နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ မီလန်ဒါဘီမှာ အေစီကို အမိအရ လက်စားပြန်ချေတဲ့ အင်တာ – ကိုပါအီတလီယာ ကွာတားဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

အင်တာမီလန် ၂ – ၁ အေစီမီလန်

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မီလန်ဒါဘီ ကိုပါအီတလီယာ ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ဟာ ပြိုင်ဆိုင်မှု တော်တော်လေး ပြင်းထန်ခဲ့ပြီး တော်တော်လေးလည်း ကြည့်ကောင်းခဲ့ပါတယ်။ ဒီပွဲမှာတော့ အင်တာမီလန်တို့ ပွဲကစားချိန် တော်တော်များများ တစ်ယောက်အသာနဲ့ ကစားခဲ့ရပြီး ကွင်းလယ်လူ အဲရစ်ခ်ဆင်ရဲ့ နောက်ကျ ဖရီးကစ် သွင်းဂိုးနဲ့ အတူ ၂-၁ ရလဒ်နဲ့ အေစီမီလန်ကို အနိုင်ယူပြီး စီးရီးအေ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။

အေစီမီလန်တို့ အခုရှုံးပွဲကြောင့် ကိုပါအီတလီယာ ဖလားမှာ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဝေးကွာနေတဲ့ ဆုဖလားအောင်မြင်မှု အတွက် ယူရိုပါလိဂ်နဲ့ စီးရီးအေ တို့ကနေပဲ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။
ကိုပါအီတလီယာ ချန်ပီယံ ၇ ကြိမ်အထိ ဖြစ်ထားတဲ့ အင်တာမီလန်

