ်၊ အင်တာကွန်တီနန်ရှယ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား အားလုံးကို ၁၉၉၅ခုနှစ် တစ်နှစ်အတွင်းမှာပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အေဂျက်စ်အသင်းရဲ့ နည်းပြကတော့ နာမည်ကျော် ဗန်ဟားလ်ပဲ ဖြစ်ပါတယ်။

 

အာဆင်နယ် (၄၉ပွဲ)

ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးရှုံးပွဲမရှိပဲ ဆုဖလားရရှိထားတဲ့ တစ်သင်းတည်းသော အသင်းဟာ အာဆင်နယ်ဖြစ်ပါတယ်။ အာဆင်၀င်းဂါးလက်ထက် အာဆင်နယ်အသင်း ရဲ့ရွှေရောင်လွှမ်းခဲ့တဲ့ အချိန်တွေလို့ ပြောလို့ရပြီး သီဟာရီအွန်နရီ၊ ဘားကင့်၊ ပီးရက်ဇ်၊ ရီးယက်စ်၊ ဂီဘာတိုဆေးလ်ဗား၊ ယွန်းဘတ်၊ အက်ရှ်လေကိုးလ်၊ ကမ်းဘဲလ် တို့လို ကစားသမားကောင်းတွေနဲ့  ဖွဲစည်းထားခဲ့ချိန် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဖလားပြိုင်ပွဲ အပါအ၀င် ပြိုင်ပွဲစုံ ၄၉ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်ဟာ နိုင်ပွဲ ၂၆ပွဲ သရေ ၁၂ပွဲ ရမှတ်၉၀ နဲ့ ပရီးမီးယားလိဂ်သရဖူကို ရရှိခဲ့ပြီး အမှတ်တရ ရွှေရောင်ဖလားပါ ရရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ မြောက်ပရက်စတန်အသင်းပြီးရင် အင်္ဂလန်ကလပ်တွေထဲမှာ ဒုတိယအကြိမ်မြောက် “မရှုံးနိမ့်သူများ”အဖြစ်သတ်မှတ်ခံထားရတဲ့ အသင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ၁၃ကြိမ် ဖြစ်ထားပြီး တတိယ ‌အအောင်မြင်ဆုံး အသင်းဖြစ်ရပ်တည်နေတဲ့ အာဆင်နယ်ဟာ လက်ရှိမှာတော့ အောင်မြင်မှုရဖို့ ရုံးကန်နေရပါတယ်။ ဒီနှစ်ပိုင်းထဲမှာ ဖလားလက်မဲ့ရာသီတော်တော်များများ ဖြတ်သန်းခဲ့ရပေမယ့် အခုနှစ် အက်ဖ်အေဖလား ကိုတော့ ၁၄ကြိမ်အထိ စံချိန်တင်ရယူနိုင်ခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်