နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရာဇီးလ် စီးရီးအေဆီ ခြေဦးလှည့်ဖို့ ပြင်နေတဲ့ ဂျက်ဆီ လင်ဂတ်

မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ဂျက်ဆီ လင်ဂတ်ရဲ့ ကမ္ဘာပတ် ခြေဆန့်နေတဲ့ ကစားသမားဘဝဟာ အခုဆိုရင် ၄ နှစ်တာ ကာလထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆိုရင် လင်ဂတ်ဟာ ဘရာဇီးလ် စီးရီအေဆီ ခြေဦးလှည့်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဟာ အသင်းကြီးမှာ နေရာရဖို့ အချိန်အတန်ကြာ ကြိုးစားခဲ့ရသူပါ။ ဒါပေမယ့် သူခြေစွမ်းပြခဲ့တဲ့ အချိန်အတော အတွင်း မှာတော့ ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကိုယ်စားပြုခွင့်ရခဲ့တာက အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ လွှမ်းမိုးနိုင်မှုကို သက်သေပြခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ တောက်ပမှုတွေဟာ အချိန်တို အတွင်းမှာပဲ မှေးမှိန်ခဲ့ရပါတယ်။

ဝက်စ်ဟမ်း အသင်းမှာ အငှားနဲ့ သွားရောက် ကစားစဉ်က တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့လို့ ထိပ်တန်း အဆင့်ကို ပြန်တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒါတွေက ခဏတာ ပေါက်ကွဲထွက်လာတဲ့ သူရဲ့ နောက်ဆုံး လက်ကျန် ခြေစွမ်းကောင်း တစ်ခုသာ ဖြစ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မှာတော့ လင်ဂတ်က ဥရောပ ပြင်ပက တခြားသော ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ကေလိဂ် ကလပ် အက်ဖ်စီဆိုးလ်ဆီကို ထူးထူးခြားခြား ပြောင်းရွှေ့ခဲ့ပါတယ်။ အခု ၂၀၂၅ ခုနှစ်ကုန် မှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ အသက် ၃၃ နှစ် အရွယ် လင်ဂတ်ဟာ စိန်ခေါ်မှု အသစ်တွေ ရရှိနိုင်မယ့် ကလပ် အသင်းကို ထပ်မံ ရှာဖွေနေတယ်လို့ သိရပါတယ်။

လင်ဂတ်ဟာ သူရဲ့ နာမည်ကျော် “ Milly Rock” အောင်ပွဲခံမှုတွေနဲ့ ဝေးကွာနေပြီ ဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်မှာ တောင်ကိုရီးယား ဘောလုံးလောက အတွက် အကြီးမားဆုံး ခေါ်ယူမှု ဖြစ်ခဲ့သလို ခြေစွမ်းပိုင်း မှာလည်း စိတ်မပျက်စေခဲ့ပါဘူး။ အက်ဖ်စီဆိုးလ်မှာ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပွဲပေါင်း ၆၀ မှာ ၁၆ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဆီ ပြန်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်တွေ့ မှာတော့ ဘရာဇီးလ်လိဂ်ကို သွားဖို့ ပိုမို နီးစပ်နေပါတယ်။ Globo ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ် စီးရီးအေကို တန်းတက်လာတဲ့ ရီမို အသင်းဟာ လင်ဂတ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး သဘောတူညီမှု ရဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဆွေးနွေးမှုတွေဟာ သီတင်းပတ်နဲ့ချီ ကြာမြင့်နေပြီး ၂၀၂၆ ဘောလုံးရာသီကုန် အထိ စာချုပ်ချုပ်ဆိုဖွယ် ရှိနေပါတယ်။

ရီမို အသင်းဟာ ဘရာဇီးလ် စီးရီးအေဆီ ပြန်လည် တက်လှမ်းလာတာ ဖြစ်ပြီး သူတို့ရဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံး ရလဒ်က အဆင့် (၇) သာ ရရှိခဲ့ဖူးပါတယ်။ ဆုဖလား ကြီးကြီးမားမား ရယူနိုင်ခြင်း မရှိသေးတဲ့ ဒီအသင်း အတွက် လင်ဂတ်ကို ခေါ်ယူနိုင်တာဟာ အင်မတန်ကြီးမားတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်လာမှာပါ။

“ဂျက်ဆီဟာ ဉာဏ်ရည် ထက်မြက်တဲ့ ကစားသမား တစ်ယောက်ပါ။ အဲဒီဉာဏ်ရည်ကို သူရဲ့ စွမ်းအင်၊ အရည်အချင်းတွေနဲ့ ပေါင်းစပ်လိုက်ရင် အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ့်သူပါ။ သူဟာ အသင်းသားတွေကြားမှာ လူချစ်လူခင်ပေါတဲ့သူ ဖြစ်သလို သူ စာချုပ်သစ်ချုပ်လိုက်လို့ ကျွန်တော် အရမ်း ဝမ်းသာပါတယ်။” လို့ ၂၀၁၇ ခုနှစ်မှာ ဟိုဆေး မော်ရင်ညိုက ချီးကျူးခဲ့ဖူးပါတယ်။

လင်ဂတ်ရဲ့ အကောင်းဆုံး အခိုက်အတန့် ကတော့ ၂၀၁၆ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ဂိုး သွင်းပြီး ဗန်ဟားလ်ရဲ့ နောက်ဆုံးပွဲမှာ ဖလားရအောင် ကူညီပေးခဲ့တာပါ။ မော်ရင်ညိုရဲ့ ပွဲဦးထွက်ရာသီမှာ ဂိုးသွင်းနှုန်း နည်းခဲ့ပေမယ့် ယူနိုက်တက်က သူ့ရဲ့ အလားအလာကို ယုံကြည်ပြီး စာချုပ်သက်တမ်းတိုးခဲ့တာဟာ မှန်ကန်ကြောင်း နောက်ပိုင်းမှာ သက်သေပြနိုင်ခဲ့ပါတယ်။

လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ၂၃၂ ပွဲ ကစားခဲ့ပြီး ၃၅ ဂိုး သွင်းကာ ဂိုးဖန်တီးမှု: ၂၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ဆုဖလား အောင်မြင်မှု အနေနဲ့တော့ အက်ဖ်အေဖလား၊ ယူရိုလိဂ်နဲ့ ကွန်မြူနတီဒိုင်း (တစ်ကြိမ်စီ) ရရှိခဲ့ဖူးပါတယ်။

၂၀၁၇-၂၀၁၈ ရာသီဟာ သူ့အတွက် အကောင်းဆုံးနှစ် ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၁၃ ဂိုး အထိ ပါဝင် ပတ်သက်ခဲ့ပါတယ်။ အိုလီဂန်နာ ဆိုးလ်ရှား လက်ထက်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာပြီး နောက်ပိုင်း မှာတော့ သူ့ရဲ့ နေရာဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရပါတယ်။

လင်ဂတ်ဟာ ထိပ်တန်း ဖန်တီးရှင်မျိုး ဒါမှမဟုတ် ကြံ့ခိုင်မှု အလွန်ကောင်းတဲ့ ကစားသမားမျိုး မဟုတ်ပေမယ့် သူရဲ့ ဗီဇနဲ့ အချိန်ကိုက် နေရာယူတတ်မှုတွေက ယူနိုက်တက် အတွက် တော်တော်လေး တန်ဖိုး ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက် ကနေ ထွက်ခွာတဲ့ အချိန် မှာတော့ သူဟာ အသင်း အတွက် ၂၃၂ ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၅၆ ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်