ကိုပါအီတလီယာ ဖလားဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ဆုဖလား တစ်လုံး ဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ရေး အတွက် လူစာရင်း အပြည့်နဲ့ အားစိုက်ကစားခဲ့ကြပါတယ်။ အင်တာမီလန် ဘက်မှာ လူကာကူ၊ အလက်ဆစ်ဆန်းချက်ဇ်၊ ဘာရယ်လာ၊ ဘရိုဇိုဗစ်၊ ပယ်ရီဆစ်ချ်၊ ဒါမီယန်၊ ကိုလာရော့ဗ်၊ ဗီဒယ်၊ ဒါမီယန်၊ ဆစ်ခ်နေး၊ ဒီဗရစ်ဂျ်၊ ဟန်ဒါနိုဗစ်တို့ ပထမလူစာရင်းမှာ ပါဝင်ခဲ့ကြပြီး အေစီမီလန် ဘက်မှာတော့ တိုက်စစ်က အီဗရာဟီမိုဗစ် ဦးဆောင်ပြီး ရာဖေးလီယောင်၊ ရူဘင်ဒီးရာ့ဇ်၊ ဆယ်လီမေကာ့စ်၊ ကတ်ဆီ၊ မိုက်တီ၊ ဟာနန်ဒက်စ်၊ ရှား၊ ရိုမန်ဂိုလီ၊ ဒါးလော့တ်၊ တာတာရူဆာနူတို့နဲ့ ပွဲထွက်လာပါတယ်။ မီလန်ဒါဘီဖြစ်သလို ဆန်စီရို ကွင်းမှာပဲ ကစားခဲ့ရတာ ဖြစ်လို့ အိမ်ကွင်း-အဝေးကွင်း အားသာချက် မရှိခဲ့ပဲ အင်တာမီလန်တို့ အနေနဲ့ ပြိုင်ဘက်ကို ပိုမို ဖိကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ဦးဆောင်ဂိုး ရသွားခဲ့တာကတော့ အေစီမီလန် ဖြစ်ပြီး ပွဲချိန် ၃၁ မိနစ်မှာ မိုက်တီ ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် တိုက်စစ်မှူးကြီး ဇလာတန် အီဗရာဟီမိုဗစ်ချ်က အဝေးကန်ချက်နဲ့ အတူ လှလှပပ အဆုံးသတ် ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ အေစီမီလန်တို့ ခပ်ကြမ်းကြမ်း ကစားလာခဲ့လို့ မကြာခဏ ပြစ်ဒဏ်တွေ ကျူးလွန်ခဲ့တာ တွေ့ရပြီး ပထမပိုင်း အပြီး ကွင်းထဲက မထွက်ခွာခင် ဇလာတန်နဲ့ လူကာကူတို့ အချင်းများ ဆဲဆိုမှုတွေ တောင်ရှိခဲ့ပါတယ်။ ဒုတိယပိုင်း ၅၈ မိနစ် အရောက်မှာတော့ ပထမတစ်ဝါထိပြီးသား အီဗရာဟီမိုဗစ် နောက်ထပ် တစ်ဝါထပ်ထိခဲ့လို့ နှစ်ဝါတစ်နီနဲ့ ကွင်းထဲက ထွက်ခွာသွားခဲ့ရပါတယ်။ အဲ့နောက် တစ်ယောက်လျော့နဲ့ အေစီမီလန်တို့ အင်တာမီလန်ရဲ့ တိုက်စစ်ကို ခံကစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပဲ ၇၁ မိနစ်မှာ ပင်နယ်တီ ပေးခဲ့ရပြီး လူကာကူက ခပ်ပြင်းပြင်း ကန်သွင်းယူသွားခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ တစ်ဖက်သတ် ထိုးဖောက်မှုတွေကို ကြံကြံခံ ကာကွယ်နေရတဲ့ အေစီမီလန်တို့ ပွဲချိန် ကြာလာတာနဲ့အမျှ အမှားတွေ ဆက်တိုက် ကျူးလွန်မိခဲ့ကြပြီး မိနစ် ၉၀ အရောက်မှာ အင်တာမီလန်ကို ဂိုးဧရိယာထိပ်မှာ ပြစ်ဒဏ်ဘော ကန်ခွင့်ပြုခဲ့ရပြန်ပါတယ်။ ဒါကိုတော့ ကွင်းလယ်က အဲရစ်ခ်ဆင် ကန်သွင်းပြီး အဖိုးတန် အနိုင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့လို့ ပွဲအပြီးမှာ အင်တာမီလန်တို့ ၂-၁ ရလဒ်နဲ့ မဟာပြိုင်ဘက်ကို လက်စားချေနိုင်ခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ဒီနှစ်သင်းက ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာကတည်းက ရန်ပွဲတွေ ဖြစ်ဖို့ တာဆူနေခဲ့တာ ဖြစ်ပြီး အခုပွဲမှာတော့ အေစီမီလန်ရဲ့ ခပ်ကြမ်းကြမ်း ကစားဟန်ကြောင့် ပြစ်ဒဏ်ဘောတွေ၊ အဝါကတ်တွေ၊ အငြင်းပွားမှုတွေနဲ့ ပြည့်နှက်ခဲ့ရတာ ဖြစ်ပါတယ်။ လူကာကူနဲ့ ဇလာတန်တို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ဆဲဆိုရုံသာမက နစ်နစ်နာနာ ပြောဆိုမှုတွေတောင် ရှိခဲ့ပါတယ်။ ပွဲပြီး အချက်အလက်တွေ ပြန်ကြည့်မယ်ဆိုရင် အေစီမီလန်တို့ တစ်ပွဲလုံး ပြစ်ဒဏ်ဘော ကျူးလွန်မှု ၂၁ ကြိမ် တောင်ရှိခဲ့ပြီး အင်တာမီလန်ကတော့ ၈ ကြိမ်ပဲ ရှိခဲ့ပါတယ်။ နှစ်သင်းပေါင်း အဝါကတ် ၇ ကတ်အထိ ပြခံခဲ့ရပြီး အနီကတ် ၁ ကတ် ပြခံခဲ့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းအရ မှာလည်း အင်တာမီလန်တို့ အပြတ်အသတ် အသာရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၀ ကြိမ်အထိ ရှိခဲ့ပါတယ်။ အေစီမီလန်ကတော့ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၅ ကြိမ်သာ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်မှာ ၁ ဂိုးပြန်ရခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား တာတာရူဆာနူ ကတော့ ဂိုးပေါက်ကာကွယ်မှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး လက်စွမ်းပြခဲ့လို့ အေစီမီလန်တို့ ဒီလောက်နဲ့ပဲ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အေစီမီလန်တို့ အခုရှုံးပွဲကြောင့် ကိုပါအီတလီယာ ဖလားမှာ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဝေးကွာနေတဲ့ ဆုဖလားအောင်မြင်မှု အတွက် ယူရိုပါလိဂ်နဲ့ စီးရီးအေ တို့ကနေပဲ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ အင်တာမီလန်ကတော့ ဥရောပဖလား မျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရချိန်မှာ ပြည်တွင်းဆုဖလားတွေ ကို ပစ်မှတ်ထားလာပြီး လာမယ့် ကိုပါအီတလီယာ ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်စ် သို့မဟုတ် စပယ်လ်နဲ့ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရတော့မှာ ဖြစ်ပါတယ်။ လာမယ့်ရက်မှာတော့ အင်တာမီလန်အနေနဲ့ ဘန်နီဗန်တိုနဲ့ ကစားရဖို့ ရှိပြီး အေစီမီလန်ကတော့ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်