နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ရှင်နဲ့ သွင်းဂိုး အနည်းကို ရွေးချယ်ထားတာ အမှန်ကန်ဆုံး ဖြစ်လိမ့်မယ် | ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – နော့ဝှစ်ချ်စီးတီး (အက်ဖ်အေဖလား ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs နော့ဝှစ်ချ်စီးတီး 

 ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်နဲ့ နော့ဝှစ်ချ်စီးတီးတို့ ကစားမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ကလည်း မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲတွေထဲမှာ ပါဝင်နေပါတယ်။ လက်ရှိမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေကြသလို ထိပ်တိုက် တွေ့ဆုံချိန်တိုင်း မှာလည်း အကြိတ်အနယ် ကစားကြတဲ့ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။

ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် ကတော့ နည်းပြ ဘရူနို လာဂါရဲ့ လက်အောက်မှာ အရင်လို ကောက်ရိုးမီး မဟုတ်တော့ပဲ ပုံမှန် ခြေစွမ်းတစ်ခုကို ထိန်းထားနိုင်တဲ့ အသင်း ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ပွဲစဉ် တချို့မှာ ခြေချော်ခဲ့တာနဲ့ အသင်းကြီးတွေကို အရေးနိမ့်ထားခဲ့တာ ကလွဲရင် နိုင်သင့် နိုင်ထိုက်တဲ့ ပွဲတွေကို အမှားအယွင်း မရှိ အကောင်းဆုံး ကျော်ဖြတ်နေတယ်လို့ ပြောရပါမယ်။ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၅ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ သရေ၊ ယူနိုက်တက်၊ ဘရိုက်တန်၊ ဆောက်သမ်တန်၊ ဘရန့်ဖို့ဒ် အသင်းတွေကို အနိုင်ရထားခဲ့တဲ့ ခြေစွမ်းအရ ဆိုရင် ဝုဗ်ဟာ ခံစစ်၊ တိုက်စစ် မျှမျှတတ ကစားနိုင်ပြီး အသင်းလိုက် စုဖွဲ့မှု အားကောင်းနေတယ်လို့ သုံးသပ်လို့ ရပါတယ်။ ဝုဗ်ဟာ အက်ဖ်အေဖလား တတိယ အဆင့်မှာလည်း ရှက်ဖီးလ်ယူနိုက်တက်ကို ၃ ဂိုးပြတ် ရလဒ်နဲ့ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ လက်တလော အသင်းမှာ မော့စ်ကီယာ၊ နီတို၊ ဘိုလီ တို့ကလွဲရင် ကျန်အဓိက ကစားသမားတွေ အားလုံး ပွဲထွက်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး အာဖရိကဖလား ပြိုင်ပွဲ ကနေ ပြန်လာတဲ့ ဆာအိစ် အပါအဝင် ရာအူးလ် ဂျင်မီနက်ဇ်၊ ဟီချန်ဟွမ် တို့ကတော့ ပွဲထွက် ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် တိုက်စစ်မှာ ဖေဘီယို ဆေးလ်ဗား ဦးဆောင်လာနိုင်ပြီး နူရီ၊ ထရင်ကာအို၊ ပိုဒန့်စ်၊ နီးဗက်စ်၊ ဆီမီဒို၊ ကေးလ်မန်း၊ ကိုဒီ၊ တိုတီ၊ ရူဒီ တို့ကလည်း ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ များနေပါတယ်။

ဝက်စ်ဟမ်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ဒင်းန်စမစ်ရဲ့ အသင်းဟာ အက်ဖ်အေဖလား တတိယအဆင့်မှာ ချာလ်တန်ကို အနိုင်ယူ ကျော်ဖြတ်ခဲ့သလို အဲဗာတန်ကို ၂-၁၊ ဝက်ဖို့ဒ်ကို ၀-၃ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားခဲ့တဲ့ နော့ဝှစ်ချ်စီးတီး

ဒင်းန်စမစ် ပြန်လည် တည်ဆောက်နေတဲ့ နော့ဝှစ်ချ်စီးတီး ကတော့ အဆိုးဆုံး အခြေအနေတွေက ရုန်းထွက်ပြနေပြီး တစ်ပွဲထက် တစ်ပွဲ ပုံစံကောင်း ရလာတာ တွေ့ရပါတယ်။ ဒီဇင်ဘာ တစ်လလုံး ရဂိုး မရှိပဲ ရှုံးပွဲတွေ ဆက်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ထဲမှာတော့ နိုင်ပွဲတွေ ပြန်ရလာခဲ့တဲ့ နော့ဝှစ်ချ်စီးတီး အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။ ဝက်စ်ဟမ်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ဒင်းန်စမစ်ရဲ့ အသင်းဟာ အက်ဖ်အေဖလား တတိယအဆင့်မှာ ချာလ်တန်ကို အနိုင်ယူ ကျော်ဖြတ်ခဲ့သလို အဲဗာတန်ကို ၂-၁၊ ဝက်ဖို့ဒ်ကို ၀-၃ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ လက်တလော ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ထားနိုင်လို့ တစ်သင်းလုံး စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံး အခြေအနေမှာ ရှိနေနိုင်ပါတယ်။ လက်ရှိမှာ ပုံမှန် ခြေစွမ်း ပြန်ရနေတဲ့ နော့ဝှစ်ချ်စီးတီးတို့ အခုပွဲမှာ လူပို စုံလာဖို့ ရှိတာကြောင့် တီမူ ပွတ်ကီ၊ အီဒါ့၊ လီးစ် မီလူ၊ ရာရှီကာ၊ နော်မန်၊ ဂေးလ်မော တို့ အစုအဖွဲ့က ဘယ်လောက် အတိုင်းအတာ အထိ လုပ်ပြနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။  


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ်မှာ ၄ ကြိမ်စီ အနိုင်ရထားပြီး ၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာတော့ ဝုဗ်တို့ နော့ဝှစ်ချ်ကို လုံးဝ ရှုံးနိမ့်ထားခဲ့ခြင်း မရှိပဲ ၃ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားခဲ့ပါတယ်။ ဒီနှစ် အတွင်း ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ နော့ဝှစ်ချ်စီးတီး အိမ်ကွင်းမှာ ၀-၀ ရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ 

??
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs နော့ဝှစ်ချ်စီးတီး အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၆၀ ဆ
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ဝုဗ် အတွက် ၁.၆၀ ဆ၊ သရေ အတွက် ၃.၆၀ ဆ၊ နော့ဝှစ်ချ်စီးတီး အတွက် ၄.၇၀ ဆ ပေးထားတာ တွေ့ရပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားခဲ့သလိုပဲ ဒီတစ်ကြိမ် မှာလည်း နှစ်သင်းပေါင်း သွင်းဂိုး အနည်း ဘက်ကို ဦးတည်နိုင်ချေ ရှိနေပါတယ်။ လက်တလော ပုံစံကောင်းရနေတဲ့ အသင်းတွေ ပီပီ အနိုင်ရလဒ် ကိုပဲ မျှော်လင့်လာမှာ ဖြစ်ပေမယ့် ရွေးချယ်မှု တစ်ခု အနေနဲ့ ဆိုရင်တော့ အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား ပိုပြီး ပိုင်ဆိုင်ထားတဲ့ ဝုဗ်ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အိမ်ရှင်တို့ အနိုင်ရဖို့ မျှော်လင့်ထားရအောင်ပါ။

ခန့်မှန်းရလဒ်(၁-၀) 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်