နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗင်တပ်စ်ပဲ အနိုင်ရပြီး ဗိုလ်လုပွဲတက်မယ် – ကိုပါအီတလီယာ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် vs အင်တာမီလန်

အင်တာမီလန် ၁ – ၂ ဂျူဗင်တပ်စ် (ပထမအကျော့ရလဒ်)

စီးရီးအေ ထိပ်သီးနှစ်သင်းရဲ့ ကိုပါအီတလီယာ ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ပထမအကျော့တုန်းက ဂျူဗင်တပ်စ်တို့ အင်တာမီလန် ကွင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပြီး အခုပွဲကလည်း အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ ရာသီအစမှာ ရုန်းကန်ခဲ့ရသမျှ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ပုံစံကောင်းတစ်ခုပြန်ရပြီး ပြိုင်ပွဲစုံမှာ ဂိုးပြတ်နိုင်ပွဲတွေ ရရှိနေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရခဲ့ပြီး အနည်းဆုံး ၂ ဂိုးပြတ် ရလဒ်တွေနဲ့ တောက်လျောက် အနိုင်ရထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာလည်း အင်တာမီလန်ကို ခြေစွမ်းအသာနဲ့ ကစားခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့ အဝေးကွင်းမှာတောင် အနိုင်ရခဲ့ပါတယ်။ တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ မသိမသာ ခြေကျလာတယ် ထင်ရပေမယ့် ဂျူဗီတို့ အတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေဆဲ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ ဂျူဗင်တပ်စ်တို့ ရလဒ်တွေ ကောင်းနေတဲ့ နောက်ထပ် သော့ချက်တစ်ခုက ခံစစ်နဲ့ ကွင်းလယ် တောင့်တင်းလာတာကြောင့် ဖြစ်ပြီး ဘိုနူချီ၊ ချီလီနီ တို့ဗဟိုခံစစ် အတွဲရဲ့ မာကျောမှုက နောက်ဆုံး ၆ ပွဲမှာ ၁ ဂိုးသာ ပေးထားရပါတယ်။ အခုပွဲမှာလည်း ဒဏ်ရာရ/ပွဲပယ်ကင်းရှင်းနေတဲ့ အချက်က အိုးလ်လေဒီတို့အတွက် အားရှိစရာ ဖြစ်ပြီး အင်တာမီလန်လို အသင်းကို အဆုံးအဖြတ် ရင်ဆိုင်ရာမှာ အဘက်ဘက်က အသာစီးရနေစေပါတယ်။

 
အင်တာမီလန်ကလည်း ဒီရာသီမှာ လော်တာရိုမာတီနက်ဇ်၊ လူကာကူတို့ရဲ့ တိုက်စစ်ရဲ့ အစွမ်းပြမှုနဲ့အတူ ခြေစွမ်းတော်တော်လေး ထက်မြတ်နေပြီး ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်စွမ်း ရှိနေပါတယ်။ ဒါပေမယ့် ကွန်တီရဲ့ နည်းစနစ်ပိုင်းနဲ့ ကစားသမားတွေရဲ့ အနိုင်ရလိုစိတ်ပေါ်တော့ မူတည်နေလို့ သိပ်ပြီး ယုံကြည်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ အင်တာမီလန်တို့ တစ်ဖက်မှာလည်း စီးရီးအေ တကျော့ပြန် ချန်ပီယံ ဖြစ်ရေး အေစီမီလန် နောက်ကနေ အသည်းအသန် လိုက်နေရလို့ ကိုပါအီတလီယာကို သိပ်ပြီး အာရုံမစိုက်နိုင်ဘူးဆိုတာ ပထမအကျော့ ခြေစွမ်းကို ကြည့်ရင် သိနိုင်ပါတယ်။ အခုပွဲအတွက်ကိုတော့ ကွင်းလယ်က အားကိုးရတဲ့ ဗီဒယ် ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာလို့ အင်တာမီလန်ကို အဝေးကွင်းမှာ ရုန်းကန်ရစေနိုင်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အင်တာမီလန်တို့ တစ်ဖက်မှာလည်း စီးရီးအေ တကျော့ပြန် ချန်ပီယံ ဖြစ်ရေး အေစီမီလန် နောက်ကနေ အသည်းအသန် လိုက်နေရလို့ ကိုပါအီတလီယာကို သိပ်ပြီး အာရုံမစိုက်နိုင်ဘူးဆိုတာ ပထမအကျော့ ခြေစွမ်းကို ကြည့်ရင် သိနိုင်ပါတယ်။
ကိုပါအီတလီယာ ချန်ပီယံ ၇ ကြိမ် ဖြစ်ထားတဲ့ အင်တာမီလန်

ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ ဒီရာသီ မှာ နှစ်ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ဖြစ်ပါတယ်။ စီးရီးအေမှာ အင်တာမီလန်က ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပြီး ကိုပါအီတလီယာမှာတော့ ဂျူဗင်တပ်စ်က ၁-၂ နဲ့ ဆန်စီရိုမှာ ပြန်လည် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာတော့ ဂျူဗင်တပ်စ်တို့ ၃ ကြိမ် အနိုင်ရပြီး အင်တာမီလန် ကတော့ ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် – အင်တာမီလန် အချိန်ပြည့် 1X2 အိမ်ရှင် @ 2.62
ဖေဖော်ဝါရီလ ၁၀ ရက်, ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၇၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၅၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်ရဲ့ ကွာခြားချက်က စီးရီးအေမှာ အင်တာမီလန်က ချန်ပီယံမျှော်လင့်ချက် ပိုရှိနေပြီး ဂျူဗင်တပ်စ်ကတော့ ကိုပါအီတလီယာမှာ မျှော်လင့်ချက် ပိုရှိနေပါတယ်။ အကယ်၍ ဂျူဗင်တပ်စ်သာ ဒီပွဲကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် နာပိုလီ၊ အတ္တလန်တာ တို့တစ်သင်းသင်းနဲ့ တွေ့ဆုံရမှာဖြစ်လို့ ကျိန်းသေပေါက် အာရုံစိုက် ကစားလာဖို့ များပါတယ်။ ဂျူဗင်တပ်စ်ပဲ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်