နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်စတွန်ဗီလာ ဘက်မှာ ရပ်တည်တာကပဲ စိတ်ချရပါလိမ့်မယ် | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – ဝက်စ်ဟမ်း

အခုတစ်ပတ် စနေနေ့ မှာတော့ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ အက်စတွန်ဗီလာက ဝက်စ်ဟမ်းကို ဗီလာပါ့ခ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နှစ်သင်း တွေ့ဆုံနေတဲ့ ပွဲစဉ် ဖြစ်တာကြောင့်တော့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် မြင်တွေ့ရဦးမှာပါ။

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေပြီးတော့ နိုင်လိုက် ရှုံးလိုက်၊ သရေကျလိုက် ဖြစ်နေပါတယ်။ ဗီလာက ပရီးမီးယားလိဂ် အပြင် ချန်ပီယံလိဂ် ကိုပါ အာရုံစိုက်နေရလို့ ရလဒ်ပိုင်းကို ထိခိုက်မှုတွေ ရှိနေတဲ့ သဘောပါပဲ။ နောက်ဆုံး ၅ ပွဲမှာ ဗီလာက မန်စီးတီးကို နိုင်ပေမယ့် ဖောရက်စ်နဲ့ ကာဆယ် တို့ကို ရှုံးခဲ့သလို ဘရိုက်တန် ကိုလည်း သရေပဲ ကစားနိုင်ခဲ့ပါတယ်။ ဗီလာ အတွက် အက်ဖ်အေဖလား လို ရှုံးထွက် ပြိုင်ပွဲတွေက ဆုဖလား မျှော်လင့်ချက် ပိုပြီး ရှိနေတာကြောင့် အမှားခံမယ် မထင်ပါဘူး။

ဝက်စ်ဟမ်း ကတော့ ရလဒ်ကောင်းတွေ ရှာမပေးနိုင်တဲ့ နည်းပြ လိုပယ်တယ်ဂွီနဲ့ လမ်းခွဲ ပြီးတော့ ဂရေဟမ် ပေါ်တာကို အစားထိုး ခန့်အပ်ထားခဲ့ပါတယ်။ ဒီပွဲကိုတော့ ဂရေဟမ် ပေါ်တာ စတင် ကိုင်တွယ်မလား။ ယာယီ နည်းပြပဲ ကိုင်တွယ်မလား ဆိုတာတော့ မသိရသေးပါဘူး။ ဝက်စ်ဟမ်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဆောက်သမ်တန် တစ်သင်း ကိုသာ အနိုင်ရခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ်တွေချည်း ရှုံးထားပါတယ်။ ဝက်စ်ဟမ်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိတာကြောင့်တော့ လျှော့တွက်လို့ မရပါဘူး။ နည်းပြ အပြောင်းအလဲလည်း ရှိထားတာကြောင့် ဝက်စ်ဟမ်းတို့ နလံပြန်ထနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို အက်စတွန်ဗီလာ ဘက်က ဒီယေဂို ကားလို့စ်၊ မက်ဂင်းန်၊ ပါအူ တောရက်စ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်း မှာလည်း အီမာဆင်၊ ဘိုဝင်၊ ဖေဘီယန်စကီး၊ အန်တိုနီတို့ ပါဝင်နိုင်မှာ မဟုတ်လို့ အတိုင်းအတာ တစ်ခု အထိ အားနည်းနေဦးမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဗီလာရော၊ ဝက်စ်ဟမ်းပါ အက်ဖ်အေဖလား ကို အခု တတိယအဆင့်မှသာ စတင် ကစားရတာ ဖြစ်လို့ စောစောစီးစီး ထွက်ခွာချင်ကြမှာ မဟုတ်ပါဘူး။
နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲဆက် ဂိုးပြတ် ရှုံးထားတဲ့ ဝက်စ်ဟမ်း

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ဘိုဂါဒီ၊ ကွန်ဆာ၊ မင်းဂ်၊ မတ်ဆန်၊ ဘာကလီ၊ အိုနာနာ၊ ဘိုင်လီ၊ ဘူအန်ဒီရာ၊ ရမ်ဆေး၊ ဝက်ကင်န်

ဝက်စ်ဟမ်း – အာရီယိုလာ၊ ဝမ် ဘစ်ဆာခါ၊ အမ်ဗရိုပါးနို့စ်၊ ကေးလ်မန်း၊ ခရက်စ်ဝဲလ်၊ ဆိုချက်ခ်၊ ရိုဒရီဂွက်ဇ်၊ ကူဒု့စ်၊ ပါကေးတား၊ ဆမ်းမားဗီးလ်၊ ဖူးလ်ခရက်ဂျ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဗီလာရော၊ ဝက်စ်ဟမ်းပါ အက်ဖ်အေဖလား ကို အခု တတိယအဆင့်မှသာ စတင် ကစားရတာ ဖြစ်လို့ စောစောစီးစီး ထွက်ခွာချင်ကြမှာ မဟုတ်ပါဘူး။ ဒီနှစ်သင်းက ၂၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဗီလာက ၆ ကြိမ်နိုင်၊ ဝက်စ်ဟမ်းက ၉ ကြိမ် နိုင်ပြီး ၇ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အက်စတွန်ဗီလာက ၂ ကြိမ်နိုင်၊ ဝက်စ်ဟမ်းက ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဗီလာပါ့ခ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဗီလာက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီ ဝက်စ်ဟမ်းက ၃ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၅၈ ဆ၊ ဝက်စ်ဟမ်း နိုင်ရင်တော့ ၄.၂၁ ဆ၊ သရေ ဆိုရင်တော့ ၃.၆၈ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အက်စတွန်ဗီလာက တစ်လုံး တစ်ဝက်စား ကြေးမျိုး ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ အဓိက ပြိုင်ပွဲ တစ်ခု မဟုတ်တာကြောင့်တော့ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာနိုင်တာကို သတိပြုရပါမယ်။ ဗီလာက ဒီပွဲ ပြီးရင် ပရီးမီးယားလိဂ် မှာရော၊ ချန်ပီယံလိဂ် မှာပါ အရေးကြီးတဲ့ ပွဲတွေ ကစားရဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ ဖိအား ဆိုလို့ တန်းဆင်းဇုန် အန္တရာယ်ပဲ ရှိပါတယ်။ နောက်ပြီး ဝက်စ်ဟမ်းက ဗီလာပါ့ခ် မှာဆိုရင် နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့တာ တွေ့ရပါတယ်။ ဗီလာတို့ ပါးပါးနပ်နပ် ကစားပြီး ဝက်စ်ဟမ်းကို အနိုင်ယူ ကျော်ဖြတ်သွားမယ့် ပွဲပါ။ ဂိုးတော့ မပြတ်နိုင်ပါဘူး။

ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၁ ဝက်စ်ဟမ်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်